NEWS

KB Microfinance Myanmar ကုမ္ပဏီကအချိန်ပိုကြေးမပေးဘဲလုပ်အားခများခေါင်းပုံဖြတ်နေဟုဆို

CoverLogo
1.3K Views

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ အမှတ် (၉)တွင်ဖွင့်လှစ်ထားသော KB Microfinance Myanmar  Co,LTD ဟာ  ၀န်ထမ်းများအပေါ်အချိန်ပိုကြေးတွေမပေးဘဲ လုပ်အားခများခေါင်းပုံဖြတ်နေတယ်လို့ အလုပ်သမားတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
 
အဆိုပါချေးငွေကုမ္ပဏီဟာ  ကိုရီးယားသွားမည့်သူများကို ချေးငွေချေးပေးတဲ့လုပ်ငန်းလုပ်ကိုင်နေတာ ဖြစ်ပြီး  မြန်မာတစ်နိုင်ငံလုံးအနေဖြင့် သန်လျင်၊ သာကေတ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တွံတေး၊ မန္တလေး၊ မုံရွာ၊ မုဒုံ၊ နေပြည်တော်၊ ဟင်္သာတ၊ တောင်ငူ၊ ကျောက်ဆည်၊ထားဝယ်၊ တောင်ကြီး၊ မကွေး၊ စဉ်ကူ၊ ပျဉ်မနား၊ စလင်း၊ အခြားမြို့နယ်များတွင်လည်း ချေးငွေကုမ္ပဏီ ခွဲပေါင်းအနေဖြင့် ရုံခွဲပေါင်(၃၀)အထိဖွင့်လှစ်ထားပြီး ရုံခွဲများစုစုပေါင်းလျှင် ဝန်ထမ်းပေါင်း (၆၀၀)ခန့်လောက်ဖြင့် လုပ်ငန်းလုပ်ကိုင်နေတာလို့ သိရပါတယ်။  

ယခုလိုချေးငွေကုမ္ပဏီများဖွင့်ထားသော်လည်း ၎င်းကုမ္ပဏီမှာအလုပ်လုပ်ကိုင်နေသော ဝန်ထမ်းများမှာအလုပ်သမားအခွင့် အရေးများချိုးဖောက်ခံနေရသည့်အပြင် အချိန်ပိုအိုတီများဆင်းရသော်လည်း အချိန်ပိုအိုတီကြေးကိုမပေးဘဲ ခိုင်းစေနေခြင်းဖြစ်တယ်လို့သိရပါတယ်။  

ယင်းကုမ္ပဏီက ဝန်ထမ်းများကိုခိုင်းစေရာတွင် ဥပဒေတွင်သတ်မှတ်ထားသော အလုပ်ချိန်တိုင်ခိုင်းစေခြင်းမဟုတ်ဘဲ ယာဉ်မောင်းအလုပ်သမားများရဲ့အလုပ်ချိန်မှာ နံနက်၆နာရီအလုပ်ဝင်ရပြီး  ညနေ့၆ နာရီအထိအလုပ်လုပ်ပေးရကာ ယာဉ်မောင်း အလုပ်သမားများကို တစ်နေ့အလုပ်ချိန်၁၂နာရီသတ်မှတ်ထားခြင်းကြောင့် ယာဉ်မောင်းအလုပ် သမားများရဲ့ အလုပ်ချိန်၁၂နာရီကျော် တာဝန်ထမ်းဆောင်ပြီး နောက်ပိုင်းမှသာ အချိန်ပို အိုတီကြေးရရှိတာလို့ သိရပါတယ်။ 

ယာဉ်မောင်းအလုပ်သမားတစ်ဦးရဲ့ တစ်နေ့အလုပ်လုပ်ချိန်၁၂နာ ရီမကျော်ဘူးဆိုပါက  တစ်လလုံးလုံးအချိန်ပိုကြေးမရရှိသလို အလုပ်ချိန်တစ်နေ့ ကို ၁၂နာ ရီဖြင့် တစ်လကို ၂၅၀၀၀ ကျပ်ဖြင့်ကားသမားများကို လက်မှတ်ထိုးခိုင်းရာ  ဝန်ထမ်းများကလည်း  အလုပ်သမားဥပဒေကိုနာလည်မသိတဲ့အတွက် ကုမ္ပဏီဘက်မှပြောသည့်အတိုင်းသာ လက်မှတ်ထိုးခိုင်းထားတာလို့ဆိုပါတယ်။ 

"အရင်ကအခုလိုမဟုတ်ဘူး အာဏာသိမ်းပြီးနောက်ပိုင်းမှသာ အပြောင်းအလဲတွေလုပ်လိုက်တာပါ"လို့ အလုပ်သမားကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှသာ ယခုလိုအချိန်ပိုကြေးမရတာနဲ့ လုပ်အားခခေါင်းပုံဖြတ်တာတွေဖြစ်ပေါ်လာတာဖြစ်ပြီး  ယခင်ကအလုပ်ချိန်မှာ၁၂နာရီမလုပ်ရသည့်အပြင် အချိန်ပိုဆင်းလျှင်လည်းအချိန် ပိုကြေးရရှိခဲ့တာကြောင် အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ ကုမ္မဏီဘက်မှအပြောင်းအလဲများလုပ်ပစ်ခြင်းဖြစ်တယ်လိုသိရပါတယ်။  

တစ်ခါတစ်ခါ စနေနေ့များတွင် အချိန်ပိုအိုတီဆင်းရ သော်လည်းကုမ္ပဏီဘက်မှ ယာဉ်မောင်းများကို အလုပ်ဆင်းခိုင်းလျှင် တစ်ခါတစ်လေနေ့တစ်ဝက်ဆင်းရခြင်း၊ တစ်ခါတစ်လေတစ်နေ့ကုန်ဆင်းရပြီး ပိုက်ဆံ(၃၀၀၀)ကျပ်သာရှင်းပေးတာကြောင့် ဝန်ထမ်းများအပေါ်တွင် ခေါင်းပုံဖြတ်နေခြင်းများပြုလုပ်နေတာလို့ ဆိုပါတယ်။ 
 
ယခုအခါ အဆိုပါဝန်ထမ်းများအနေနဲ့ ၎င်းတို့အချိန်ပိုကြေးမရရှိတာနဲ့ခေါင်းပုံဖြတ်ခံရမှုအတွက် ဖြေရှင်းနိုင်ဖို့ ၁။ ကုမ္မဏီဘက်မှ ယာဉ်မောင်းသမားများ အလုပ်ချိန်ကိုဥပဒေနှင့် အညီသတ်မှတ်ပေးရန်။ ၂။ ကုမ္မဏီဘက်မှမပေးခဲ့သောလများအတွက် အချိန်ပိုအိုတီကြေးများကိုပြန်လည်းပေးရန်တို့ဆိုတဲ့ တောင်ဆိုချက်၂ချက်ကိုတောင်းဆိုလိုတယ်လို့ သိရပါတယ်။


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026