NEWS

OWIC ကတ် ကြန့်ကြာမှု ပြည်ပ ခွင့်ပြန် အလုပ်သမားများ ဆုံးရှုံးနစ်နာမှုများပြား

CoverLogo
725 Views
 
ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံလက်မှတ် OWIC ကြန့်ကြာမှုကြောင့် ပြည်ပက ခွင့်ပြန် အလုပ်သမားတွေ ပြန်လည် ထွက်ခွာခွင့်မရလို့ အချိန်မီ လုပ်ငန်းခွင် မဝင်ရောက်နိုင်တာကြောင့် အလုပ်သမား အချို အလုပ်လက်မဲ့ ဖြစ်သွားသလို လေယာဉ်လက်မှတ်အပါဝင် ငွေကြေး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြော ဆိုပါတယ်။
 
"ခွင့်ရက်က ပြည့်နေပြီ ။ လေယာဉ်လက်မှတ်လည်း ပထမ တစ်ခါရက်ရွှေ့ လိုက်ရတယ်။ အခု ဘယ်ရက် ပြန်ရမယ် မသိတော့ လက်မှတ်ပဲ အဆုံးခံလိုက်တော့တယ်။ သူဌေး က နားလည် ပေးတော့ အချိန်တစ်လ ခွင့်ထပ်ပေးတယ် ။ အတူတူပြန်လာတဲ့ သူငယ်ချင်း ဆို သူဌေးက နားမလည်ပေးတော့ အလုပ်က ပြုတ်သွားတယ်။တစ်လပြည့်လို့ မှ OWIC ရိုက်မရ ဘူးဆိုရင် ဘာဖြစ်မယ် မသိဘူး ။ သူဌေးဘက်က နားလည်ပေးလည်း အလုပ်အရေးကြီးလာရင် တခြားအလုပ်သမား အစားထိုးမှာပဲ။ မြန်မြန်ထွက်ရဖို့ပဲ ဆုတောင်းနေရတယ်""လို့ မလေးရှားနိုင်ငံက ခွင့်ပြန်လာသူ တစ်ဦးက ပြောပါတယ်။
 
မတ်လ၂၀ရက်ကစပြီး OWIC ကတ် ပြုလုပ်ခွင့် တင်ပြထားတာတွေကို အစီအစဉ်လိုက် ပြုလုပ်ပေး မယ်လို အလုပ်သမားဝန်ကြီးဌာနက ကြေညာခဲ့ပေမယ့် ပြုလုပ်ခွင့်ကို အလုပ်သမားအရေအတွက်် အနည်းငယ် ပဲချပေးခဲ့ ပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းငလျင်ဒဏ်ကြောင့် နေပြည်တော်က အလုပ်သမား ဝန်ကြီးဌာန ရုံးချုပ် ထိခိုက်ပျက်စီးခဲ့ပြီးနောက် OWIC ကတ် သတင်းတွေ ထုတ်ပြန်တာ မရှိတော့တာပါ။
 
OWIC ကတ်ကို စာတိုက်က တစ်ဆင့် နေပြည်တော်၊ အလုပ်သမားဝန်ကြီးဌာန ရုံးချုပ်ကို ပေးပို့ရတာ ဖြစ်လို့ ခွင့်ပြုချက်တောင်းခံစာ သက်ဆိုင်ရာကို မရောက်မှာလည်း အလုပ်သမားတွေက စိုးရိမ်နေကြတာပါ။
 
"မတ်လ ၁၈ရက်ကတည်းက တင်ထားတာ အခုထိ ပြုလုပ်ခွင့်က ကျမလာသေးဘူး။ နောက်တစ်ကြိမ် ထပ်တင်ထားတယ် ၊ စာတိုက်ကနေ ပို့လိုက်တယ်ဆိုပေမယ့် ဝန်ကြီးဌာနဘက်က ရောက်ရှိကြောင်းလဲ စာပြန်တာမျိုးမရှိဘူး။ ဒီအစီအစဉ်က တင်တဲ့စာရွက်တွေ ရောက်မှ ရောက်ပါ့မလား စိုးရိမ်တဲ့ အဖြစ်။"လို့ ခွင့်ပြန်လုပ်သား တစ်ဦးက ပြောပါတယ်။
 
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ပြည်ပထွက်ခွာ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ် တွေကို ပြောင်းလဲပြီးနောက် OWIC ကတ် ပြုလုပ်ဖို့လိုအပ်ပြီး ဒီကတ်ရပြီးပါက ပြည်ပထွက်ဖို့ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ထပ်မံ တောင်းယူရမှာ ဖြစ်ပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026