NEWS

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး ကို အမှုများပြန်လည်ရုတ်သိမ်းကာ လွှတ်ပေးသော်လည်း ဆက်လက် တရားရင်ဆိုင်နေရ

CoverLogo
256 Views
 
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ STUM ရဲ့ ဦးဆောင်သူဖြစ်တဲ့ ဒေါ်မျိုးမျိုးအေးကို စွဲဆိုထားတဲ့ အမှုများအား ပြန်လည်ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင် မှ ပြန်လွှတ်လိုက်ပေးမယ့် တရားဆက်ပြီး ရင်ဆိုင်နေရတယ်လို့ STUM ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
 
ဒေါ်မျိုးမျိုးအေး ကို မူလစွဲဆိုထားတဲ့ အမှုများအား ပြန်လည်ရုတ်သိမ်းတဲ့အမိန့်ကြောင့် အောက်တိုဘာ ၂၀ ရက် မှာ အင်းစိန်အကျဉ်းထောင် အချုပ်ခန်းမှ လွတ်မြောက်လာပြီးနေအိမ်မှာပြန်လည်နေထိုင်ခွင့်ရပေမယ့် ရွှေပြည်သာမြို့နယ် တရားရုံး မှာ တရားရုံးဆက်လက်ရင်ဆိုင်ရတဲ့ အပြင် ခံဝန် ပေးအပ်ရန် တရားသူကြီးမှ မှာကြား လိုက်တယ်လို့ STUM က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ရွှေပြည်သာမြို့နယ် တရားရုံးမှ တရားသူကြီးက နောက်ထပ် ရုံးချိန်းမပေးမီ STUM ဦးဆောင်သူ ဒေါ်မျိုးအေး အား ခံဝန် (၂)ဦးနှင့် ငွေ သိန်း (၃၀)အား ရုံးတော်သို့ ယူဆောင်လာရန် နှင့် ပျက်ကွက်ပါက ထောင်ဒဏ်ချမည်ဖြစ်ကြောင်း မှာကြားပြီးနောက် ရုံးချိန်းကို အောက်တိုဘာ၂၄ရက် ပြန်ချိန်းလိုက်တယ်လို့သိရပါတယ်။
 
စွဲဆိုထားတဲ့ အမှုထဲမှ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၀၊ ၄၁ အမှုရဲ့ တရားလို၏ ရုတ်သိမ်းလွှာအား ရုံးတော်သို့ တင်သွင်းရာ ထိုအမှုမှ စွပ်စွဲခံရသူ ဒေါ်မျိုးမျိုးအေး တဦးကို သာ ရုတ်သိမ်းကြောင်းကျန်(၉) ဦးကို အဆိုပါဥပဒေပုဒ်မများနဲ့ ဆက်လက် အချုပ်ဖြင့် တရားရင်ဆိုင်ရမယ်လို့ဆိုတာကြောင့် ရုံးချိန်းတွင် ကျန် (၉)ဦးအတွက် အာမခံလျှောက်ထားလွှာ တင်သွင်းခဲ့တယ်လို့ဆိုပါတယ်။
 
တရားရုံးတော်မှ ခြေချုပ်နှင့် ခံဝန်အမှု ဒေါ်မျိုးမျိုးအေး နဲ့ သီးခြားစွပ်စွဲခံရသူ စုစုပေါင်း (၈)မှုမှ သက်သေ (၁၈) ဦး ကို ရုံးချိန်းတွင်ဆက်တိုက်ဆက်လက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
 
အောက်တိုဘာ၂၄ရက် ဒီကနေ့ ရုံးချိန်းမှာတော့ ၊ STUM ဘက်မှ သင်းဖွဲ့မှတ်ပုံတင် အမှု၏ အာမခံ လျှောက်လဲချက် (နှုတ်ဖြင့်၊ စာဖြင့်) တင်သွင်းမှာ ဖြစ်ပြီး၊ ဒေါ်မျိုးအေး၏ ခံဝန်မှု အပေါ် အမိန့်ချမှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ၂၀ ရက်က STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုသက်နှင်းအောင်၊ မသက်ထားဆွေ တို့ကို စစ်ကော်မရှင် ဘက်မှ စွဲဆိုထားတဲ့အမှုတွေ အားလုံး ကိုရုပ်သိမ်းပြီး ပြန်လည်လွတ်ပေးလိုက်တာဖြစ်ပါတယ်။

Related posts

Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026
Cover
Jie Sen Garment (Myanmar) စက်ရုံ အလုပ်သမား ၄၀ အား အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar LNY CAPS (1) စက်ရုံ ပုတ်ပြတ်လုပ်သားများအား အချိန်ပို ၆၁ နာရီ အဓမ္မခိုင်းစေနေ
Feb 23, 2026