NEWS

TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ

CoverLogo
358 Views
 
TMA အထည်ချုပ်စက်ရုံပါရှင့်။ စက်ရုံက လှိုင်သာယာ၊စက်မှုဇုန် ၄ ၊ မြဝတီမင်းကြီးလမ်းမှာရှိပါတယ်။ စက်ရုံက လိုင်း ၁၊ ၂၊ ၃ ရဲ့ အောစူပါ ဒေါ်သီတာစိုး က တစ်ကဒ်ကြေးတွေကို အပြည့်အဝမပေးဘဲ လတိုင်း ဖြတ်ဖြတ်စားနေတာ ကြာနေပါပြီ။ ပွိုင့်ကြီးလည်း နိုင်အောင်ချုပ်နိုင်ပါရဲ့ ၊ ရက်လည်း မှန်ပါရဲ့နဲ့ မပေးဘဲ၊ သူနဲ့အဆင်ပြေတဲ့သူပဲ ပေးနေတာပါ။
အလုပ်သမားတွေလည်း အောစူပါနဲ့ အဆင်မပြေပြီး ဝင်လိုက် ၊ ထွက်လိုက်က အမြဲဖြစ်နေတာပါ။
 
လိုင်းထဲက သူငယ်ချင်ဆို ၁၂ လပိုင်းက အလုပ် ထွက်တာကို၊ အလုပ်ထွက်လို့ဆိုပြီး တစ်ကဒ်ကြေး ခုနှစ်သောင်း ကျော်ကို မပေးဘဲ မရဘူးဆိုပြီး ပြောပါတယ်။ တစ်ခါတစ်လေကျရင်လည်း စက်ရုံက မပေးသလို ပြောပါတယ်။ တကယ်တော့ ရုံးခန်းက အကုန် အပြည့်အဝပေးထား ပြီးသားပါ ။
 
တစ်ကဒ်ကြေးတွေ ဖြတ်စားနေတာ လအတော်ကြာနေပါပြီ။ အဲ အောစူပါက စရိုက်အရမ်းဆန်ပါတယ်။ တစ်ခုခုဆို မသိလို့မေးရင် ဆဲဆိုလွှတ်ပါတယ်။ အမြဲတမ်းရုံးခန်းနဲ့ပဲ ကိုင်ပေါက်ပါတယ်။ စက်ရုံက လျော်ကြေးပေးပြီး ထုတ်အောင် တမင်လုပ်နေတာတွေလည်းရှိ ပါတယ် ။ ညီမသူငယ်ချင်းတွေ လိုင်းထိပ်က QCတွေကိုလည်း ပယ်ချလို့ အမြဲခြိမ်းခြောက် ပြောဆိုခံရပါတယ်။ အောက်လမ်းနဲ့လုပ်သတ်မယ်ဆိုပြီး အမြဲ ခြိမ်းခြောက်ပါတယ်။
 
QCတွေလည်း သူ့လိုင်းကျရင် ဘယ်သူမှမလုပ်ချင်ကြဘူးဖြစ်နေပါတယ်ရှင်။ သူ့ရဲ့တပည့်ရင်း လိုင်း ၂ စူပါလည်း သူ့အတိုင်းပါပဲ။ ဝင်လာတဲ့လူသစ်မှန်သမျှလည်း အောစူပါနဲ့စူပါကြောင့် ဘယ်နှစ်ရက်မှ မခံကြပါဘူး။
 
အဆိုးဆုံးကတော့ သူနဲ့အဆင်ပြေတဲ့သူ့လူတွေကိုဘဲ နေရာပေးပါတယ် ။ တစ်ကဒ်ကြေးပေးပါတယ် ၊ သူ ခွဲခြားဆက်ဆံခံနေမှာ ။ လိုင်းထိပ်က အထည်စစ်တွေဆိုလည်း မျက်ရည်နဲ့ မျက်ခွက်ပါ။
ကျေးဇူးပြုပြီး ညီမတို့ နစ်နာနေတာတွေကို ကူညီပေးပါနော် ။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026