NEWS

MOU U-turn အလုပ်သမား တွေကို လစာ၏၂၅ရာခိုင်နှုန်း မြန်မာပြည်ကို တရားဝင် ငွေလွှဲ ပေးပို့ထားသည့် အထောက်အထားပြနိုင်မှသာ စေလွှတ်ရေး လုပ်ငန်းစဉ်ဆောက်ရွက်ပေးမယ်လို့အလုပ်သမားဝန်ကြီးဌာန အကျပ်ကိုင်

CoverLogo
489 Views

ထိုင်းနိုင်ငံ ကို တကျော့ပြန်သွားရောက်အလုပ်လုပ်မယ့် MOU U-turn အလုပ်သမား တွေကို ယခင်အလုပ်လုပ်ခဲ့စဉ်က မြန်မာနိုင်ငံရှိ မိသားစုထံ ကို တရားဝင်ဘဏ်ကနေတစ်ဆင့် လုပ်ခလစာရဲ့ ၂၅ရာခိုင်နှုန်း လွှဲပြောင်းပေးပို့ထားတဲ့ အထောက်အထား ပြနိုင်မှသာ ထပ်မံ သွားရောက် အလုပ်လုပ်နိုင်ဖို့ အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ ကို အလုပ်သမားဝန်ကြီးဌာနက လုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။

၎င်းအကြောင်းရာနဲ့ပက်သက်ပြီး ဇူလိုင် ၃၀ရက်နေ့ က အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားညွှန်ကြားမှုဦးစီးဌာန က မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း ကို  စာပို့ညွှန်ကြားထားတယ်လို့ သိရပါတယ်။

"ထိုင်းဘက်ကို MOU နဲ့ အလုပ်သွားလုပ်တဲ့သူတွေ လေးနှစ်ပြည့်လို့ မြန်မာနိုင်ငံဘက်မှာ စာချုပ်ပြန်ချုပ် ပြီး MOU လုပ်ငန်းစဉ် တွေ ပြန်လုပ်ကတဲ့ အလုပ်သမားတွေကို အခု ၈လပိုင်းကစပြီး တော့ လစာရဲ့၂၅ရာခိုင်နှုန်း လွှဲထားတဲ့ စာရွက်အထောက်ထားကို ဌာနကို တင်ပြနိုင်မှ အလုပ်သမားတွေရဲ့ စေလွှတ်ရေး လုပ်ငန်းစဉ်ကို လုပ်ပေးမယ်လို့
ညွှန်ကြားလာတာ အဲ့တော့ အလုပ်သမားတွေ အနေနဲ့ မလွှဲချင်လဲ လွှဲရမယ့် အနေထား ဖြစ်သွားတာပေါ့ ဒါမှ လည်း ထိုင်းဘက်ကို တရားဝင် ပြန်သွားလို့ရမှာဆိုတော့ ဟိုဘက်ရောက်သွားပြီဆိုတော့ လည်း အလုပ်သမားတွေရဲ့ သဘောပေါ့"" လို့ ထိုင်းနိုင်ငံကို လုပ်သားပို့ဆောင်ပေးနေတဲ့အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဩဂုတ်လ ၁ ရက်နေ့ကစပြီး  မြဝတီမြို့နှင့်ကော့သောင်းမြို့များရှိ MoU U-turn စခန်းများ မှာ  U-turn လုပ်ငန်း စဉ် နဲ့  မြန်မာအလုပ် သမားများ ထိုင်းနိုင်ငံကို  ပြန်လည်စေလွှတ်ရာမှာ  အခြေခံ လစာ ၃ လစာ (ခန့်မှန်းဘတ် ၂၄၀၀၀) ၏ ၂၅ ရာခိုင်နှုန်း (ဘတ် ၆၀၀၀) ကို မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့ လည်း ကောင်း၊ မြန်မာနိုင်ငံရှိ အလုပ် သမားများ၏ ဘဏ်စာရင်းသို့လည်းကောင်း တရားဝင် လွှဲပြောင်းပေး ပို့တဲ့  အထောက် အထားပြသနိုင်မှသာ ထိုင်းနိုင်ငံသို့ စေလွှတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

ယင်းညွှန်ကြားချက်နဲ့ပက်သက်ပြီး ပြည်ပအလုပ်အကိုင် အကျိုးဆောင် (ထိုင်း) လိုင်စင်ရအေဂျင်စီ များအနေ နဲ့  သိရှိလိုက်နာဆောင်ရွက်နိုင်ရေးကို မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းက ကြီးကြပ်ဆာင်ရွက်သွားဖို့ကို လည်း အလုပ် သမားဝန်ကြီးဌာနက အကြောင်းကြားထားပါတယ်။
  


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026