NEWS

EPS ကုန်ထုတ်လုပ်ငန်း စာမေးပွဲအတွက် အောင်မြင်သူ ဆယ်ပုံတပုံသာရှိသေး

CoverLogo
662 Views
 
 
ကိုရီးယားနိုင်ငံကို ကုန်ထုတ်လုပ်ငန်းနဲ့သွားရောက်လုပ်ကိုင်နိုင်အတွက် EPS TOPIK စာမေးပွဲဖြေဆိုသူ(၄၈၀၀၀)ဦးရှိခဲ့ပါတယ်။
လက်ရှိမှာအစိုးရပြည်ပအလုပ်အကိုင်‌ ​အေဂျင်စီထုတ်ပြန်တဲ့ပထမအကြိမ်စာရင်းအရအောင်မြင်သူအရေအတွက်ဟာ(၅၅၄၀)ဦးသာရှိတာကြောင့်ဆယ်ပုံတစ်ပုံကျော်သာအောင်မြင်‌ေသးတာဖြစ်ပါတယ်။
 
လက်ရှိမှာတော့ကိုရီးယားနိုင်ငံကိုသွားရောက်လုပ်ကိုင်လိုသူအများအပြားရှိနေပြီးအမှတ်ပြည့်(၁၀၀)မှာ(၉၇.၅)မှတ်နဲ့အောင်မှတ်ကိုစံချိန်တင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
 
"အမှတ် ၉၂.၅ လောက်ရထားတော့စိတ်ကိုတကယ်​လျှော့ထားတာပါ။အောင်တယ်ပေါ့။စိတ်မပူတော့ဘူး။အခုကျ ၉၇.၅နဲ့‌ ​အောင်မှတ်ဖြတ်တာဆိုတော့အရမ်းခံပြင်းတယ်။ပြောမယ်ဆိုအချိန်ကုန်၊ ငွေကုန်တွေခံထားရတော့အရမ်းကိုမျှော်လင့်ထားတာ။ဖောင်ရဖို့ကိုမနက်အစောကြီးတွေတန်းစီခဲ့ရတာ။အခုအမှတ်ဖြတ်တာကိုကြည့်ပြီးစိတ်ဓာတ်တော်တော်ကျသွားတယ်"လို့စာမေးပွဲဖြေဆိုခဲ့သူတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာအောင်မှတ်ဖြတ်နှုန်းဟာမြင့်လွန်းတာကြောင့်စာမေးပွဲစနစ်ကိုသင်တန်းကျောင်းတစ်ချို့ကလည်းဝေဖန်မှုတွေရှိနေပါတယ် ။
 
"အခုက‌​တော့ skill test ပါဆက်စစ်မယ်ပေါ့။အောင်တဲ့သူတွေက‌​တော့ ထပ်ဖြေကြ​ပေါ့။ကျတဲ့သူတွေကလည်းပြန်ဖြေမလား။နောက်တစ်နိုင်ငံရွေးမလားပေါ့။အမှတ်ဖြတ်တာကမြင့်လွန်းတော့တကယ်တော့အဆင်မပြေဘူး။မူဝါဒတွေဘယ်လိုဆက်ဖြစ်မလဲတော့စောင့်ကြည့်ရမှာပေါ့။‌ ​လော​လောဆယ်စာမေးပွဲစနစ်ကို ဝေဖန်တာတွေရှိနေတာ့ပေါ့"လို့ ဘာသာစကားသင်ကြားရေးပိုင်းမှာလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
 
ကိုရီးယားနိုင်ငံကိုနှစ်နိုင်ငံအစိုးရချင်းချိတ်ဆက်ပြီးစိုက်ပျိုး‌‌​ရေး ၊‌ ​မွေးမြူ‌​ရေးနဲ့ကုန်ထုတ်လုပ်ငန်း‌ ​တွေအတွက်အမျိုးသားလုပ်သားတွေစေလွှတ်ခဲ့တာပါ။
 
အခုနှစ်မှာတော့ဝန်ဆောင်မှုလုပ်ငန်းတွေအတွက်ပါလုပ်သားတွေခေါ်ယူနေပြီးအမျိုးသမီးအလုပ်သမားတွေပါစတင်ခေါ်ယူနေတာဖြစ်ပါတယ်။
 
ကိုရီးယားနိုင်ငံမှာပြည်တွင်းကသွားရောက်လုပ်ကိုင်လိုသူများတဲ့နိုင်ငံဖြစ်ပြီးစာမေးပွဲမှတ်ပုံတင်ကြေးပေးသွင်း‌ဖို့ကိုညအိပ်စောင့်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026