NEWS

ItaIian Thai DeveIopment Public Co,Ltd အား မြန်မာ အလုပ်သမား အမှုဖွင့်

CoverLogo
533 Views

ItaIian Thai DeveIopment Public Co,Ltd ရဲ့ ရေနက်ဆိပ်ကမ်းဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၅၀၀ ဝန်းကျင်က  လုပ်ခလစာမရတာကြောင့် အမှုဖွင့်တိုင်ကြားထားတယ်လို့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။


ထိုင်းနိုင်ငံ၊ လယောင်မြို့၊ မတ်တာဖွတ်မှာရှိတဲ့ ItaIian Thai DeveIopment Public Co,Ltd ရဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ မြန်မာ MOU လုပ်သား ၃၀၀ ကျော်နဲ့ CI လုပ်သား ၁၀၀ ကျော်က လုပ်ခလစာအတွက် ညှိနှိုင်းရာမှာ အဆင်မပြေတာကြောင့် အမှုဖွင့်တိုင်ကြားခဲ့တာလို့ သိရပါတယ်။ 


"ခုဆိုရင် လယောင်က ဆောက်လုပ်ရေးအလုပ်သမား ၅၀၀ ကျော်  လုပ်ခလစာ တစ်လစာ မပေးလို့ အမှုဖွင့် တိုင်ကြား တာပါ။ လစာပြန်လည်ရရှိရေး ဆောင်ရွက်ပေးမှာပါ” လို့  မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့ WAG က တာဝန်ရှိသူက ပြောဆိုပါတယ်။ 


အလုပ်သမားတွေရဲ့ တလစာ လုပ်အားခ  ဘတ်သိန်း ၆၀ ထုတ်မပေးတာကြောင့်  မတ်လ ၇ ရက်က ညှိနှိုင်းဖြေရှင်းခဲ့ရာမှာ ကုမ္ပဏီဘက်က အလုပ်သမားခေါင်းဆောင်က လုပ်အားခ ၁၅ ရက်အတွက် ထုတ်ပေးမှာ ဖြစ်ပြီး နောက် ၁၅ ရက်အတွက် လုပ်အားခကိုတော့ မတ်လ ၂၀ ရက်မှ ထုတ်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီအစီအစဉ် ကို အလုပ်သမားတွေက လက်မခံတာကြောင့် မတ်လ ၈ရက်မှာ  ချွန်ပူလီ ၊လယောင် အလုပ်သမား ရုံးကို သွားရောက် အမှုဖွင့်တိုင်ကြားခဲ့တာလို့  WAG အဖွဲ့ဆီက သိရပါတယ်။  


ItaIian ThaI DeveIipment PIibuc Co,Ltd(ရေနက်ဆိပ်ကမ်းဆောက်လုပ်ရေးလုပ်ငန်း)တွင် ၀င်ရောက် လုပ်ကိုင် နေတဲ့ တခြား မြန်မာအလုပ်သမားကလည်း လုပ်ခလစာမရလို့ မတ်လ ၇ ရက်မှာ ဆန္ဒပြတောင်းဆိုခဲ့လို့ ပြေလည်မှု ရရှိခဲ့ပါတယ်။  


Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026