NEWS

ILO ညီလာခံမှာ အမျိုးသားညီညွတ်​ရေးအစိုးရ သုံးပွင့် ဆိုင်ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခွင့်ရရေးကြိုးပမ်းမည်

CoverLogo
798 Views

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ညီလာခံရဲ့သုံးပွင့်ဆိုင်ယန္တရားမှာအမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဦးဆောင်တဲ့သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့တရားဝင်ပူးပေါင်း ဆောင်ရွက်ခွင့်ရရှိရေးဆက်လက်ကြိုးပမ်းသွားမယ်လို့နိုဝင်ဘာ(၂၄)ရက်မှာအလုပ်သမားဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ 

ညီလာခံကို၂၀၂၅ခုနှစ်ဇွန်လမှာပြုလုပ်မှာဖြစ်ပြီးအာဏာသိမ်းစစ်တပ်ကို ILO အနေနဲ့နည်းပညာရပ်ဆိုင်ရာပံ့ပိုးကူညီတာတွေနဲ့ပူးပေါင်းဆောင်ရွက်တာ‌တွေ မလုပ်ရေးနဲ့ILOဖွဲ့စည်းပုံအခြေခံဥပဒေ၊ပုဒ်မ၃၃နဲ့အညီအရေးယူဖို့ဆုံးဖြတ်ခဲ့မှုအပေါ်အမြန်ဆုံးအ‌​ရေးယူနိုင်ဖို့ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ 

"အဖွဲ့ဝင်နိုင်ငံ‌​တွေရဲ့အခြေခံအလုပ်သမားအခွင့်အရေးကိုအစဉ်အလေးထားတဲ့ILOအဖွဲ့နဲ့လွတ်လပ်မှု၊တရားမျှတမှုနဲ့ ဒီမိုကရေစီရေးလိုလားတဲ့အဖွဲ့ဝင်နိုင်ငံတွေ၊နိုင်ငံတကာအလုပ်သမားသမဂ္ဂတွေနဲ့အလုပ်ရှင်အဖွဲ့အစည်းတွေအနေနဲ့မြန်မာပြည်သူတွေဆုံးရှုံးနေတဲ့အခြေခံအလုပ်သမားအခွင့်အရေးလူ့အခွင့်အရေးတွေကိုအမြန်ဆုံးပြန်လည်ဆောင်ကျဉ်းပေးနိုင်ဖို့မြန်မာပြည်သူတွေကိုအမှန်တကယ်ကိုယ်စားပြုတဲ့အမျိုးသားညီညွတ်ရအစိုးရ၊သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့နဲ့လက်တွဲပူးပေါင်းဆောင်ရွက်ပေးဖို့တိုက်တွန်းပါတယ်"လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

လက်ရှိမှာ အဓမ္မစစ်မှုထမ်းခိုင်းတာ၊ အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာ တွေ လုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ILOရဲ့ အ​ခြေခံဥပ​ဒေ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုနဲ့ အရေးယူနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့  ILO ညီလာခံ ဆုံးဖြတ်ချက်အရ မြန်မာ စစ်အုပ်စု အနေနဲ့ ILO သတ်မှတ်ချက် ၈၇ နဲ့ ၂၉  လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုနဲ့ အဓမ္မ လုပ်အားခိုင်းစေမှုနဲ့ပတ်သက်ပြီး မလိုက်နာတဲ့အတွက်ကြောင့် ကမ္ဘာအလုပ်သမား အဖွဲ့ချုပ် အခြေခံဥပဒေရဲ့ အပိုဒ်  ၃၃ (Article 33) အရ ဆောင်ရွက်ဖို့အတွက်  မူကြမ်းရေးဖို့ ILO ညွှန်ကြားရေးမှူးချုပ်ကို ILO ရဲ့အုပ်ချုပ်မှုကော်မတီကနေပြီးတော့ တာဝန်ပေးလိုက်တာဖြစ်ပါတယ်။ 

စစ်ကောင်စီကို ILO က အလုံးစုံ စီးပွားရေးပိတ်ဆို့မှု အောင်မြင်ခဲ့ပါက နိုင်ငံတွင်းသို့ စီးဆင်းနေတဲ့ နိုင်ငံခြားငွေကြေး အားလုံး ကို  ဖြတ်တောက်နိုင်မှာဖြစ်ပါတယ်။ (၂၀၀၀) ခုနှစ်ကလည်း   မြန်မာစစ်တပ် ဦးဆောင်တဲ့ စစ်အုပ်ချုပ်ရေးလက်ထက်မှာ  ILO က မြန်မာနိုင်ငံကို  အာတီကယ် -၃၃ အရ ပထမဆုံးအကြိမ် အရေးယူခဲ့ဖူးပါတယ်။ 

#MyanmarLabourNews


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026