NEWS

CI အတု ပြုလုပ်ပြီး မြန်မာနိုင်ငံ ပြန်ဝင်ရောက် သူတွေကို အရေးယူမယ်လို့ မလေးရှားရှိမြန်မာသံရုံး ကြေညာ

CoverLogo
324 Views
 
C of I (မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်) ကို အတုပြုလုပ်ပြီး မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်သူတွေ ရှိနေတဲ့ အတွက် ဥပဒေအရ အရေးယူမယ်လို့ ကွာလာလမ်ပူရှိ မြန်မာသံရုံးက ဇူလိုင် ၁၆ ရက် မှာ အသိပေးကြေညာထားပါတယ်။
 
မလေးရှား အစိုးရရဲ့ အထူးအစီစဉ် အရ မလေးရှား နိုင်ငံ ရောက်ရှိ နေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံ ကို ပြန်လိုပါက မလေးရှား လူဝင်မှုကြီးကြပ်ရေးမှာ သတ်မှတ်ဒဏ်ကြေး ပေးဆောင်ကာ မြန်မာနိုင်ငံသားဖြစ်ကြောင်း(CI) ကို တော့ မြန်မာသံရုံး မှာလျှောက်ထား ပြီး ရရှိပါက မြန်မာနိုင်ငံသို့ပြန် နိုင်တယ်လို့ အသိပေးထားတာပါ။
 
ယခုအခါ C of I ကို အတု ပြုလုပ်ပြီး မြန်မာနိုင်ငံ သို့ ဝင်ရောက် လာသူတွေ ကို စစ်ဆေးတွေ့ရှိရတယ်လို့ မြန်မာသံရုံးက အသိပေးထားပါတယ်။
 
C of I လျှောက်ထားရာမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်း နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်း၊ ရပ်ကွက်-
ကျေးရွာထောက်ခံစာ မိဘဆွေမျိုးသားချင်းတွေရဲ့ နေရပ်လိပ်စာ ဆက်သွယ်ရမယ့်ဖုန်းနံပတ်တွေ လိုအပ်ပြီး အချက်အလက် ပြည့်စုံ ခိုင်လုံပါက C of I ကို ကွာလာလမ်ပူရှိ မြန်မာသံရုံး က နေ့ချင်းပြီး ထုတ်ပေးတယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာ မြန်မာနိုင်ငံသို့ C of I အတု ပြုလုပ် ဝင်ရောက် သူတွေ စစ်ဆေးတွေ့ရှိ ရတဲ့ အတွက် ပြုလုပ်သူနဲ့ ပြုလုပ်ပေးသူတို့ ကို စစ်ဆေးဖေါ်ထုတ်ပြီး မြန်မာနိုင်ငံနဲ့ မလေးရှားနိုင်ငံ တို့ရဲ့ တည်ဆဲဥပဒေ စည်းမျဉ်း စည်းကမ်း နဲ့ အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။
 
မလေးရှားအစိုးရအနေနဲ့ မြန်မာအပါအဝင်အထောက်အထားမဲ့နိုင်ငံခြားသားလုပ်သားတွေကို မိခင်နိုင်ငံ သို့ တရားဝင်ဒဏ်ငွေဆောင်ပြီး ပြန်နိုင်မယ့်အစီစဉ်ကို၂၀၂၆ ခုနှစ် ဧပြီ ၃၀ရက်အထိ ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
အထောက်အထားမရှိဘဲ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကိုတော့ စီမံချက်နဲ့ ဖမ်းဆီး နေတာမှာ မြန်မာလုပ်သားတွေ လည်း ရာချီ ဖမ်းဆီးခံရတာတွေရှိနေပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026