NEWS

ပုသိမ်မြို့ Amava Apparel စက်ရုံမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင်များခွဲခြားဆက်ဆံခံနေရ

CoverLogo
1.3K Views

တီတိုင်း ၊ ပုသိမ်မြို့ ၊ အမှတ် ၁၃ရပ်ကွက်က Amava Apparel အထည်ချုပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင် တွေကို ခွဲခြားဆက်ဆံတာတွေပြုလုပ်ပြီး ခေါင်းဆောင်တစ်ဦးအားလည်း အပြစ်မဲ့ အလုပ်ထုတ်လိုက်တယ်လို့သိရပါတယ်။

"သမဂ္ဂ ဥက္ကဌ ဖြစ်သူကို အပြစ်မဲ့အလုပ်ထုတ်လိုက်တဲ့ ကိစ္စကို ညီမတို့က ရုံးပေါ်ကိုသွားမေးတော့ HR က ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ပုံစံနဲ့ ကြိုက်သလိုတိုင်လို့ပြောတယ် အဲ့နေ့ကစပြီး ညီမတို့ကို OT မပေးတော့ဘူး သမဂ္ဂ ဥက္ကဌ ဘက်က သက်သေလိုက်ပေးတဲ့ဝန်ထမ်းကောင်မလေးကိုလည်း OT မပေးဘူး" လို့ အဆိုပါစက်ရုံမှ ဝန်ထမ်းတစ်ဦးကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ ကျန်ခဲ့တဲ့ သမဂ္ဂအလုပ်အမှုဆောင်တွေအနေနဲ့ တာဝန်ရှိသူတွေ စက်ရုံကိုလာရောက်စဥ် တွေ့ခွင့်ပေးဖို့တောင်းဆိုရာမှာလည်း မန်နေဂျာက လက်ခံခြင်းမရှိဘူးလို့ ဆိုပါတယ်။

Amava Apparel စက်ရုံမှာ သီရိလင်္ကာ နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေကာ Blaklader၊ KARRIMOR စတဲ့ ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာ ဖြစ်ပါတယ်။

"WCC ရွေးချယ်တာမှာ အလုပ်သမားကိုယ်စားလှယ်ကို Super နဲ့ Leader တွေကိုပဲထည့်တယ် ညီမတို့ အောက်ခြေဝန်ထမ်းတွေကို မပါခိုင်းဘူး ဒါကို မန်နေဂျာ ကိုသွားမေးတော့ ပြည့်သွားပြီလို့ပြောလွှတ်တယ် WCC မှာ ဘယ်သူဝင်အရွေးချယ်ခံမလဲလို့လဲ မမေးဘူး မကြေညာဘူး ဒီ ကိစ္စကို အလုပ်သမား တွေကမကျေနပ်ဘူး ဒါကြောင့် အလုပ်သမားသမဂ္ဂကဥက္ကဌကို ညီမတို့မေးတယ် သမဂ္ဂ ဥက္ကဋ္ဌက သိချင်တဲ့ အလုပ်သမား တစ်ယောက်နှစ်ယောက်လိုက်ခဲ့ ရုံးပေါ်ကို သွားမေးပေးမယ်လို့ပြောခဲ့တယ် ဒါကို လိုင်း ၁၄ Super ထက်ထက်မွန်က သမဂ္ဂ ဥက္ကဌကို အင်အားပြဖို့ လှုံဆော်နေပါတယ်ဆိုပြီး WCCကို တိုင်စာတင်တယ်။ ဒီတိုင်စာအတိုင်းဆို သက်သေလဲမရှိဘူး တကယ်လဲမလုပ်ခဲ့ဘဲ ၆ လပိုင်း ၂၂ရက်နေ့မှာ သမဂ္ဂဥက္ကဌ ကို လုပ်ငန်းခွင် ဆူပူစေတယ်ဆိုပြီး အလုပ်ထုတ်လိုက်တယ်"လို့ သမဂ္ဂ ခေါင်းဆောင်ကို အလုပ်ထုတ်တဲ့ဖြစ်စဥ်ကို အလုပ်သမားတစ်ဦးက ပြောပြပါတယ်။

Amava Apparel အထည်ချုပ်စက်ရုံဟာ အလုပ်သမားအင်အားလျှော့ချရာမှာလဲ သမဂ္ဂခေါင်းဆောင်တွေ အဖွဲဝင်တွေကို ကိုလျှော့ချခဲ့ပြီး ပြန်လည်မခေါ်ဘဲ ချန်လှပ်ကာ အလုပ်သမားအသစ်တွေသာ ခေါ်ယူနေတယ်လို့သိရပါတယ်။

"၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာမှာ လုပ်သား ၇၀ ကျော် ပထမအကြိမ် လျှော့ခဲ့ပြီး ၂၀၂၃ ခုနှစ် ၊ ဧပြီမှာ လုပ်သား၇၀ ကျော်ထပ်မံ လျှော့ခဲ့တယ်။ ဒီလျှော့ချတဲ့အထဲမှာ အလုပ်သမားအခွင့်အရေးသိသူတွေ၊ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေ၊ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ သမဂ္ဂခေါင်းဆောင်တွေ ပါဝင်ခဲ့တယ်။ ခုလဲ စက်ရုံက သမဂ္ဂခေါင်းဆောင်တွေပါတဲ့လိုင်းကို ထပ်ဖြုတ်ဖို့စီစဥ်နေတာကို Leader တွေကနေ တစ်ဆင့် ကြားရတယ်။ Leader ခေါင်းဆောင်နဲ့ ပဏာသင့်တဲ့သူတွေကိုတော့ ပြန်ရွေးထားတယ်၊ စက်ရုံဘက်က လူလိုတာနဲ့ လုပ်သားလျှော့ချရာမှာ ပါဝင်တဲ့သူတွေကို ဦးစားပေးခေါ်ယူမယ်ပြောခဲ့ပြီး၊ လူဟောင်းတွေပြန်မခေါ်ဘဲ လူသစ်တွေကို နေ့စားတစ်ရက် ၄၀၀၀ နဲ့ ပြန်ခေါ်နေတယ်။ နေ့စား ဝန်ထမ်းတွေဆိုရင် ခြောက်လ ပြည့်ဖို့ တစ်ရက်အလိုတွေမှာ ဖြုတ်ပစ်တယ်။ ပြီးရင်ပြန်လာလျှောက်ခိုင်းတယ် ။ နေ့စားဝန်ထမ်းတွေအတွက် ဘာအခွင့်အရေးမှမရှိသလို့ ညဘတ် အချိန်ပိုတွေ ခေါ်ရင်လည်း ငြင်းလို့မရဘူး။ စက်ရုံ ပိုင်ရှင်လာမှ နေ့စားတွေကို အတည်ပြု ဝန်ထမ်းလုပ်ပေးတာတွေရှိတယ်။ နေ့စားသမားတွေကိုလည်း သမဂ္ဂထဲ မဝင်ဖို့ပြောတယ် ။ခြိမ်းခြောက်တယ် ။ ဒါဟာ သမဂ္ဂကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းတာ"လို့အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။ 

"အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ၊ သမဂ္ဂအဖွဲ့ဝင်တွေ ၊ သမဂ္ဂလိုင်းကိုယ်စားလှယ်တွေနဲ့ သမဂ္ဂ အဖွဲ့ဝင်မဟုတ်သူတွေကို စက်ရုံဘက်က ခွဲခြားဆက်ဆံတယ်။ ပွိုင့်မပေးတာတို့၊ အလုပ်သမားတွေနဲ့ ဝေးတဲ့နေရာ နောက်ဆုံးလိုနေရာမျိုးမှာထားတယ်။ အလုပ်သမားတွေနဲ့ ပေါင်းမထားဘူး။ အလုပ်သမားတွေကိုလည်း သမဂ္ဂနဲ့ စကားမပြောဖို့ခြိမ်းခြောက်တယ်။ သမဂ္ဂအဖွဲ့ဝင်ထားရင် အပြစ်မရှိအပြစ်ရှာတယ်။ အိမ်သာသွားရင်တောင် ပြောဆိုခံရတယ်။"

"သမဂ္ဂခေါင်းဆောင်တချို့ ကိုလည်း မစ္စတာဘွတ်က သူ့ရုံးခန်းခေါ်ပြီး သမဂ္ဂအလုပ်လုပ်တာ ပိုက်ဆံရလို့လုပ်နေတာလား ၊ သမဂ္ဂတာဝန်တွေလုပ်စရာမလိုဘူးလို့ ခေါ်ပြောတာတွေရှိတယ်" လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

၂၀၁၉ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့မှာလည်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ၊ လုပ်ငန်းခွင်တွင်း ဖိနှိပ်ခံရတာတွေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတာတွေကြောင့် အလုပ်သမားတစ်ထောင်လောက်က အချက် ၁၉ ချက်ပါ တောင်းဆို ချက်တွေကို စက်ရုံရှေ့မှာ စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။ 

အဲဒီတောင်းဆိုချက်တွေကို အလုပ်ရှင်၊အလုပ်သမားနဲ့ အစိုးရတို့ သဘောတူ လက်မှတ်ထိုးစာချုပ်ဆိုခဲ့ပေမဲ့ စာချုပ်ပါ အချက်တွေကို အလုပ်ရှင်က ချိုးဖောက်ခဲ့တာကြောင့် ၂၀၂၃၊မေလ၊၄ရက်မှာ စာချုပ်ကို မချိုးဖောက်ဖို့ ထပ်မံတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကလည်း စက်ရုံဘက်က အလုပ်သမားတွေ ဆေးလက်မှတ် ခွင့်ယူရင် မပေးဖို့ လူမှုဖူလုံရေး (လမဖ)ကိုပြောဆိုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ 

ဒီလိုဖြစ်စဥ်မျိုး Myanmar Knitting အထည်ချုပ်စက်ရုံမှာလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

 #MyanmarLabourNews


Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026