NEWS

MOU အလုပ်သမား ၁၉ ဦး  စာချုပ်ချုပ်ထားတဲ့ လုပ်ငန်းမှာ မလုပ်ရတဲ့ အပြင် အလုပ်စမတ်ကြေးဟုဆိုကာ ငွေထပ်တောင်းသဖြင့် အခက်ခဲဖြစ်နေ

CoverLogo
453 Views

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဆာလာပူလီမြို့ရှိကြက်သားရုံ မှာ ရောက်ရှိနေတဲ့ မြန်မာ (MOU) အလုပ်သမား ၁၉ဦးမှာ အေဂျင်စီနဲ့ စာချုပ် ချုပ်စဉ်က ချုပ်ခဲ့တဲ့ လုပ်ငန်းမှာ အလုပ်မလုပ်ရတဲ့ အပြင် အလုပ်ဝင် ရန် အတွက် စမတ်ကြေးဆိုကာ ငွေ ထပ်တောင်းနေတဲ့ အတွက် အခက်ခဲ ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့  WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံ က သိရပါတယ်။ 

၎င်းအလုပ်သမားတွေဟာ  မြန်မာနိုင်ငံမှ အေဂျင်စီဖြစ်တဲ့  New Three Diamond Co ,LTD နဲ့ ချိတ်ဆက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိကုမ္ပဏီတစ်ခု မှာ အလုပ်လုပ်ရန်အတွက် (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှ အောက်တိုဘာ ၃၁ ရက်နေ့မှာ ထွက်ခွာခဲ့ကာ နေ့လည် ၁၂နာရီ ခန့်မှာ  ရနောင်းမြို့သို့ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ရနောင်းမြို့မှာ စာရွက်စာတမ်းကိစ္စများပြုလုပ်နေရင်း အေဂျင်စီဘက်မှ အလုပ်ဝင်ရန်အတွက် စမက်ကြေးများထပ်မံဝောာင်းခံသဖြင့်အဆင်မပြေမှုများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ 

အခုလို ဖြစ်ပွားခဲ့တဲ့ အတွက် အေဂျင်စီကိုယ်စားလှယ်ဆိုသူမှ လူစုခွဲ၍ ညှိနှိုင်းကာ ရနောင်းမြို့မှညနေ (၆)နာရီဝန်းကျင်ခန့်တွင် ကားဖြင့်စတင်ထွက်ခွါခဲ့ရာ နိုဝင်ဘာ ၁ရက် နေ့ မနက် (၆)နာရီဝန်းကျင်ခန့် မှာ  ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဆာလာပူလီမြို့နယ်ရှိ ကြက်သားရုံရဲ့  အဆောင်သို့ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ 

ဆာလာပူလီ ကြက်သားရုံသို့ရောက်ရှိချိန်တွင် ထပ်မံ ညှိနှိုင်းရာမြန်မာနိုင်ငံတွင် စာချုပ်ချုပ်ဆိုခဲ့သော အလုပ်နှင့်မတူတဲ့ အပြင် ကြက်သားရုံတွင် အလုပ်ဝင်ရန်အတွက် စမတ်ကြေး (၅၀၀၀ )ဘတ်နှင့် အလုပ်ထဲတွင် ပစ္စည်း ကိရိယာဖိုးဆိုကာ (၄၀၀၀)ဘတ်ထပ်မံဖြတ်မယ်လို့ အေဂျင်စီ ဘက်ကပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

အခုလို စာချုပ် ချုပ်စဉ်က အလုပ်နဲ့ မတူတဲ့ အပြင် ငွေကြေး ထပ်မံ တောင်းတဲ့ အတွက် အလုပ်သမားတွေက အဆင်မပြေတာ ကြောင့် အလုပ်မဝင်ဘဲ ၎င်းတို့ရဲ့ အခက်အခဲပြဿနာတွေ ကိုကူညီဖြေရှင်းပေးဖို့ WAG - အလုပ်သမားမဟာမိတ်အဖွဲ့ထံလာရောက် အကူအညီတောင်းခံလာတယ်လို့ ဆိုပါတယ်။ 

WAG - အလုပ်သမားမဟာမိတ်အဖွဲ့ အနေနဲ့ အမှု ကို လက်ခံ ခဲ့ ပြီး ကူညီဆောင်ရွက်ပေးဖို့  လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026