NEWS

PJ နှင့် CI ကိုင်ဆောင်၍ ပြည်ပမှ ပြန်လာသည့် လုပ်သားများ ဆိုက်ရောက် ကောင်တာ တွင်သတင်းပို့ခဲ့မှသာ ပြန်ထွက်ခွင့်ရမည်ဟုဆို

CoverLogo
327 Views
 
နိုင်ငံကူးလက်မှတ် PJနှင့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI) ကိုင်ဆောင်ထားတဲ့ လုပ်သားတွေ အနေနဲ့ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ပါက အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ လေဆိပ်က ဆိုက်ရောက် ကောင်တာ မှာ သတင်းပို့ခဲ့မှသာ ပြန်ထွက်ခွင့် ပြုမယ်လို့ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းမှာ အသိပေး ထုတ်ပြန်ပါတယ်။
 
ခွင့်ပြန် လုပ်သားတွေ အနေနဲ့ ပြည်ပထွက်ခွာခွင့် တင်ပြရာမှာ Arrival Counter တွင် သတင်းပေးပို့ ခဲ့သူတွေကို သာ ပြန်ထွက် ခွင့်ပြုပေးမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
 
ဒါကြောင့် ပြည်ပကနေ ပြန်လည်ဝင်ရောက်လာတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနက ဖွင့်ထားတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက်ကောင်တာမှာ မဖြစ်မနေ သတင်းပေးပို့ရမယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကပင် ကျွမ်းကျင်လုပ်သား၊ခွင့်ပြန်လုပ်သားတွေအပါအဝင် ပြည်ပထွက်မယ့် လုပ်သားတွေ ကို စစ်ကောင်စီ ထံ ခွင့် ပြုချက် တောင်းခံရမှာ ဖြစ်ပြီး ခွင့်ပြုကြောင်း အကြောင်းကြားစာတွင်မိမိ အမည်စာရင်း ပါမှသာ ထွက်ခွင့်ပေးမယ်လို့ ကြေညာပြီး နောက် ယခု ထပ်မံ ပြီး ပြန်လည်ဝင်ရောက်ချိန်တွင် လေဆိပ်ရှိ အလုပ်သမား ကောင်တာမှာ ရောက်ရှိကြောင်း သတင်းပေးပို့မှသာ ပြန်လည်ထွက်ခွင့်ပေးမယ်လို့ ထုတ်ပြန်လာခြင်း ဖြစ်ပါတယ်။
 
"မူဝါဒ က တစ်နေ့တမျိုး ပြောင်း​နေတာ ခွင့်ရက်ရှည်လေးရလို့ မိသားစု တွေ ကို တွေ့ချင် လွန်းလို့ ပြန်လာတာ အခုတော့ ပျော်ရတာနည်းနည်း စိတ်သောက ရောက်ရတာ များများ ဖြစ်နေပြီ ပြည်ပရောက် မြန်မာလုပ်သားတွေ အနေနဲ့ အရေးတကြီး ကိစ္စမှ မဟုတ်ရင် ခွင့်နဲ့ မပြန် တာအကောင်းဆုံးဘဲ ပြောချင်တယ် မဟုတ်ရင် ပိုက်ဆံကုန် စိတ်သောကရောက် တာဘဲ အဖတ်တင်မယ်"လို့ ခွင့်ပြန်လုပ်သားတစ်ဦးကပြောပါတယ်။
 
စစ်ကော်မရှင် အနေနဲ့ ပြည်တွင်းမှ လူငယ်လုပ်သားတွေကို ပြည်ပထွက်ခွင့် အမျိုးမျိုး ကန့်သက်ပိတ်ပင်တာတွေ ပြုလုပ်ရာ စစ်မှုထမ်းရမဲ့ အသက်အကျုံးဝင်တဲ့ ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်ခွင့်ပိတ်တာ၊ အေဂျင်စီ တခုချင်းအလိုက် စေလွှတ်ခွင့် လုပ်သားအရေအတွက် ကန့်သတ်တာ၊ အလုပ်သမားတွေကို လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီ တရားဝင်လွှဲပို့ဖို့နဲ့ ဝင်ငွေခွန်ပေးဆောင်ဖို့ ဖိအားပေး စေခိုင်းတာတွေလည်း ရှိနေပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026