NEWS

OWIC ကတ် ပြုလုပ်ရန်  စာတိုက်ကတစ်ဆင့်ပေးပို့လျှောက်ထားခိုင်းသော်လည်း လက်ရှိအချိန်ထိပြုလုပ်ခွင့် မချပေးသေးဟုဆို

CoverLogo
840 Views

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် OWIC  ပြုလုပ်ခွင့်ပေးရန်  စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက နေပြည်တော် အလုပ်သမားရုံးချုပ်ကို စာတိုက်ကနေ လျှောက်ထား ခိုင်းပေမယ့် မတ်လ၂၅ ရက်အထိ ပြုလုပ်ခွင့် မချပေးသေးဘူး လို့ ပြည်ပထွက်မယ့်လုပ်သားတွေနဲ့လိုင်စင်ရအေဂျင်စီတွေထံမှ သိရပါတယ်။ 

 

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ဒုတိယအပတ်ကတည်းက OWICကတ် ထုတ်ပေးတဲ့ ရုံးတွေကို ကြိုတင်အကြောင်းကြားမှုမရှိဘဲ ယာယီပိတ်ခဲ့ပြီး မတ်လ ၁၀ ရက်နေ့မှာတော့ OWIC ကတ် အသစ်ပြုလုပ်လိုသူများအနေနဲ့ မတ်လ၂၀ရက် မှစပြီးအလုပ်သမားဝန်ကြီးဌာနကို တင်ပြထားတဲ့ အချက်အလက်တွေ စိစစ်ပြီး အစဉ်အလိုက် OWICကတ်ပြန်ထုတ်ပေးမယ် လို့ နိုင်ငံပိုင်သတင်းစာကနေကြေညာခဲ့ပါတယ်။ 

 

သို့သော် လက်ရှိအချိန်ထိ OWICကတ် ပြုလုပ်ရန် လျှောက်ထားတဲ့ အလုပ်သမား တွေကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြဌာနက   OWIC ကတ် ပြုလုပ်ခွင့် မချပေးသေးဘူးလို့လည်းသိရပါတယ်။ 

 

"အခုက OWIC ကတ် ပြုလုပ်ခွင့်ပေးဖို့  လျှောက်ထားတာကိုပဲ လက်ခံသေးတယ်။ OWICကတ် ပြုလုပ်ဖို့ ခွင့်ပြုချက် ပြန်ချပေးတာ မရှိသေးဘူး။ OWICကတ်ထုတ်ပေးတဲ့ စက်တွေ ပြောင်းရွှေ့ပြင်ဆင်နေလို့  လေးလပိုင်းပထမအပတ်လောက်မှ ပြုလုပ်ခွင့်တွေ ပေးမယ်လို့ ကြားတယ် "လို့ လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ 

 

အခုလို OWIC ကတ်ပြုလုပ် မပေးသေးတဲ့ အတွက် ပြည်ပလုပ်သားပို့ဆောင်ပေးတဲ့ အေဂျင်စီတွေမှာ ဆုံးရှုံးနစ်နာမှုတွေဖြစ်သလို  အလုပ်လုပ်ဖို့ စာချုပ်ချုပ်ဆိုထားတဲ့ လုပ်သားတွေမှာလည်း စိုးရိမ်မှုတွေဖြစ်ပေါ်နေတယ်ဟုသိရပါတယ်။ 

 

"ထိုင်း ကို သွားဖို့စာချုပ်ချုပ်ပြီးတာ ၃လ ပြည့်တော့မယ်။ အခုထိ သင်တန်းနဲ့ OWIC ကတ်ရိုက်ခွင့်မရသေးဘူး။ အေဂျင်စီ ကို ဖုန်းဆက်မေးတော့လည်း ဝန်ကြီးဌာနက မချပေးသေးတာလို့ ပြောတယ်။ ပိုက်ဆံတွေကလည်းသွင်းထားရတာဆိုတော့ အကယ်၍ များ မထွက်ရရင် ဆိုတဲ့ အတွေး တွေးမိရင် ညဘက်အိပ်ကိုမပျော်တော့ဘူး” လို့  ပြည်ပကိုအလုပ်သွားလုပ်ဖို့စီစဉ်ထားသူတစ်ဦးကပြောပါတယ်။ 

 

ဒါ့အပြင် OWICကတ် ပြုလုပ်ခွင့် မရသေးတဲ့ အတွက် ပြည်ပကနေ ခွင့်ဖြင့်ပြန်လာတဲ့လုပ်သားတွေ မှာလဲ အခက်ခဲ တွေ ဖြစ်ပေါ်နေတယ်လို့လည်းဆိုပါတယ်။ 

 

"သူတို့က စာတိုက်ကနေ ခွင့်ပြုချက် တောင်းပါဆိုလို့ ပို့ပြီးပြီ။ အခု   စက်တွေပြင်ဆင်နေရတယ်ဆို တာကော ဟုတ်ပါ့မလား။ ပြည်ပ ကို ထွက်လို့မရအောင် အချိန်ဆွဲနေတာ မျိုး ဖြစ်နေပြီ။ လေးလပိုင်း မှ လုပ်ပေးမယ်ဆိုရင် သင်္ကြန်ပိတ်ရက်နဲ့ တင်ထားတဲ့သူကအများကြီး ဘယ်လိုတွေ အဆင်ပြေမလဲ ခွင့်ပြန်လုပ်သားတွေ အားလုံး အချိန်မီ လုပ်ငန်းခွင်မဝင်နိုင်ရင် ဆုံးရှုံးနစ်နာမှု တွေ ဖြစ်ကြမှာ"လို့  ခွင့်ပြန်လုပ်သားတစ်ဦးကပြောပါတယ်။ 

 

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ပြောင်းလဲလိုက်တဲ့ မူဝါဒ အရ ပြည်ပကို တရားဝင်အလုပ်သွားရောက်မယ့် လုပ်သား တွေအနေနဲ့ OWIC ကတ် ရိုက်နှိပ်ပြီးပါကလည်းပြည်ပထွက်ခွာ ခွင့်ပြုဖို့ကိုပါ အလုပ်သမားဝန်ကြီးဌာနထံ ခွင့်ပြုချက် တောင်းခံရဦးမှာ ဖြစ်ပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026