LATWARWAR(3)GARMENT စက်ရုံမှအလုပ်သမားများကို ဥပဒေနှင့် အညီခွင့်ရက်ခံစားခွင့်မပေးတဲ့အပြင် တနဂ်နွေပိတ်ရက်ကိုပါအလုပ်သမားများရဲ့ ဆန္ဒမပါပဲအဓမ္မခေါ်ယူခိုင်းစေနေပြီးအလုပ်မဆင်းပါက လုပ်ခလစာထဲကငွေကျပ်(၁၀၀၀၀) အထိဖြတ်တောက်နေတယ်လို့နစ်နာသူအလုပ်သမားတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။
အဆိုပါ Lat War Garment စက်ရုံပိုင်ရှင်မှာတရုတ်လူမျိုးတဦးဖြစ်ပြီးအမှတ်၂/၁မင်းကြီးမဟာမင်းခေါင်လမ်းနှင့်ဖန်ချက်၀န်ဦးရွှေအိုးလမ်း၊ အဆင့်မြင့်လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ် နေတဲ့စက်ရုံတခု ဖြစ်ကာအလုပ်သမား(၄၀၀)ကျော်ဖြင့်လုပ်ကိုင်လျှက်ရှိတယ်လို့သိရပါတယ်။
"စက်ရုံကတနင်္ဂနွေနေ့တွင် မဖြစ်မနေအလုပ်သမားဆန္ဒမပါဘဲ အတင်းအဓမ္မဆင်းခိုင်းပြီးအကြောင်းကိစ္စတစ်စုံတစ်ရာရှိလို့မဆင်းရင်လဲ တနင်္ဂနွေနေ့ကိုခွင့်တိုင်ရတယ် ခွင့်တိုင်ပြန်လဲ မဆင်းလို့ဆိုပြီး (ဖေဖော်ဝါရီ ၁၃ )ရက်နေ့ကတနင်္ဂနွေနေ့မဆင်းလို့လစာထဲတွင်(၁၀၀၀၀)ကျပ်ဖြတ်လိုက်တယ် အလုပ်သမားများဥပဒေနှင့်အညီရရှိမည့်ခွင့်ရက်နှင့်အလုပ်ပိတ်ရက်များလည်းမရဘူး"လို့နစ်နာသူအလုပ်သမားတဦးက Myanmar Labour News ကိုပြောပါတယ်။
ဒါ့အပြင်စက်ရုံဖက်ကအလုပ်သမားများတစ်ရက်တာ ချုပ်လုပ်နိုင်တဲ့ပမာဏထက်အဆမတန်ကျော်လွန်ပြီး စံချိန်တွေတိုးတောင်းတာတွေအပြင် လိုင်းခေါင်းဆောင် စူပါ အောစူပါများမှအလုပ်သမားများကိုညစ်ညမ်းစွာဆဲဆိုခိုင်းစေတာတွေလည်းရှိနေသေးတယ်လို့သိရပါတယ်။
"ညစ်ညစ်ညမ်းညမ်းကိုဆဲပြီးခိုင်းတာ အလုပ်သမားတွေဖက်ကမခံချင်လို့တိုင်ချင်ပေမယ့်ဒီကာလမှ ာဘယ်ကိုတိုင်လို့တိုင်ရမှန်းမသိဘူးဖြစ်နေကြတယ် သမဂ္ဂလဲဒီမှာမရှိဘူး"လို့အဆိုပါစက်ရုံမှနစ်နာသူအလုပ်သမားတဦးကထပ်ပြောပါတယ်။
Lat War(3) GARMENTအထည်ချုပ်စက်ရုံမှာ IDENTIC, Janina အစရှိတဲ့အမှတ်တံဆိပ်နဲ့အထည်များကိုအဓိကထားချုပ်လုပ်နေတဲ့စက်ရုံတခုဖြစ်တယ်လို့လဲသိရပါတတယ်။
လက်ရှိမှာတော့အလုပ်သမားတွေဖက်က တနင်္ဂနွေအိုတီ (အချိန်ပို) ကိုအလုပ်သမားများဆန္ဒပါမှဆင်းလိုတဲ့အပြင် တနင်္ဂနွေမဆင်းလို့ဖြတ်တောက်ထားသည်ပိုက်ဆံ(၁၀၀၀၀)ကျပ်ကို အလုပ်သမားများကိုစက်ရုံဖက်ကပြန်ရှင်းပေးစေချင်တယ်လို့ ဆိုပါတယ်။