NEWS

MOU အလုပ်သမား ၁၉ ဦး  စာချုပ်ချုပ်ထားတဲ့ လုပ်ငန်းမှာ မလုပ်ရတဲ့ အပြင် အလုပ်စမတ်ကြေးဟုဆိုကာ ငွေထပ်တောင်းသဖြင့် အခက်ခဲဖြစ်နေ

CoverLogo
376 Views

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဆာလာပူလီမြို့ရှိကြက်သားရုံ မှာ ရောက်ရှိနေတဲ့ မြန်မာ (MOU) အလုပ်သမား ၁၉ဦးမှာ အေဂျင်စီနဲ့ စာချုပ် ချုပ်စဉ်က ချုပ်ခဲ့တဲ့ လုပ်ငန်းမှာ အလုပ်မလုပ်ရတဲ့ အပြင် အလုပ်ဝင် ရန် အတွက် စမတ်ကြေးဆိုကာ ငွေ ထပ်တောင်းနေတဲ့ အတွက် အခက်ခဲ ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့  WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံ က သိရပါတယ်။ 

၎င်းအလုပ်သမားတွေဟာ  မြန်မာနိုင်ငံမှ အေဂျင်စီဖြစ်တဲ့  New Three Diamond Co ,LTD နဲ့ ချိတ်ဆက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိကုမ္ပဏီတစ်ခု မှာ အလုပ်လုပ်ရန်အတွက် (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှ အောက်တိုဘာ ၃၁ ရက်နေ့မှာ ထွက်ခွာခဲ့ကာ နေ့လည် ၁၂နာရီ ခန့်မှာ  ရနောင်းမြို့သို့ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ရနောင်းမြို့မှာ စာရွက်စာတမ်းကိစ္စများပြုလုပ်နေရင်း အေဂျင်စီဘက်မှ အလုပ်ဝင်ရန်အတွက် စမက်ကြေးများထပ်မံဝောာင်းခံသဖြင့်အဆင်မပြေမှုများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ 

အခုလို ဖြစ်ပွားခဲ့တဲ့ အတွက် အေဂျင်စီကိုယ်စားလှယ်ဆိုသူမှ လူစုခွဲ၍ ညှိနှိုင်းကာ ရနောင်းမြို့မှညနေ (၆)နာရီဝန်းကျင်ခန့်တွင် ကားဖြင့်စတင်ထွက်ခွါခဲ့ရာ နိုဝင်ဘာ ၁ရက် နေ့ မနက် (၆)နာရီဝန်းကျင်ခန့် မှာ  ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဆာလာပူလီမြို့နယ်ရှိ ကြက်သားရုံရဲ့  အဆောင်သို့ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ 

ဆာလာပူလီ ကြက်သားရုံသို့ရောက်ရှိချိန်တွင် ထပ်မံ ညှိနှိုင်းရာမြန်မာနိုင်ငံတွင် စာချုပ်ချုပ်ဆိုခဲ့သော အလုပ်နှင့်မတူတဲ့ အပြင် ကြက်သားရုံတွင် အလုပ်ဝင်ရန်အတွက် စမတ်ကြေး (၅၀၀၀ )ဘတ်နှင့် အလုပ်ထဲတွင် ပစ္စည်း ကိရိယာဖိုးဆိုကာ (၄၀၀၀)ဘတ်ထပ်မံဖြတ်မယ်လို့ အေဂျင်စီ ဘက်ကပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

အခုလို စာချုပ် ချုပ်စဉ်က အလုပ်နဲ့ မတူတဲ့ အပြင် ငွေကြေး ထပ်မံ တောင်းတဲ့ အတွက် အလုပ်သမားတွေက အဆင်မပြေတာ ကြောင့် အလုပ်မဝင်ဘဲ ၎င်းတို့ရဲ့ အခက်အခဲပြဿနာတွေ ကိုကူညီဖြေရှင်းပေးဖို့ WAG - အလုပ်သမားမဟာမိတ်အဖွဲ့ထံလာရောက် အကူအညီတောင်းခံလာတယ်လို့ ဆိုပါတယ်။ 

WAG - အလုပ်သမားမဟာမိတ်အဖွဲ့ အနေနဲ့ အမှု ကို လက်ခံ ခဲ့ ပြီး ကူညီဆောင်ရွက်ပေးဖို့  လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025