NEWS

NUG ကနိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးကြောင်းသတင်းထွက်လာချိန်  သက်တမ်းတိုးသူတွေ ကို ပတ်စပို့ဖျက်သိမ်းပြီးအမည်မည်းစာရင်းသွင်းမယ်လို့စစ်ကောင်စီ ကြေညာ

CoverLogo
362 Views

တောင်ကိုရီးယားနိုင်ငံ ရှိ NUG ကိုယ်စားလှယ်ရုံးက   နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံး နေတဲ့ မြန်မာနိုင်ငံသားတွေကို သက်တမ်းတိုးပေးတယ်လို့ သတင်းတွေ ထွက်လာချိန်မှာ စစ်ကောင်စီရဲ့ မြန်မာသံရုံး ဆိုလ်းမြို့က တံဆိပ်တုံးအတု တွေ နဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး တာကို စိစစ်တွေ့ရှိပါက ၎င်းနိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းပြီး အမည်မည်း စာရင်း ရေးသွင်းမယ်လို့ နိုဝင်ဘာ ၉ရက် ညနေပိုင်းမှာ ကြေညာလိုက်ပါတယ်။ 

ကိုရီးယားရောက် ရှိနေသူ အချို့မှာ ပတ်စ်ပို့သက်တမ်းတိုးမှုကို NUGကိုယ်စားလှယ်ရုံးကြောင့် ၂နှစ်သက်တမ်းတိုးခွင့်ရရှိခဲ့တယ်လို့
ကိုရီးယားရောက် မြန်မာအလုပ်သမားတွေထံက သိရပါတယ်။ 

အခုလို သက်တမ်းတိုးပေးခြင်းလုပ်ငန်းဟာ လေးလ ခန့် ရှိနေပြီ ဖြစ်ပြီး လူဦးရေ တစ်ရာခန့် ရှိနေပြီ ဖြစ်ကာ ယခုရက်ပိုင်းမှာတော့ ပြည်တွင်း သတင်းဌာန တွေရဲ့ ဖေါ်ပြချက်နဲ့ လူသိများခဲ့ကာ ကိုရီးယားရောက်မြန်မာအလုပ်သမားတွေ ကြား  စိတ်ဝင်စားမှုမြင့်ခဲ့ပါတယ်။ 

အခုလို သတင်းတွေ ထွက်ပေါ်လာချိန်မှာ စစ်ကောင်စီရဲ့ မြန်မာသံရုံးဆိုးလ်မြို့က  မြန်မာနိုင်ငံကူးလက်မှတ် ကို တရားမဝင် တံဆိပ်တုံး အတုအပ နဲ့ သက်တမ်းတိုးပါက နိုင်ငံကူးလက်မှတ်ဖျက်သိမ်းခြင်းနှင့်အမည်မည်းစာရင်း ရေးသွင်းခြင်း ကို ဆောင်ရွက်မှာ ဖြစ်ပြီး သက်တမ်းတိုးပြုလုပ်နေသူတွေ ကို လည်း အိမ်ရှင်နိုင်ငံ ရဲ့ တရားဥပဒေအရ အရေးယူဟန့်တားနိုင်ရေး ကို သက်ဆိုင်ရာ ဝန်ကြီးအဆင့်ဆင့်နဲ့ ညှိနှိုင်း နေတယ်လို့ အသိပေးကြေညာလိုက်ပါတယ်။ 

ဒါ့အပြင် နိုင်ငံကူးလက်မှတ်ပျောက်ဆုံးခြင်း နဲ့  မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (C of I) ကို လျှောက်ထားတဲ့ အခါ ယခင်က နိုင်ငံကူးလက်မှတ်မိတ္တူ  မတင်ပြနိုင်ရင်ဆောင်ရွက်ပေးခဲ့ပေမယ့်၂၀၂၄ခုနှစ်  နိုဝင်ဘာ ၉ရက်က စပြီး နိုင်ငံကူးလက်မှတ် စာမျက်နှာ တိုင်း ကို ရိုက်ကူးထားတဲ့ မှတ်တမ်း ဓါတ်ပုံ ပူးတွဲ တင်ပြ နိုင်မှသာ ဆောင်ရွက်ပေးမှာ ဖြစ်ပြီး  မှတ်တမ်းဓါတ်ပုံများ ပူးတွဲ တင်ပြနိုင်ခြင်း မရှိတဲ့ လျှောက်ထား လာမှု ကို လက်ခံ ဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ မြန်မာသံရုံးက ကြေညာလိုက်ပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026