NEWS

Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ

CoverLogo
390 Views
 
ညီမတို့အခက်အခဲကိုတင်ပြချင်လို့ပါ။
 
ညီမတို့က Hundred Garment အထည်ချုပ်က အလုပ်သမားတွေပါ။ စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သဘာဝ မှတ်တိုင်မှာပါ။ စက်ရုံမှာ လူဦးရေ 400 ကျော်လောက်ရှိပြီး X shelter အင်္ကျီ၊ ဘောင်းဘီတွေ ချုပ်ပါတယ် ။ စက်ရုံမှာ မတရားတာတွေ ရင်ဆိုင်နေရတာ အရမ်းကြာနေပါပြီ။
 
ညီမတို့ကို စက်ရုံမှူး စကားပြန်က အမျိုးမျိုးဖိနှိပ်ပါတယ်။ အခုဆို သင်္ကြန်ရက်မှာ အဲဒီ စကားပြန်က ဖိအား ပေးပြီးအချိန်ပို့ အတင်းဆင်းခိုင်း နေပါတယ်။ စက်ရုံက နည်းပညာကျွမ်းကျင် တရုတ်တွေကလည်း ဖိအားပေးပါတယ်။
စက်ရုံထဲက ဌာနတွေမှာ စကားပြန်နဲ့ ပတ်သတ်တဲ့ ဆွေမျိုးတွေ ရှိပါတယ်။
 
အဲ့ဒီ အမျိုးတွေနဲ့ တခုခု ပြသနာရှိရင်၊ ထိခိုက်ရင် အလုပ်သမားတွေကို အော်ဆဲပါတယ်။ ပြီးတော့ မျက်စိ ဒေါက်ထောက် လိုက်ကြည့်နေပြီး အပြစ် အမျိုးမျိုးပြောပါတယ်။
 
ဘယ်အလုပ်သမားမဆို သူက အလုပ်ထုတ်ဖို့ ဝန်မလေးပါဘူး။ နေ့တိုင်းလုပ်ငန်းခွင်မှာ ဆဲဆိုမှုတွေရှိနေပြီး။ ကျန်တဲ့ဌာနတွေကလဲမပြောရဲလို့ ငြိမ်နေကြတာပါ။
 
လုပ်ငန်းထဲမှာ ပြသနာဖြစ်ရင် အကျိုးကြောင်းပြန်ရှင်းပြရင်လည်း မရပါ။ သူက မလုပ်နိုင်ရင် ထွက်သွားလို့ ပြောပါတယ်။
 
စကားပြန်ဖြစ်ပေမဲ့ အလုပ်သမားတွေ ပြောချင်တဲ့စကားတွေဆို စက်ရုံမှူးကို ပြန်မပြောပေးပါဘူး။ စက်ရုံတစ်ခုလုံးက အလုပ်သမားတွေက သူ့မျက်နှာကြည့်နေရတာပါ။ စူပါတွေကလဲသူ့ကို ကြောက်ရပါတယ်။ အပြစ်ခဏခဏ ပြောတော့ စူပါတွေလည်း ရနေရတာပါ။
အကူအညီပေးစေချင်ပါတယ် ရှင့်။
 
(ပြီးခဲတဲ့ ၂၀၂၅ ခုနှစ် Hundred Garment က အသက်မပြည့်လို့ဆိုပြီး အလုပ်သမားတွေကို အလုပ်ထုတ် ခဲ့ပါတယ်။ အဲ့အလုပ်သမားက လုပ်သက် ၆ နဲ့ အထက် လုပ်သက်ရှိကြပြီး တချို့ အလုပ်သမားတွေကို EC စာချုပ် ချုပ်ထားပါတယ်။)
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026