NEWS

MoU ဖြင့်ဝင်ရောက်လာတဲ့ အလုပ်သမား ၈ဝ ကျော် ၃ ရက်သာအလုပ်ဆင်းရလို့ အခက် အခက်အခဲကြုံတွေ့နေ

CoverLogo
1.2K Views

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ ဝရိန်လုပ်ငန်း၌ဝင်ရောက်လုပ်ကိုင်ဖို့ နှစ်နိုင်ငံသဘောတူစာချုပ် MoUဖြင့် စာချုပ်ချုပ်ဆိုပြီးဝင်ရောက်လာတဲ့ MoU မြန်မာအလုပ်သမား၈၀ ကျော် လုပ်ငန်းခွင်မှာ၃ရက်သာ ဝင်ရောက်ခဲ့ရလို့ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အဆိုပါအလုပ်သမား၈၀ ကျော်ဟာ ပြည်ပကိုအလုပ်သမားစေလွှတ်နေတဲ့ အောင်ဘုဏ်းမြတ်ဟိန်း အေဂျင်စီမှ စာချုပ်ဖြင့် စေလွှတ်ခဲ့သူများဖြစ်ပြီး  စာချုပ်ပါလုပ်ငန်းခွင်၌ ၃ရက်တည်းသာလျှင်အလုပ်ဆင်းရပြီး  တစ်လခန့်ကြာအလုပ်မဆင်းရတာကြောင့် နေရေးစားရေး အ ခက်များကြုံတွေ့နေရလို့ ထိုင်းရောက်မြန်မာအလုပ်သမားကိုကူညီဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့သို့ အကူညီတောင်းခံလာခြင်းဖြစ်တယ်လို့ သိရပါတယ်။

" MOU အလုပ်သမား ၂၀၀ ကျော်ကိုဝန်ဆောင် ခတွေအဆမတန်ယူပြီးပို့ထားတဲ့ Aung Phone Myat Hein အေဂျင်စီမှတာဂန်ရှိသူများအမြန်ဆုံးတာဝန်ယူဖြေရှင်းပေးပါ။ ထိုင်းနိုင်ငံချွန်ဘူရီတွင် ရောက်ရှိနေသောMOUအလုပ်သမား
ပထမတစ်သုတ် ၄၀ ဦးနှင့်ဒုတိယတစ်သုတ် ၄၅ဦး စာချုပ်ပါစည်းကမ်းများချိုးဖောက်ခံရသဖြင့်ထပ်မံပြီးကိုရဲမင်းဦးဆောင်သော MHAC မဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံလာ" တယ်လို့ ၎င်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ အလုပ်သမား​တွေဟာ အခြားမြန်မာ MoU အလုပ်သမား ၁၆၆ ဦးနှင့်အတူ ချွန်ဘူရီခရိုင်ရှိ ဝရိန်လုပ်ငန်း၌ အ လုပ်လုပ်ကိုင်ရန် အောင်ဘုဏ်းမြတ်ဟိန်း အေဂျင်စီနှင့် ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီ ၆ ရက်က ပုသိမ်မြို့တွင် စာချုပ်ချုပ်ဆိုခဲ့ကြတာဖြစ်ပြီး အေဂျင်စီအား ဝန်ဆောင်ခအဖြစ်တစ်ဦးလျင်ငွေကျပ် ၂၆ သိန်းမှ သိန်း ၃၀ အထိပေးချေကာ  မေ ၉ ရက်မှာ စမတ်ကတ်ရိုက်ပြီး မေလ ၁၂ ရက်မှာတော့  ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မေ၁၆ ရက်မှစ၍ ၃ရက်သာ အလုပ်ဆင်းခဲ့ရတယ်လို့ ဆိုထားပါတယ်။

အဲ့ဒီအလုပ်သမား ၈၀ ကျော်က အလုပ်မဆင်းရတာ တစ်လခန့်အထိရှိလာလို့ အခက်အခဲအခဲများကြုံတွေ့နေတဲ့အ​ပေါ်  အောင်ဘုဏ်းမြတ်ဟိန်း အေဂျင်စီထံ ဆက်သွယ် ပြောဆိုခဲ့ပေမဲ့ ဖြေရှင်း ပေးခြင်းမရှိလို့ ယခုလို အလုပ်သမားရေးကူညီသူများထံသို့ အကူညီတောင်းခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026