NEWS

MOU သက်တမ်း လေးနှစ်ပြည့်မည့် မြန်မာအလုပ်သမားများအတွက် ဖြေလျှော့မှုများ လုပ်ဆောင်

CoverLogo
985 Views

၂၀၂၃ ခုနှစ် ဇူလိုင်လကုန်တွင် MOU သက်တမ်း လေးနှစ်ပြည့်မယ့် မြန်မာအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံဘက်မှာ ဖြေလျှော့တာတွေ လုပ်ဆောင်သွားမယ်လို့ ထိုင်းအလုပ်အကိုင်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ကိုကိုးကားပြီး အစ်ဆာရာမြန်မာ -Issara page မှာ ဖော်ပြထားပါတယ်။

ထိုင်းအလုပ်အကိုင်ဦးစီးဌာန၊ အထွေထွေညွှန်ကြားရေးမှူးချုပ်ဟာ ဇွန်လ (၁၉)ရက် မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် လုပ်သားစီမံ ခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးမှုရလဒ်အနေနဲ့ ဇန်နဝါရီ ၁ ရက် ၂၀၂၂ ခုနှစ်ကနေ ဇူလိုင် ၃၁ ရက်၂၀၂၃ ခုနှစ်အတွင်း MOU စာချုပ်သက်တမ်း လေးနှစ် ကုန်ဆုံးမယ့် မြန်မာလုပ်သားတွေအနေနဲ့ မိခင်နိုင်ငံမှာ သက်တမ်းပြန်တိုးပြီး ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်လာချိန်မှာ အချိန်နဲ့ကုန်ကျစရိတ် လျှော့ချနိုင်ဖို့အတွက် ရက်ပေါင်း (၃၀) အတွင်း အပြီးသတ် လုပ်ဆောင်ဖို့၊ အလုပ်သမားတွေရဲ့ အကျိုးခံစားခွင့်ကိုထောက်ရှုပြီး ဗီဇာကြေးပေးသွင်းငွေ ဘတ် (၂၀၀၀) ကနေ ဘတ်(၅၀၀) ထိ လျှော့ချဖို့၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား အလုပ်ခန့်ထားရေး နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုပြီးမှ အလုပ်နေရာကို မခေါ်ဆောင်နိုင်တဲ့အလုပ်ရှင်တွေကို ထိရောက်တဲ့ အရေးယူမှု လုပ်ဆောင်ဖို့၊ MOU စနစ်အတိုင်းသတ်မှတ်ထားတဲ့ လုပ်ငန်းခွင်အခြေအနေရရှိစေဖို့နဲ့ အလုပ်ခန့်ထားရေး စာချုပ်တွေကိုလည်း MOU လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် သက်တမ်းတိုး ဆောင်ရွက်နိုင်ဖို့ စတာတွေပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ သွားရောက် လုပ်ကိုင်သက်တမ်းတိုးတဲ့ အလုပ်သမားတွေဟာ MOU စာချုပ်ပါ လုပ်ငန်းခွင်နဲ့ တူညီမှုမရှိတာ၊ အမှန်တကယ် အလုပ်မရရှိတာတွေ ရှိနေတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။

#MyanmarLabourNews 
Photo-ပုံဟောင်း


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026