NEWS

OWIC ကတ် အခက်အခဲများ ဆွေးနွေးအကြံပေးမှုများ ရယူနိုင်

CoverLogo
1K Views
 
ဧပြီ ၆ ၊ ၂၀၂၅
ဂျပန်နိုင်ငံက ကုမ္ပဏီတွေမှာ အလုပ် လုပ်ကိုင်ဖို့ ပြင်ဆင်နေသူတွေနဲ့ လေ့ကျင့်ရေး သင်တန်းသားအဖြစ် သွားရောက်ဖို့ စီစဉ်နေသူတွေအနေနဲ့ OWIC ကတ်ထုတ်ပေးတာ ရပ်နားတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေရင် ဆွေးနွေးအကြံပေးတာတွေ ရယူနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဧပြီလ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဆွေးနွေးအကြံပေးတာတွေကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ မြန်မာ-ဂျပန်စင်တာ (MJC)တို့နဲ့ ပူးပေါင်းပြီး လုပ်တောင်တာဖြစ်ပါတယ်။ ဆွေးနွေး အကြံပေး စင်တာကို ဧပြီလ ၇ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ကာလအကန့်အသတ်နဲ့ ဖွင့်လှစ်မှာဖြစ်တယ်လို့ ထုတ်ပြန် ထား ပါတယ်။
"လမ်းပျောက်နေတာလေ။ဘာဖြစ်ဖြစ်ဒီလိုအဖွဲ့အစည်းေတွကဆွေးနွေးပေးတာ ဆိုတော့ အကျိုးရှိမှာပါ"လို့ ဂျပန်နိုင်ငံဆီ သွားရောက်လုပ်ကိုင်ဖို့ ကြိုးပမ်းနေသူတစ်ဦးက ပြောပါတယ်။
ဆွေးနွေးအကြံပေးရေးစင်တာမှာ အလုပ်သမားစေလွှတ်ရေးအေဂျင်စီ၊ ပညာသင်ကြားရေး၊ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်ရေး၊ ဥပဒေရေးရာအစရှိတဲ့ ကဏ္ဍတွေအတွက် ကျွမ်းကျင်ပညာရှင်တွေက ဆွေးနွေးတိုင်ပင်ပေးမှာ ဖြစ်ပါတယ်။
"ပထမအကြိမ်ကိုတော့ စင်တာရှိတဲ့ MJCကို အတက်နိုင်ဆုံး ကိုယ်တိုင်လာရောက် ဆွေးနွေး စေလိုပါတယ်။ ကိုယ်တိုင်လာရောက်ဖို့ အခက်အခဲရှိရင် အွန်လိုင်းနဲ့ ဆက်သွယ် ဆွေးနွေးပေးမှာ ဖြစ်ပါတယ်"လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စင်တာဖွင့်လှစ်မည့်ကာလမှာ ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက် (တနင်္လာနေ့) ကနေ ဇွန်လ ၆ ရက် (သောကြာနေ့) အထိဖြစ်ပြီး သင်္ကြန်ကာလ ဧပြီလ ၁၄ ရက် (တနင်္လာနေ့) ကနေ ဧပြီလ ၂၁ ရက် (တနင်္လာနေ့) အထိ ကို ပိတ်ထားမည်ဖြစ်ပါတယ် ။
စင်တာဖွင့်ချိန် နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖြစ်ပြီး ဖော်ပြထားတဲ့ လင့်မှာ https://ee.kobotoolbox.org/vqupCdxP မှာ ကြိုတင်စာရင်းသွင်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026