NEWS

MOUအလုပ်သမားတွေ လုပ်အားခ မရလို့  NUG အလုပ်သမားဝန်ကြီးဌာနထံ တိုင်ကြား

CoverLogo
271 Views

ထိုင်းနိုင်ငံ၊ စမူဆာခွန်းမြို့နယ်၊ စွန့်ပစ်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံက  မြန်မာအလုပ်သမား ၁၅ ဦးကို စက်ရုံ ပိုင်ရှင်က လုပ်အားခမရှင်းပေးတဲ့ အတွက်  အမျိုးသားညီညွတ်ရေးအစိုးရ ၊(NUG) အလုပ်သမားဝန်ကြီးဌာန ၊ တိုင်ကြားရေးယန္တရားက ဝင်ရောက်ကူညီဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ 

 

၎င်း အလုပ်သမား ၁၅ ဦး  မှာ MOU အလုပ်သမားတွေ ဖြစ် ကြပြီး စက်ရုံ သူဌေး ဘက်မှ လုပ်အားခ မရှင်းပေးတာကြောင့် အေဂျင်စီ မှ တစ်ဆင့် မြို့နယ် ဆာဝါဒီကန် ရုံး ကို တိုင်ကြားထားတာ မှာ ၃လ ကျော်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

အခုလို ၃လ ကျော်တဲ့ အထိ လုပ်အားခတွေ မရသေးတဲ့ အတွက် မိတ်ဖက်အဖွဲ့ စည်း ဖြစ်တဲ့  MHAC အဖွဲ့ကိုအလုပ်သမားတွေက  အကူအညီတောင်းခံလာတာဖြစ်တယ်လို့ သိရပါတယ်။ 

 

အဲဒီလို အကူအညီတောင်းခံလာတဲ့အတွက် MHAC အဖွဲ့က အလုပ်သမားတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် စမူဆာခွန်းမြို့နယ် ဆာဝါဒီကန်ရုံးကို သွားရောက်ပြီး အကျိုးကြောင်းမေးမြန်းခဲ့ရာ အမှုအား ပြန်လည်စစ်ဆေးပေးခဲ့ပြီး ပိုင်ရှင်အား အမှုဖွင့်ပြီးနောက် အစိုးရဘဏ်မှ တဆင့် လုပ်အားခများ ကို ပြန်ထုတ် ပေးရေးအတွက် ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ 


Related posts

Cover
စက်တင်ဘာလအတွင်း မလေးရှားရောက်မြန်မာ ၅၀၀ ကျော်ဖမ်းဆီးခံရ
Oct 03, 2025
Cover
စက်တင်ဘာလအတွင်း မလေးရှားရောက်မြန်မာ ၅၀၀ ကျော်ဖမ်းဆီးခံရ (ရုပ်သံသတင်း)
Oct 03, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025