NEWS

Hanboom အထည်ချုပ်စက်ရုံတွင် စနေ၊ တနင်္ဂနွေ ပိတ်ရက်များပါ အချိန်ပိုခေါ်ယူနေဟုဆို

CoverLogo
1.1K Views

တရုတ်နိုင်ငံသားပိုင် Hanboom(Myanmar) Garment Co.LTD အထည်ချုပ်စက်ရုံမှာ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေကိုပါ အချိန်ပိုခေါ်ယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကို လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အားတစ်ထောင်ကျော်နဲ့  လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။

အချိန်ပိုခေါ်ယူတာတွေကို နေ့စဉ်လုပ်ဆောင်နေပြီး စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာပါ နားရက်မရှိ လုပ်ငန်းလည်ပတ်နေတာပါ။

“သင်္ကြန်ပြီးကတည်းက ခေါ်နေတာပါ။ နားရက်မရှိတော့ အလုပ်သမားတွေက အဆင်မပြေတော့ဘူး။ ဒါပေမယ့် မပြောရဲဘူး ဖြစ်နေတယ်။ စက်ရုံမှာ WCCကော၊ သမဂ္ဂကော ရှိပေမယ့် စက်ရုံမှူးတွေ၊ All Superတွေ ဖြစ်နေတော့ ဘာမှ မပြောရဲကြဘူး”လို့ ယင်းစက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံဘက်က အချိန်ပို ခေါ်ယူရာတွင် မနက် (၈) နာရီမှ ည(၈)နာရီ ၄၀ မိနစ်ထိ တနင်္လာမှ စနေနေ့တိုင်း နေ့စဉ် ခေါ်ယူနေပြီး တနင်္ဂနွေ ပိတ်ရက်တွေမှာတော့ မနက် (၈) နာရီမှ ညနေ (၄) နာရီထိ ခေါ်ယူနေတယ်လို့ သိရပါတယ်။

“စနေနေ့ဆို တစ်ခါတစ်လေ (၄) နာရီထိပဲ ဆင်းရပါတယ်။ လစာကတော့ (၄၈၀၀) နဲ့ပဲ တွက်ပေးတယ်။ အချိန်ပိုကြေးက (၁၂၀၀) နဲ့ ရှင်းပေးပါတယ်။ ညဘက်ဆင်းရတဲ့ရက်တွေမှာတော့ အချိန်ပိုကြေးအပြင် မုန့်ဖိုး (၅၀၀) ထပ်ပေးတယ်။ အသွားအပြန်ကိုတော့ ဖယ်ရီ စီစဉ်ပေးတယ်။ အခုက နားရက်မရှိဖြစ်နေပေမယ့် အပြင်မှာလည်း အလုပ်အကိုင် ရှားနေတော့ အလုပ်သမားတွေက ဘာမှမပြောရဲဘဲ ငြိမ်ခံနေရတယ်”လို့ သူက ပြောပါတယ်။

Hanboom အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ကာလတွေကလည်း အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အိုမန်မှ ပေးစာ
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီးနောက် ကျူးလွန်သူတွေကို ရာထူးချ အရေးယူခဲ့
Apr 10, 2025
Cover
W8W Beauty Salon ဝန်ထမ်း၂၄ဦး လုပ်ခလစာမရသည့်အပြင် ဆေးကုသ စရိတ် မိသားစုမှ တောင်းခိုင်း
Apr 10, 2025