NEWS

JLPT စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြား နိုဝင်ဘာ ၁ ရက်မှ စတင်ထုတ်ယူနိုင်

CoverLogo
186 Views
 
၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာ ပြုလုပ်ကျင်းပမယ့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT)အတွက် ဖြေဆိုခွင့်ကတ်ပြား(Online Test Voucher) နိုဝင်ဘာ ၁ ရက်မှစပြီး ထုတ်ယူနိုင်ပြီ လို့ JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းက အသိပေးထုတ်ပြန်ထားပါတယ်။
 
၄င်းဖြေဆိုခွင့်ကတ်ပြား(Online Test Voucher) ကို နိုဝင်ဘာ၁ရက်မှစစတင်ကာ စာမေးပွဲဖြေဆိုတဲ့နေ့အထိ ထုတ်ယူနိုင်ကာ ဖြေဆ်ိုခွင့်ကတ်ပြား ထုတ်ယူနိုင်မယ့် website Link များ ကို မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) page မှာ ကြေညာပေးထားပါတယ်။
 
စာမေးပွဲ ဖြေဆိုတဲ့ နေ့တွင် ဖြေဆိုခွင့်ကတ်ပြား ( Online Test Voucher)ကို Colour print ထုတ်ယူ၍ ယူဆောင်လာရမှာ ဖြစ်ပြီး ဖုန်းဖြင့် ပြသတာမျိုး မရရှိကြောင်း အသိပေးထားပါတယ်။
 
Online Test Voucher မှာ စာမျက်နှာ ၃ မျက်နှာပါရှိ တဲ့ အတွက် ၎င်းစာမျက်နှာအားလုံးကို Colour print ထုတ်ယူကာ စာမေးပွဲဖြေဆိုတဲ့နေ့မှာ ယူဆောင်လာရမှာ ဖြစ်သလို မှတ်ပုံတင်သို့မဟုတ် နိုင်ငံကူးလက်မှတ်၊ သက်တမ်းရှိယာဉ်မောင်းလိုင်စင် စတဲ့ သက်သေခံကတ် တစ်ခုခု ပါရှိမှသာ ဖြေဆိုခွင့်ရရှိမယ်လို့ဆိုပါတယ်။
 
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် တစ်ဦးချင်းလျှောက်ထားသူတွေကို ဩဂုတ် ၄ ရက်မှ ဩဂုတ် ၁၄ ရက်အထိ လက်ခံခဲ့ပြီး စာဖြေဌာနများမှ ခုံနေရာ တိုးမြင့်နေရာချထားနိုင်တာကြောင့် တစ်ဦးချင်းအလိုက် လျှောက်ထားမှုအတွက် ဩဂုတ် ၂၁ ရက်နှင့် ၂၂ ရက် အထိ တိုးမြှင့်သက်မှတ်လက်ခံခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
လျှပ်စစ်ပစ္စည်း ထုတ်စက်ရုံမှ မြန်မာလုပ်သား ၄၃ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ
Dec 24, 2025
Cover
ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အလုပ်ရှာဖို့ နယ်စပ်ဖြတ်လာကြတဲ့ မြန်မာ၂၇ဦး အဖမ်းခံရ
Dec 24, 2025
Cover
အကူညီတောင်းခံမှုများအတွက် အခကြေးငွေပေးစရာမလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး
Dec 24, 2025
Cover
ထိုင်းမှာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ ကျော် အဖမ်းခံရ
Dec 23, 2025
Cover
မလေးရှားမှ ဖမ်းခံရသော မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ပြန်ပို့ခံရ
Dec 22, 2025
Cover
ပြည်ပလုပ်သားစေလွှတ်မှု ကန့်သတ်ပိတ်ပင်ခံရပြီးနောက်ပိုင်း အလိမ်ခံရတာတွေပိုများလာ
Dec 22, 2025
Cover
မြန်မာအလုပ်သမား ၁၇ဦး ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ခံရ
Dec 20, 2025
Cover
ဝန်ဆောင်ခ ပိုမိုကောက်ခံသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ များအား တိုင်ကြားနိုင်ဟုဆို
Dec 20, 2025