NEWS

Hope one စက်ရုံ အခွင့်အရေးများ လျှော့ချ

CoverLogo
631 Views
Hope one စက်ရုံက အလုပ်သမားတယောက်ပါ။
 
စက်ရုံကို ဂျပန်နိုင်ငံသားပိုင်ပါတယ်။ စက်ရုံက လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်မှာပါ။ ဂျပန်လူမျိုးပိုင် လူဦးရေ ၈၀၀ နီးပါးရှိပါတယ်။
 
အခု ဂျပန်က လွှတ်လိုက်တဲ့ မြန်မာတယောက် ရောက်နေပါတယ်။ မြန်မာလူမျိုးဖြစ်ပြိး စကားပြောတာ ရိုင်းတာက တော်တော်ဆိုးတာပါ။ ဘာရာထူးနဲ့ ယူထားပြီး ဘာတာဝန်ယူထားမှန်းလည်း မသိပါဘူး။ စက်ရုံက ညနေပြန်တိုင်းစက်ရုံက မုန့်ကျွေးတာက ၁၀ နှစ်လောက် ရှိနေပြီ၊ သူလာမှ မုန့်ဖိုး တနှစ်ကို သိန်း တထောင်လောက် ကုန်တယ်ဆိုပီး မကျွေးတော့ပါဘူး။
 
နောက်ပီး အိုတီ တွေလည်း အရမ်းဆင်းခိုင်းပါတယ်။ မန်နေဂျာက လည်း အဲ့လူပြောတိုင်း လိုက် လုပ်ပေးပါတယ်။
နောက်ပြီးတော့ အလုပ်သမားတွေ အပေါ်မှာလည်း စကားပြောရင် ရိုင်းရိုင်းစိုင်းစိုင်းပြောပါတယ်။ ဆဲတာမျိုးမဟုတ်ဘဲ စကားပြောရင် ရင့်ရင့်သီးသီးပြောတာပါ။
 
သူကရင့်ရင့်သီးသီးပြောရအောင် မန်နေဂျာ လည်းမဟုတ်ဘူးလေ၊ သူ အလုပ်သွင်းပေးထားတဲ့သူတွေကိုတော့ အမ ညီမ နဲ့ဆတ်ဆံပြီး သူနဲ့အဆင်မပြေတဲ့သူတွေကို ရင့်ရင့်သီးသီးပုံစံတွေပြောတာပါ။ အဲလို စကားမျိုး မန်နေဂျာကတောင် မပြောခဲ့ပါဘူး။
 
ရုံးဝန်ထမ်းတွေတောင် သူပြောဆို ဆတ်ဆံပုံတွေ ကို သည်းမခံနိုင်ပါဘူး။ စက်ရုံက သူ့ဟာနဲ့ သူဆို ဆိုးဝါးတဲ့ အထဲ မပါ ဘူး။ အဲတယောက် ရောက်လာပီး မှ အလုပ်လုပ်ရတဲ့ လက်အောက် ဝန်ထမ်းတွေ အဆင်မပြေတော့တာ။
 
စက်ချုပ်တွေ က တနေကုန်ထိုင်ချုပ်ရတာ ပြန်ခါနီး အပေါ့သွားရင် အဲ့တာ သွားရမလားဆိုပြီးလည်း ပြောပါတယ်။
လစာကို လည်း ဒေးကြေးမတိုးဘဲ နားလှည့်ပါးရိုက်တဲ့ ပုံစံလုပ်နေပါတယ်။ လစာ တိုးပေးရလို့ဆိုပြီး အရင်ပေးနေကျ အခွင့်အရေးတွေ အကုန်ပိတ်ပါတယ်။
 
ဝန်ထမ်းတွေက day ကြေး တိုးချင် ကြတယ်။ အဲ့တာကို ဒေးကြေးနဲ့ အိုတီကြေး မတိုးဘဲ ဂရိတ်ကြေးဘဲ တိုးမယ်ပြောပါတယ်။
 
ခုလည်း အိုတီ ကို ၇ နာရီအထိဆင်းခိုင်းပြီး နားချိန်မပေးပါဘူး။ စနေနေ့ကို ၄ နာရီထိ လို့ပြောပီး တချို့တွေ လည်း အိုတီ ဆင်းကျန်ခဲ့တာတွေရှိပါတယ်။ စက်ရုံမှာ ဒေးကြေး ၄ မျိုးလောက်ခွဲပေးပါတယ် ။ လုပ်ခလစာ ၄ မျိုးလောက် ခွဲပေးတာပါ။
 
သက်ဆိုင်တဲ့သူတွေကို သိစေချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026