NEWS

Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း

CoverLogo
281 Views
 
Hope One Co.,Ltd အထည်ချုပ်စက်ရုံကပါ ။
 
အိုတီ တင်တဲ့ အချိန်ထက်ပိုပီး ညဘက်တွေ အချိန်ပိုတွေ ခေါ်နေပါတယ်။ အဲ့အကြောင်းကို မြို့နယ်အလုပ်သမားရုံးက ဦးဝင်းသူ ကို လှမ်းပြောလည်း အချိန်ပို ညဆိုင်းတွေ ထပ်ခေါ် ပါတယ်။
 
ဒီလိုပါရှင့် .. ။
 
ပုံမှန် အိုတီတင်တဲ့ချိန်က ညနေ ၆ နာရီပါ၊ ခုဟာက ည ၈ နာရီထိကို ဆတ်တိုက်ခေါ်ခိုင်းနေတာပါ။ရုံးကိုတင်မဲ့ အချိန်ပိုကို သဘောတူတယ်တဲ့အကြောင်း အလုပ်သမားတွေကို လက်မှတ်ထိုးခိုင်းတယ်။ ညီမတို့ လက်မှတ်ထိုးတဲ့နေရာမှာ ညနေ ၆ နာရီအထိလို့ ရေးထားတာကို တွေ့ရတာပါ။
 
ခုဟာက ည ၈ နာရီထိ ဆတ်တိုက် ခေါ်ခိုင်းနေတာပါ။ မတ် ၃ ရက်က အချိန်ပိုခေါ်လို့ ဆရာဦးဝင်းသူကို လှမ်းပြောသေးတယ်။ အဲ့တော့လည်း ဆက်ဆင်းရတာပါပဲ။
 
ည ၈ နာရီ အချိန်ပို တစ်ပက်ကို အမြဲ ၃ရက်၊ ၄ ရက်လောက် ည ၈ နာရီ အချိန်ပိုတွေ ဆင်းရပါတယ်။ စနေနေ့မျိုးဆို ည၈ နာရီထိဆင်းရတယ်။
 
ညနေပိုင်း အချိန်ပိုဆင်းရင် နားချိန်မရဘူး။ နေ့လည် ထမင်းစား ချိန်ဘဲ နားရပြီ ကျန်တဲ့ အချိန် မနားရပါဘူး။ အခုဆို တနင်္ဂနွေ ပိတ်ရက်တွေကို သင်္ကြန် အစားထိုး ဆိုပီး ကြိုဆင်းရတယ်။
 
ဒီတပေါင်း လပြည့်နေ့ကလွဲပြီး မပိတ်ပေးပါဘူး။ အချိန်ပိုတွေဆင်းရတာက ဒီရက်ထဲ ပိုဆိုးလာတာပါ။ စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်း၊ အလယ်ရွာ မီးသတ်ဝိုင်းအနီးမှာပါ။ အလုပ်သမားကတော့ ၁၀၀၀ ဝန်းကျင်ရှိပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026