NEWS

Money Changer ကောင်တာငါးခုငွေလဲခွင့်ပိတ်သိမ်းခံရပြီး ပြင်ပဒေါ်လာဈေးထပ်မံကျဆင်းလာ

CoverLogo
14K Views

ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့  ဗဟိုဘဏ်မှထုတ်ပြန်ထားတဲ့  အမိန့်ညွှန်ကြား ချက်တွေကို  လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့  နိုင်ငံခြားငွေလဲကောင်တာငါးခုကို အရေးယူလိုက်ရာ ပြင်ပဒေါ်လာဈေးထပ်မံကျဆင်းလာတယ်လို့ သိရပါတယ်။

“မနေ့ကအရေးယူလိုက်တဲ့ ကောင်တာတွေရှိတယ်။ Money Changer တွေပေါ့။ ပိုင်ရှင်တစ်ဦးတည်းလို့ ထုတ်ပြန်ချက်အရသိရတယ်။ ဒီနေ့မှာတော့ဝယ်ချင်တဲ့သူတွေများနေတယ်  ဒါပေမဲ့ရောင်းမဲ့သူပေါ်မလာဘူး။ အရင်ရက်တွေကရောင်းချင်တဲ့သူတွေက ဈေးခေါ်တယ်။ဝယ်ချင်တဲ့သူကဈေးညှိတယ်။ မကြိုက်ရင်မဝယ်ဘူး။ ဒီနေ့တော့အရောင်းတွေပျောက်နေတယ်။ ဈေးကလည်း ၃၂၀၀ လောက်ဖြစ်သွားတယ်”လို့  ဒေါ်လာဖြင့်လုပ်ငန်းလည်ပတ်နေသူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၇ ရက်နေ့က နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ အရ ဗဟိုဘဏ်မှထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြား ချက်များအား လိုက်နာခြင်းမရှိတဲ့ နိုင်ငံခြားငွေလဲကောင်တာဖြစ်တဲ့ Money Changer ငါးခုကိုသုံးလစီပိတ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။  အဆိုပါငွေလဲကောင်တာငါးခုဟာ  Family Moe Paing Co., Ltd ၏ Money Changer များဖြစ်ပြီး  စက်တင်ဘာ ၁၉ ရက်မှစတင်၍လိုင်စင် ၃ လဆိုင်းငံ့လိုက်တယ်ဆို့ သိရပါတယ်။

အဆိုပါ ကုမ္ပဏီသည် ဗဟိုဘဏ်၏ ၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၉ ရက်က ခွင့်ပြုထုတ်ပေးထားသည့် Money Changer License အမှတ် CBM-FEMD-122,2013 ရရှိထားသော ကုမ္ပဏီဖြစ်ပြီး  Money Changer များကတော့  ဗဟန်းမြို့နယ်အ တွင်းကောင်တာနှစ်ခု၊ ရွှေဂုံတိုင်တွင် ကောင်တာတစ်ခု၊ ကျောက်တံတားမြို့နယ်အတွင်း ကောင်တာနှစ်ခု စုစုပေါင်း ကောင်တာ(၅)ခုကို  နိုင်ငံခြားငွေဝယ်ယူခြင်း၊ ရောင်းချခြင်း၊လဲ လှယ်ခြင်းများအား ဆောင်ရွက်ခွင့်မရှိကြောင်း ဗဟိုဘဏ်ကအသိပေးထုတ်ပြန်ခဲ့တာပါ။

အဆိုပါအရေးယူမှုကြောင့်   ပြင်ပဒေါ်လာဈေးကွက်ဟာလည်း  ယမန်နေ့က ၃၄၀၀ ကျပ်ပေါက်ဈေးရှိနေရာမှာ   ယနေ့စက်တင်ဘာ ၁၉ ရက်နေ့မှာတော့ ၃၂၀၀နဲ့ ၃၂၅၀ သာရှိနေပြီး ရောင်းလိုသူရှားပါးကာ  ဝယ်ယူလိူုသူများနေတဲ့အပြင်  ထပ်မံပြီးကျဆင်းဖို့မြင်နေရတယ်လို့ ခန့်မှန်းနေကြတယ်လို့ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026