NEWS

JLPT စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြား နိုဝင်ဘာ ၁ ရက်မှ စတင်ထုတ်ယူနိုင်

CoverLogo
417 Views
 
၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာ ပြုလုပ်ကျင်းပမယ့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT)အတွက် ဖြေဆိုခွင့်ကတ်ပြား(Online Test Voucher) နိုဝင်ဘာ ၁ ရက်မှစပြီး ထုတ်ယူနိုင်ပြီ လို့ JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းက အသိပေးထုတ်ပြန်ထားပါတယ်။
 
၄င်းဖြေဆိုခွင့်ကတ်ပြား(Online Test Voucher) ကို နိုဝင်ဘာ၁ရက်မှစစတင်ကာ စာမေးပွဲဖြေဆိုတဲ့နေ့အထိ ထုတ်ယူနိုင်ကာ ဖြေဆ်ိုခွင့်ကတ်ပြား ထုတ်ယူနိုင်မယ့် website Link များ ကို မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) page မှာ ကြေညာပေးထားပါတယ်။
 
စာမေးပွဲ ဖြေဆိုတဲ့ နေ့တွင် ဖြေဆိုခွင့်ကတ်ပြား ( Online Test Voucher)ကို Colour print ထုတ်ယူ၍ ယူဆောင်လာရမှာ ဖြစ်ပြီး ဖုန်းဖြင့် ပြသတာမျိုး မရရှိကြောင်း အသိပေးထားပါတယ်။
 
Online Test Voucher မှာ စာမျက်နှာ ၃ မျက်နှာပါရှိ တဲ့ အတွက် ၎င်းစာမျက်နှာအားလုံးကို Colour print ထုတ်ယူကာ စာမေးပွဲဖြေဆိုတဲ့နေ့မှာ ယူဆောင်လာရမှာ ဖြစ်သလို မှတ်ပုံတင်သို့မဟုတ် နိုင်ငံကူးလက်မှတ်၊ သက်တမ်းရှိယာဉ်မောင်းလိုင်စင် စတဲ့ သက်သေခံကတ် တစ်ခုခု ပါရှိမှသာ ဖြေဆိုခွင့်ရရှိမယ်လို့ဆိုပါတယ်။
 
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် တစ်ဦးချင်းလျှောက်ထားသူတွေကို ဩဂုတ် ၄ ရက်မှ ဩဂုတ် ၁၄ ရက်အထိ လက်ခံခဲ့ပြီး စာဖြေဌာနများမှ ခုံနေရာ တိုးမြင့်နေရာချထားနိုင်တာကြောင့် တစ်ဦးချင်းအလိုက် လျှောက်ထားမှုအတွက် ဩဂုတ် ၂၁ ရက်နှင့် ၂၂ ရက် အထိ တိုးမြှင့်သက်မှတ်လက်ခံခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026