NEWS

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး၊ ကိုသက်နှင်းအောင် နှင့် မသက်ထားဆွေ တို့ အင်းစိန်ထောင် မှပြန်လည်လွတ်မြောက်

CoverLogo
258 Views
 
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူ ကိုသက်နှင်းအောင် နှင့် မသက်ထားဆွေ တို့ အောက်တိုဘာ၂၀ ညနေ ၄ နာရီခွဲ ခန့်မှာ အင်းစိန် အကျဉ်းထောင်မှ လွတ်မြောက်လာတယ်လို့ STUM ရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
၎င်းတို့ကို အင်းစိန်အကျဉ်းထောင် တွင် ဒုသမ္မတ အမိန့်ဖြင့် လက်ရှိ စွဲဆိုထားတဲ့ အမှုများအားလုံးကို ရုတ်သိမ်းကြောင်း ဖတ်ပြ ကြေငြာပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိကြောင်း ကနဦး သတင်းများ အရ သိရပါတယ်။
 
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါအဝင် STUM အဖွဲ့ဝင် ၁၀ဦး ကို ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများခြေချုပ်နှင့်ခံဝန်အက် ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)၊အသင်းဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၄၀၊ ၄၁ တို့နဲ့ တရားစွဲဆို ဖမ်းဆီးခဲ့ပြီး လက်ရှိမှာ ဒေါ်မျိုးမျိုးအေး လွတ်လာပေမယ့် STUM ဝန်ထမ်း ၉ ဦးကို တော့ အကျဉ်းထောင်းထဲတွင် အသီးသီးထိန်းသိမ်းချုပ်နှောင်ခံရလျက်ရှိကြောင်း သိရပါတယ်။
 
မြန်မာနိုင်ငံစက်မှု၊ လက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS-TUsFရဲ့ အထွေထွေအတွင်းရေးမှုးချုပ် ကိုသက်နှင်းအောင်ကို ၂၀၂၁ခုနှစ် ဇွန်လ ၁၈ ရက်မှာ မတရား ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး အကျဉ်းထောင်အတွင်း လေးနှစ်ကျော် ဖမ်းဆီးခံခဲ့ရကာ ယနေ့အောက်တိုဘာ၂၀ရက်မှ ပြန်လွတ်မြောက်လာခြင်းဖြစ်ပါတယ်။
 

Related posts

Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025
Cover
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေ
Dec 18, 2025