NEWS

Huabo Times ဟွာပိုတိုင်းစ် အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
2.5K Views

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊အမှတ် ၁၃ ရပ်ကွက်ရှိ Huabo Time ဟွာပိုတိုင်းစ် အထည်ချုပ်စက်ရုံတွင် အလုပ်သမားတွေ ဥပဒေပါခွင့်တွေမရရှိတဲ့အပြင် လိုင်းကြီးကြပ်ရေးမှူးတွေမှ ကာယိန္ဒြေပျက်ပြားစွာ ရိုင်းစိုင်းဆဲဆိုနေတယ်လို့သိရပါတယ်။

 

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အဆိုပါစက်ရုံမှာ ZARA brand အထည်တွေ ချုပ်လုပ်တာဖြစ်ပြီး စက်ရုံမှာ လုပ်သားအင်အား ၁၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ 

 

လူမှုဖူလုံရေးကြေးဖြတ်တောက်ပေမဲ့ ဖူလုံရေးကတ်ပြားရော အကျိုးခံစားခွင့်တွေပါ ရရှိခံစားရခြင်းမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

 

"အလုပ်စဝင်တဲ့လကနေ လူမူဖူလုံရေးကြေး နှစ်ထောင်ကျော်ဖြတ်တယ် လုပ်သက် ၆လလောက်ဖြစ်တာတောင်လူမူဖူလုံရေးကတ်ပြားရော

ခွင့်ရောမပေးဘူး တစ်ရက်ပျက်တာနဲ့အလုပ်ထုတ်မယ်ဆိုပြီး မီတင်တွေမှာပြောတယ်။ အလုပ်သမားတွေဆီက ပိုက်ဆံသာဖြတ်တာ ဥပဒေပါအခွင့်အရေးကျ မပေးချင်ကြဘူး"လို့ အဆိုပါ စက်ရုံမှ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

 

၂၀၁၂ ခုနှစ်၊ လူမူဖူလုံရေး ဥပဒေအရ အလုပ်သမားတစ်ဦးကို အလုပ်ခန့်ပြီးတိုင်း ၁၀ရက်အတွင်းမှတ်ပုံတင်ပေးရမှာကို အလုပ်ရှင်ဘက်မှ ပျက်ကွက်နေပြီး မှတ်ပုံတင်ပြီးပါကလည်း လူမှုဖူ လုံရေး ကတ်တွေ ထုတ်မပေးဘူးလို့သိရပါတယ်။ 

 

လူမှုဖူလုံရေးဥပဒေအရ အလုပ်သမားရဲ့ မကျန်းမာမှုအတွက် လူမှု ဖူလုံရေးဆေးခန်း ဒါမှမဟုတ် လူမှုဖူလုံရေး အဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသော ပုဂ္ဂလိက ဆေးခန်းများတွင် အခမဲ့ဆေးကုသခွင့် ၊ ဆေးလက်မှတ် ရယူနိုင်တယ် ဆိုသော်လည်း စက်ရုံမှ လူမှုဖူ လုံရေးကတ်ထုတ်မပေးတဲ့အပြင် ခွင့်တင်ပါကလည်း အဆူဆဲခံနေရတာကြောင့် နေမကောင်းသော်လည်း အလုပ်ဆင်းနေကြရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

 

"ညီမတို့စက်ရုံမှာ နေမကောင်းလို့ ခွင့်တင်ရင်ခွင့်မပေးဘူး ၊ နေမကောင်းဘဲ အလုပ်လာပြီး ပိုပြီး နေမကောင်းဖြစ်ရင် ဂိတ်ပတ် gate pass တောင်းရင် ဂိတ်ပတ်မပေးတဲ့အပြင် အထည်မြန်မြန်မချုပ်လို့ အထည်ပုံလို့ ပိုအဆူအဆဲခံနေရတယ်။ OT တစ်ရက်လောက်မဆင်းရင် ကျန်ရက်တွေပါ OT မပေးဘဲ ခွဲခြားဆက်ဆံတယ်။ OT ခေါ်ရင်လည်း အလုပ်သမား ဆန္ဒမကောက်ဘူး ဆင်းရမယ် မဆင်းလို့မရဘူး ဆိုပြီး ပြောတယ် ပြီးရင် အလုပ်ဖိခိုင်းရော ညီမတို့မှာ အလုပ်သမားအခွင့်အရေးရော လူ့အခွင့်အရေးရော ဆုံးရှုံးခံနေရတယ် ၊ အလုပ်သမား ဆန္ဒမပါဘဲ လိုင်းပြောင်းရွှေ့တာတွေလုပ်တယ် All Super Leader တွေနဲ့ ပဏာသင့်တဲ့သူဆို လိုင်းပြောင်းရွှေ့မခံရဘူး၊EC စာချုပ်ကိုလည်း ချုပ်ပေးချင်တဲ့သူ ချုပ်ပေးတယ် စည်းစနစ်မရှိဘူး နောက်ဝင်တဲ့သူတွေသာ EC စာချုပ် ချုပ်ပေးသွားတယ် ရှေ့ကဝင်တဲ့သူတွေမှာ EC စာချုပ် ချုပ်မပေးတာမှ အများကြီးပဲ" လို့ ချိုးဖောက်ခံရတာတွေနဲ့ပတ်သက်လို့အလုပ်သမားကပြောဆိုပါတယ်။

 

အလရက စည်းကြပ်တဲ့ ခွင့်ခံစားမှုထဲမှာ အလုပ်သမား တစ်ယောက်ဟာ အလုပ်သင်ကာလနဲ့ အစမ်းခန့်ကာလတို့မှာ ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက် ၊ မီးဖွားခွင့်ရက်တို့ကို ခံစားခွင့်ရှိသည် ဆိုသော်လည်း Huabo Times အပါအဝင် စက်ရုံအများစုဟာ ခွင့်မပေးဘဲ တစ်ရက်ပျက်တာနဲ့ ခွင့်မဲ့ နဲ့ဝမ်တိန် (warning )ပေးနေကြတယ်လို့သိရပါတယ်။ 

 

"တစ်ရက်ပျက်တာနဲ့ လိုင်းတွေ ပြောင်းပစ်ပြီး ရက်မှန်ကြေး အထည်ဆုကြေး ဒေးကြေးကိုပိုက်ဆံ ၅သောင်းလောက်ဖြတ်ပစ်တယ်"လို့ ဝန်ထမ်းများက ပြောဆိုပါတယ်။

 

"စက်ရုံဝင်ပေါက်တွေကိုလည်း အထည်ပုံးတွေနဲ့ပိတ်ထားလို့ လမ်းလျှောက်ရတာ ကြပ်ညပ်နေတာပဲ အမျိုးသမီး ဝန်ထမ်းတွေဆိုလဲ စက်ခုံတွေရွှေ့ခိုင်းတယ် တွန်းလှည်းတွေတွန်းခိုင်းတယ် အထည်အိတ်တွေဆိုလည်း မနိုင်မနင်းသယ်နေကြရတယ်။ စက်ရုံတွင်းမှာဆိုလဲ ပန်ကာတွေကမကောင်းတာတွေရယ် မလောက်တာတွေရယ် အမြဲပူလောင်နေတာပဲ၊ မီးဘေးအန္တရာယ် ကင်းရှင်းရေး လက်တွေ့သင်တန်းတွေဆိုလဲ အထည် မပြီးမှာစိုးလို့ လူရွေးခေါ်ပြီး ပြီးပြီးရော လုပ်တယ်"လို့အဆိုပါစက်ရုံမှ ဝန်ထမ်းတစ်ဦးက ထပ်မံပြောဆိုပါတယ်။

 

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို အော်ဟစ်ဆဲဆိုတာတွေ ထမင်းစားချိန် မိနစ် ၃၀ ကို ၅ မိနစ် အမြန်စားခိုင်းပြီး အထည်ဝင်မချုပ်ပါက ဆူတာ ဆဲတာ ပြုလုပ်တာရှိပြီး အလုပ်သမားအချင်းချင်းခွဲခြားဆက်ဆံတာတွေပြုလုပ်လျှက်ရှိတယ်လို့လည်း အလုပ်သမားကပြောပါတယ်။

 

" စက်ချုပ်ဌာန လိုင်း ၁၆ လီတာနဲ့လိုင်း ၁၇ လီတာ က အလုပ်ထဲဝင်လာရင် အမြဲအော်ဟစ် ဆဲဆိုနေတာ စောက်သုံးမကျဘူး စောက်နဲ့နှိုင်းတာလဲထပ်နေတာပဲ ကျောကုန်းတွေလဲထုတယ် အထည်တွေနဲ့ ပစ်ပေါက်တာတွေလည်းတွေ့တယ် သူ့လိုင်းထဲက သူတွေဆို အမြဲအငိုနဲ့ ဒဏ်မခံနိုင်တဲ့သူကျထွက်ကုန်ကြတယ် ၊သူနဲ့ ပဏာသင့်တဲ့သူဆို အလုပ်လျှော့ခိုင်းတယ် ပဏာမသင့်ရင် ပွိုင့်တွေအများကြီးထားတယ်၊ ပဲကျတာနဲ့ ဝမ်တိန်ထိုးခိုင်းပြီး ပိုက်ဆံ တွေဖြတ်တယ်" လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

 

အလုပ်ခိုင်းစေရာမှာ ကြမ်းတမ်းရိုင်းပျစွာ ဆက်ဆံခံရပြီး အခုလို အလုပ်သမားတွေရဲ့ ကာယိဒ္ဒြေပျက်ယွင်းအောင် ပြုမူဆက်ဆံတာတွေအပေါ် စက်ရုံတာဝန်ရှိသူတွေဘက်ကလည်း ယင်းလုပ်ရပ်အပေါ်အရေးယူဆောင်ရွက်တာမျိုးမရှိဘူးလို့ သိရပြီး ထိုကြီးကြပ်သူများမှ ဂရုမစိုက်တဲ့ ပုံစံသာ လုပ်နေတယ်လို့ အလုပ်သမား တွေကပြောဆိုပါတယ်။

 

"ညီမတို့ အလုပ်သမားတွေအနေနဲ့ကတော့ စက်ချုပ်ဌာန All Super နဲ့အတူ လိုင်း ၁၆၊ လိုင်း ၁၇ လီတာတွေ အထက်ကလို ပြုမူနေတာတွေကို အ​ရေးယူပေးတာ မျိုး တာဝန်ယူစေချင်တယ်"လို့ ကျေနပ်မှုမရှိတဲ့ အလုပ်သမားကပြောပါတယ်။

 

အဆိုပါ လုပ်ငန်းခွင်ထဲမှာ အလုပ်သမား​သမဂ္ဂဖွဲ့စည်းထားတာရှိပြီး အလုပ်သမားရေးရာ အငြင်းပွားမှုဆိုင်ရာကိစ္စရပ်တွေ အတွက် လုပ်ဆောင်နိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

 

"စက်ရုံထဲမှာ သမဂ္ဂတော့ရှိပါတယ် သမဂ္ဂက အလုပ်ရှင်ဖွဲ့ထားတဲ့သမဂ္ဂဖြစ်နေလို့ ညီမတို့အားကိုးလို့မရဘူး ၊ အလုပ်ရှင်သမဂ္ဂကဆိုရင် အလုပ်စဝင်တာနဲ့ သမဂ္ဂအဖွဲ့ထဲဝင်ဝင်မဝင်ဝင် အဖွဲ့ဝင်ကြေး ၂၀၀ ထည့်ရတယ်"လို့ ထပ်မံပြောဆိုပါတယ်။

 

#MyanmarLabourNews 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026