NEWS

အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ် မရသည့် လုပ်သားများ တိုင်ကြားနိုင်ဟု စစ်ကော်မရှင်၊ အလုပ်သမားဝန်ကြီးဌာန ကြေညာ

CoverLogo
379 Views
 
အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမားတွေ ကို အပိုထောက်ပံ့ကြေး တစ်ရက်လျှင် ကျပ် ၁,၀၀၀ ပေးရန် အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့မှုအပေါ် စက်ရုံ အလုပ်ရုံတွေ ဘက်မှ လိုက်နာမှုမရှိပါက အလုပ်သမားတွေ အနေနဲ့ နီးစပ်ရာ အလုပ်သမားဌာန ကို အချိန်နှင့်တစ်ပြေးညီ တိုင်ကြားနိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ၂၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
 
၂၀၂၅ ခုနှစ်အောက်တိုဘာ၁ရက် နေ့မှ စပြီး လက်ရှိထောက်ပံ့လျက်ရှိတဲ့ အပိုထောက်ပံ့ကြေး ကျပ် ၂,၀၀၀ အပြင်ထပ်မံပြီး ကျပ် ၁,၀၀၀ ကို ထပ်ဆောင်းကာ အလုပ်လုပ် သောရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုရန် စစ်ကော်မရှင်ရဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
 
အခုလို အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့မှုအပေါ် အလုပ်ပိတ်ရက်များနှင့် အချိန်ပိုကြေးများတွင် အငြင်းပွားဖွယ်ဖြစ်နိုင်ချေနဲ့ စက်ရုံနှင့် လုပ်ငန်းအချို့က လိုက်နာပေးချေခြင်း မရှိတဲ့ အပေါ် စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက အခုလို ကြေညာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
 
အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို အထောက်အကူပြုရန် ရည်ရွယ်ပြီး အပိုထောက်ပံ့ကြေးကို ခံစားခွင့်ပြုခြင်းဖြစ်တာကြောင့် စက်ရုံ၊ အလုပ်ရုံများနဲ့ လုပ်ငန်းများ အားလုံးမှ စနစ်တကျ လိုက်နာဆောင်ရွက်စေရေးအတွက် အလုပ်သမားဝန်ကြီးဌာန ရဲ့ စစ်ဆေးရေး အရာရှိတွေ က ကွင်းဆင်းစစ်ဆေးကာ ကြပ်မတ်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
 
ဒါ့အပြင် အလုပ်သမားများအနေနဲ့ လည်း အပိုထောက်ပံ့ကြေး မရရှိခြင်းဖြစ်ပေါ်ပါက နီးစပ်ရာ အလုပ်သမားဌာနများ သို့ အချိန်နှင့်တစ်ပြေးညီ တိုင်ကြားနိုင်တယ်လို့ လည်း အသိပေးကြေညာထားပါတယ်။

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026