NEWS

CI လျှောက်ထားမှု အတွက် ဝမ် ၃ သောင်းသို့ ပြောင်းလဲကောက်ခံမည်ဟုတောင် ကိုရီးယားရှိ မြန်မာသံရုံးကြေညာ

CoverLogo
259 Views
 
တောင်ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံ သားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် C of I လျှောက်ထားတဲ့ နူန်းထားကို ကိုရီးယားဝမ်ငွေ ၃သောင်း အဖြစ် ပြောင်းလဲ ကောက်ခံမယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ဖေဖေါ်ဝါရီ ၉ရက်မှာ ကြေညာလိုက်ပါတယ်။
 
ယခင်က မည်သူမည်ဝါဖြစ်ကြောင်းသက်ခံလက်မှတ်( C of I)အတွက် ကိုရီးယားဝမ်ငွေ ၄သောင်း ကောက်ယူရာကနေ အခုဖေဖေါ်ဝါရီလ ၄ရက်က စပြီး ကိုရီးယားဝမ် ငွေ ၃သောင်း သို့ ပြောင်းလဲ ကောက်ယူမယ်လို့ ကြေညာထားပါတယ်။
 
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် C of I ကို ကိုရီးယား နိုင်ငံကို အလည်အပတ် ဖြင့် လာရောက်ပြီး နိုင်ငံကူးလက်မှတ် ပျောက်ဆုံး သူတွေ အနေနဲ့ မြန်မာနိုင်ငံသို့ အပြီး ပြန်တဲ့အခါ လျှောက်ထားကျတာ ဖြစ်ပြီး မြန်မာသံရုံး အနေနဲ့ လည်း မြန်မာနိုင်ငံသား မှန်ကန်ကြောင်း သေချာစိစစ်ပြီး ထုတ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
 
တောင်ကိုရီးယား နိုင်ငံသို့ EPS စနစ် ဖြင့်သွားရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာ နိုင်ငံသား တွေ အများဆုံး ဖြစ်ပေမယ့် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ စားဝတ်နေရေး အခက်ခဲ တွေ စစ်မှုထမ်းအဓမ္မခေါ်ဆောင်တဲ့ အကြောင်းတွေကြောင့် လူငယ်အများစု ပြည်ပကို ထွက်ခွာ မှု များလာရာ တောင်ကိုရီးယား နိုင်ငံသို့ လည်း EPSစနစ် တင်သာမက အခြား နည်းလမ်းအမျိုးမျိုးနဲ့ သွားရောက်အလုပ် လုပ်ကိုင်ကျသူတွေ များလာတယ်လို့ သိရပါတယ်။
 
ပုံစာ- ထိုင်းရောက် မြန်မာနိုင်ငံသားများကို ထုတ်ပေးသော CI စာအုပ်

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026