NEWS

MOUအလုပ်သမားတွေ လုပ်အားခ မရလို့  NUG အလုပ်သမားဝန်ကြီးဌာနထံ တိုင်ကြား

CoverLogo
407 Views

ထိုင်းနိုင်ငံ၊ စမူဆာခွန်းမြို့နယ်၊ စွန့်ပစ်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံက  မြန်မာအလုပ်သမား ၁၅ ဦးကို စက်ရုံ ပိုင်ရှင်က လုပ်အားခမရှင်းပေးတဲ့ အတွက်  အမျိုးသားညီညွတ်ရေးအစိုးရ ၊(NUG) အလုပ်သမားဝန်ကြီးဌာန ၊ တိုင်ကြားရေးယန္တရားက ဝင်ရောက်ကူညီဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ 

 

၎င်း အလုပ်သမား ၁၅ ဦး  မှာ MOU အလုပ်သမားတွေ ဖြစ် ကြပြီး စက်ရုံ သူဌေး ဘက်မှ လုပ်အားခ မရှင်းပေးတာကြောင့် အေဂျင်စီ မှ တစ်ဆင့် မြို့နယ် ဆာဝါဒီကန် ရုံး ကို တိုင်ကြားထားတာ မှာ ၃လ ကျော်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

အခုလို ၃လ ကျော်တဲ့ အထိ လုပ်အားခတွေ မရသေးတဲ့ အတွက် မိတ်ဖက်အဖွဲ့ စည်း ဖြစ်တဲ့  MHAC အဖွဲ့ကိုအလုပ်သမားတွေက  အကူအညီတောင်းခံလာတာဖြစ်တယ်လို့ သိရပါတယ်။ 

 

အဲဒီလို အကူအညီတောင်းခံလာတဲ့အတွက် MHAC အဖွဲ့က အလုပ်သမားတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် စမူဆာခွန်းမြို့နယ် ဆာဝါဒီကန်ရုံးကို သွားရောက်ပြီး အကျိုးကြောင်းမေးမြန်းခဲ့ရာ အမှုအား ပြန်လည်စစ်ဆေးပေးခဲ့ပြီး ပိုင်ရှင်အား အမှုဖွင့်ပြီးနောက် အစိုးရဘဏ်မှ တဆင့် လုပ်အားခများ ကို ပြန်ထုတ် ပေးရေးအတွက် ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026