NEWS

MoU လုပ်သားများ စစ်မှုထမ်း ကင်းလွတ်ခွင့်၊ဆိုင်းငံ့ခွင့်ပါမှ လေဆိပ်မှ ထွက်ခွင့်ပြု

CoverLogo
654 Views
 
ပြည်ပနိုင်ငံတွေနဲ့ နှစ်နိုင်ငံသဘောတူစာချုပ် MoU နဲ့ လိုင်စင်ရ အေဂျင်စီတွေကနေ စေလွှတ်တဲ့ တရားဝင် လုပ်သားတွေ စစ်မှုထမ်း ကင်းလွတ်ခွင့် ဒါမှမဟုတ် ယာယီ ဆိုင်းငံ့ခွင့်ပါမှ ထွက်ခွာခွင့် ပြုတယ်လို့ အေဂျင်စီ တွေဆီက သိရပါတယ်။
“အသိ အေဂျင်စီ ကုမ္မဏီတစ်ခုက ထိုင်းကို MOU နဲ့ အလုပ်သမား ဆယ်ဂဏန်းလောက် ပို့တယ်။ အလုပ်သမား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်လွှတ်တာပဲ။ ခွင့်ပြုချက်အပြင် OWIC ၊ visa တွေနဲ့ အထောက်ထား အပြည့်အစုံပါတယ်။ အဲထဲမှာ တစ်ယောက်က စစ်မှုထမ်း စာရင်းပါနေတယ်။ ရန်ကုန်လေဆိပ်မှာပဲ သက်ဆိုင်ရာ က ပြည်ပကို ထွက်ခွာခွင့် မပြုဘူး။ ပက်စပိုစ့်စာအုပ်ကို လေဆိပ်မှာ အပြီး သိမ်းထားတယ်။ လူကိုတော့ မဖမ်း ဘူး။” လို့ ပြည်ပသို့ အလုပ်သမားစေလွှတ်နေသူ တစ်ဦးက ပြောဆိုပါတယ်။
စစ်မှုထမ်းဆောင်ရွက်ဖို့ အတည်ပြုခံထားသူဖြစ်စေ၊ စာရင်း ပါဝင်ထားသူဖြစ်စေ ၊ စစ်မှုထမ်း ဆင့်ခေါ်ခံထားရသူ ဖြစ်စေ ပြည်ပထွက်ခွာမဲ့သူတွေဆီ စာရင်းမရောက်ထားပေမဲ့ ရန်ကုန်လေဆိပ်မှာ စစ်မှုထမ်း အမည်စာရင်း ရောက်နေပြီဆိုတာ အတည်ပြု အသိပေးတာလို့ ပြည်ပလုပ်သား အေဂျင်စီတစ်ခုက ပြောဆိုပါတယ်။
“အလည(အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန) က အသက်၂၂ကနေ ၃၂အရွယ်အထိကို စေလွှတ်ဖို့ ခွင့်ပြုပေမဲ့၊ လေဆိပ်မှာက စစ်မှုထမ်းဖို့ စာရင်း ပါရင် ခွင့်မပြုပါဘူး။ လေဆိပ်ရောက်မှ ဒီစာရင်းပါတယ်လို့ သိရမှ အပြီး ပိတ်ခံရရင် အလုပ်သမားရော အေဂျင်စီရော နစ်နာတယ်။ အလညမှာ ကဒ်ရိုက် ကတည်းက အသိပေးမျိုးဆို တော်ပါသေးတယ်။ တဘက်က ခွင့်ပြုတယ်၊တဘက်က ပိတ်တယ်ဆိုတာတော့ တော်တော်ဆိုးပါတယ်။ အေဂျင်စီတွေ လုံး ဝမပို့ကြနဲ့တော့လို့ ပိတ်လိုက်တာက ကောင်းပါသေးတယ်။ ခုကတော့ အကုန်နစ်နာရတယ်” လို့ အေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကထုတ်ပြန်တဲ့ စစ်မှုထမ်းနည်ဥပဒေမှာလည်း ပြည်ပထွက်ခွာမဲ့ စစ်မှုထမ်းအရွယ် အမျိုးသား အမျိုးသမီး မည်သူ့ကိုမဆို ခရီးသွားစာရွက်စာတမ်းပြည့်စုံကလည်း လေဆိပ်မှာ စစ်မှုထမ်းကင်းလွတ်ခွင့်၊ ဆိုင်းငံ့ခွင့်ပါမှ ထွက် ခွင့်ပြုမယ်လို့ ပါဝင်ပါတယ်။ ပြည်ပထွက်ခွာမဲ့ အလုပ်သမားတွေအနေနဲ့ စစ်မှုထမ်းရမဲ့ အသက်အရွယ်ဖြစ်ပါက စစ်မှုထမ်းကင်းလွတ် ခွင့်၊ ဆိုင်းငံ့ ခွင့်ကို လျှောက်ထားပြီး ပြည်ပထွက်ခွာ ခွင့် ရနိုင်မယ်လိုလည်း ပါရှိပါတယ်။
အဲလို ခွင့်ပြုချက်မျိုးရဖို့ အခက်အခဲ၊ ကုန်ကျစာရိတ်ကို မခန့်မှန်းနိုင်ပေမဲ့ ကြီးမားတဲ့ ကုန်ကျစရိတ်တစ်ခု တိုးလာတာလို့ အေဂျင်စီ အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
အလုပ်သမားတွေအနေနဲ့ နေထိုင်ရာ မြိုနယ်အသီးသီးမှာ စစ်မှုထမ်း စာရင်းဝင်နေသူ ဖြစ်ပါက တရားဝင် အလုပ်အကိုင်နဲ့ဖြစ်စေ၊ အလည်အပတ်နဲ့ဖြင့် ဖြစ်စေ၊ ကျောင်းထက်ဖို့ ဖြစ်စေ ဘယ်လို ပက်စပိုစ့်နဲ့ မဆို လေဆိပ်က ထွက်ခွာလို့ မရနိုင်သလို ပြည်ပနိုင်ငံက ခွင့်နဲ့ ပြန်မဲ့အလုပ်သမားတွေ စစ်မှုထမ်း အသက်အရွယ် စာရင်းဝင်သူဖြစ်ပါက ပြန်လည်ထွက်ခွာခွင့် မရနိုင်တာကြောင့် မလိုအပ်ဘဲ ခွင့်နဲ့ ပြန်မလာစေလိုဘူးလို့ အလုပ်သမားအသိုင်းအဝိုင်းက ပြောဆိုထားပါတယ်။
Photo; Credit

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026