NEWS

Myanmar Ming Fan အထည်ချုပ် အတင်းအကျပ် အချိန်ပိုခိုင်း၊ ကြိုပို့မပေးဘဲ ညနက် ၉ နာရီ ပြန်ခိုင်း

CoverLogo
313 Views
 
ညီမတို့က Myanmar Ming Fan စက်ရုံကပါ။ အထည်ချုပ် အလုပ်သမားတွေပါ။ စက်ရုံက ရွှေပြည်သာစက်မှုဇုန် ၁ မှာပါ။ စက်ရုံက ဖွဲ့တာ ၆ လ ဝန်းကျင် လောက်ပဲ ရှိပါသေးတယ်။
 
စဖွင့်တုန်းကတော့ မနက်၇ခွဲ ကနေ ညနေ၆နာရီအထိပါပဲ။ ဖွင့်ပြီး ၂လ၊ ၃လလောက် ကြာတော့ ည ၈နာရီ တွေ ထိခေါ်ခိုင်းပါတယ်။ အခုဆို ၉ နာရီ အထိ လုပ်ခိုင်းပါတယ်။
 
ဒီကြားထဲ အောလင်း ၊ အောနိုက်တွေ လုပ်လာရပါတယ်။ မနေ့ကဆို ည ၉နာရီထိ ဆင်းရပါတယ်။ အိမ်ကအရမ်းဝေးလို့ အဆင်မပြေဘူး ပြောကြပါတယ်။ ခေါင်းဆောင်တွေက ကားပေးမှာ၊ ကြိုပိုကားရှိတယ်ဆိုပြီး ပြောပါတယ်။
 
အချိန်ပိုဆင်းပြီးလို့ ပြန်မယ်လည်း ဆိုတော့ ကြိုပို့ကားက တစ်စီး ပဲ ပေးထားပါတယ်။ တခြားစက်ရုံတွေက အချိန်ပိုဆင်းပြီး ကြိုပို့အတွက် စီစဉ်ပေးတာက ပုံမှန်ပါ။
 
ညီမတို့ စက်ရုံကတော့ ကြိုပို့စီစဉ်ပေးမယ် ပြောပြပြီး ကိုယ့်အစီအစဉ်နဲ့ကို ပြန်ရပါတယ်။ စက်ရုံကနေ ကားလမ်းမဆီ ရောက်ဖို့ ၁၅ မိနစ်လောက် လမ်းလျှောက်ရတယ်။ ပြီးရင် ပြန်ဖို ကားစောင့်ရတာ အဆင်မပြေ ပါဘူးရှင့်။
 
အလုပ်သမားတွေက သံဒင်း၊ အင်းစိန်၊ အောက်ဂိတ် အဲလို နေရာတွေ ပြန်ကြရတာ၊ ကားစီးဖို့က အချိန်အကြာကြီး စောင့်ရပါတယ်။
အဲ့လိုတွေဖြစ်တာကို အလုပ်သမားတချို့က အလုပ်သမားရုံးကို တိုင်တာ သူတို့ သိတယ်ဆိုပြီး ခံဝန် ကတိ ထိုးခိုင်း ပါတယ်။ ခုဆို ပိုဆိုးတာက ညဘက် ၉နာရီ အထိ ဆင်းမလား၊ အောနိုက်ဆင်းမလား ဆိုပြီး မေးတော့ အလုပ်သမားတွေက နှစ်မျိုးစလုံး အဆင်မပြေလို့ မဆင်းဘူးပြောတာကို အတင်းအကျပ် ဆင်းခိုင်းပါတယ်။
 
တချို့စူပါတွေဆို အလုပ်သမားတွေရဲ့ ဆန္ဒကို မမေးဘဲ သူတို့ဘာသာ အချိန်ပိုလက်မှတ်တွေထိုးပါတယ်။ အလုပ်သမားတွေက ဘာမှ မသိရပါဘူး။
အလုပ်သမားတွေက မဆင်းနိုင်လို့ အိုတီလက်မှတ်မထိုးတော့ ရုံးပိုင်းက အမျိုးသမီးက အရေးကြီးလို့ အချိန်ပိုခေါ်တာ၊ နင်တို့က ဘာလို့ မဆင်းနိုင်ရတာလဲ ဆိုပြီး အော်ပါတယ် ။
 
စူပါတွေကလည်း သူတို့မျက်နှာရရင်ပြီးရော မျက်နှာလိုမျက်နှာရနဲ့ အလုပ်သမာတွေကို အတင်းအကျပ် လုပ်ခိုင်းနေတာပါ။
စက်ရုံမှာ ဖြစ်နေတာကို အကူအညီပေးစေချင်ပါတယ်။

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026