NEWS

MOU ဖြင့် လာသည့် မြန်မာအလုပ်သမား ၅၀ဦး တစ်လကျော်ကြာသည်အထိ အလုပ်မရလို့ အခက်အခဲဖြစ်

CoverLogo
1.1K Views
 
ထိုင်းနိုင်ငံ မဟာချိုင် အုန်းရိုင် ကို MOU နဲ့ စာချုပ်ချုပ်ဆိုပြီး ရောက်ရှိနေတဲ့ မြန်မာ အလုပ်သမား ၅၀ မှာ တစ်လ ကျော် ကြာသည်အထိ အလုပ် မလုပ်ရတဲ့ အတွက် အခက်ခဲဒုက္ခ ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးကူညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ ထံက သိရပါတယ်။
 
အမျိုးသမီး (၂၅) ယောက်နဲ့ အမျိုးသား (၂၅) ယောက် စုစုပေါင်း အယောက် (၅၀)ဟာ အေဂျင်စီတစ်ခုနဲ့ ဆောက်လုပ်ရေး အလုပ်တစ်ခုဖြင့် မြန်မာငွေကျပ် (၃၅)သိန်း လေယာဥ်ခ (၈) သိန်း ကျပ်တို့ပေးဆောင်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၁ရက် တွင် Rချုပ် စာချုပ် ချုပ်ဆိုပြီး စက်တင်ဘာ ၁၉ ရက်က မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ကာ စက်တင်ဘာ၂၀ရက် တွင် ပထုံဌာနီသို့ ရောက်ရှိပေမယ့် ဆောက်လုပ်ရေး အလုပ်မရတဲ့ အတွက် ငါးသေတ္တာရုံ ထည့်ပေးမယ်လို့ အေဂျင်စီ မှ ပြောဆိုခေါ်ဆောင်လာတဲ့ အတွက် မဟာချိုင်အုန်းရိုင် သို့ စက်တင်ဘာ၂၁ ရက် မှာ ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။
 
မဟာချိုင်ကို ရောက်ရှိ ချိန်မှာ အလုပ်သမား တွေဟာ မိမိတို့ ပိုက်ဆံဖြင့် အခန်းများ ငှားရပြီး အေဂျင်စီ ကထည့်ပေးမယ့် အလုပ်ကို စောင့်လာခဲ့သည်မှာ( ၁ ) လအထိ့ အချိန် ကြာမြင်လာသော်လည်း အလုပ်များမလုပ်ရတဲ့ အတွက် ကိုရဲမင်းဦးဆောင်သော (MHAC) မဟာမိတ်အဖွဲ့သို့ အောက်တိုဘာ ၁ရက်က တိုင်းကြားအကူအညီတောင်းခံလာတယ်လို့ သိရပါတယ်။
 
အလုပ်သမားများ တိုင်ကြားလာတာနဲ့ပက်သက်ပြီး အောက်တိုဘာ၂၀ရက် နေ့လည် ၂ နာရီတွင် အမ်ယူဂျီ(NUG) အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတွေနဲ့ အတူ အလုပ်သမားများနှင့် သွားရောက်တွေ့ဆုံမေးမြန်း စကားပြောနေချိန်တွင် အေဂျင်စီဘက်မှ ကိုယ်စားလှယ် များ ရောက်လာကာ အလုပ်သမားများကို (၁၄)ရက်အတွင်း မဟာချိုင်ရှိ ငါးသေတ္တာစက်ရုံ တစ်ရုံတွင် အလုပ်သွင်းပေးမှာ ဖြစ်ကြောင်းနှင့် သတ်မှတ်ရက်အတွင်း အလုပ်မဆင်းရပါက စမက်ကြေးငွေနှင့် ဘိုင်ကျန့်အော့ကို ပြန်ထုတ်ပေးပြီးဟု အာမခံညှိနှိုင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026