NEWS

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး၊ ကိုသက်နှင်းအောင် နှင့် မသက်ထားဆွေ တို့ အင်းစိန်ထောင် မှပြန်လည်လွတ်မြောက်

CoverLogo
454 Views
 
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူ ကိုသက်နှင်းအောင် နှင့် မသက်ထားဆွေ တို့ အောက်တိုဘာ၂၀ ညနေ ၄ နာရီခွဲ ခန့်မှာ အင်းစိန် အကျဉ်းထောင်မှ လွတ်မြောက်လာတယ်လို့ STUM ရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
၎င်းတို့ကို အင်းစိန်အကျဉ်းထောင် တွင် ဒုသမ္မတ အမိန့်ဖြင့် လက်ရှိ စွဲဆိုထားတဲ့ အမှုများအားလုံးကို ရုတ်သိမ်းကြောင်း ဖတ်ပြ ကြေငြာပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိကြောင်း ကနဦး သတင်းများ အရ သိရပါတယ်။
 
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါအဝင် STUM အဖွဲ့ဝင် ၁၀ဦး ကို ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများခြေချုပ်နှင့်ခံဝန်အက် ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)၊အသင်းဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၄၀၊ ၄၁ တို့နဲ့ တရားစွဲဆို ဖမ်းဆီးခဲ့ပြီး လက်ရှိမှာ ဒေါ်မျိုးမျိုးအေး လွတ်လာပေမယ့် STUM ဝန်ထမ်း ၉ ဦးကို တော့ အကျဉ်းထောင်းထဲတွင် အသီးသီးထိန်းသိမ်းချုပ်နှောင်ခံရလျက်ရှိကြောင်း သိရပါတယ်။
 
မြန်မာနိုင်ငံစက်မှု၊ လက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS-TUsFရဲ့ အထွေထွေအတွင်းရေးမှုးချုပ် ကိုသက်နှင်းအောင်ကို ၂၀၂၁ခုနှစ် ဇွန်လ ၁၈ ရက်မှာ မတရား ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး အကျဉ်းထောင်အတွင်း လေးနှစ်ကျော် ဖမ်းဆီးခံခဲ့ရကာ ယနေ့အောက်တိုဘာ၂၀ရက်မှ ပြန်လွတ်မြောက်လာခြင်းဖြစ်ပါတယ်။
 

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026