NEWS

CI ပြုလုပ်ရန်ကျန်ရှိသူများ ဆာမုစခွန်ခရိုင် မဟာချိုင်ရှိ CI စခန်း တွင် ပြုလုပ်နိုင်

CoverLogo
589 Views
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)စာအုပ် ပြုလုပ်ရန် ကျန်ရှိသေးတဲ့ သူတွေ အနေနဲ့ ထိုင်းနိုင်ငံဆာမုစခွန်ခရိုင် မဟာချိုင်မြို့မှာ ဖွင့်လှစ်ထားတဲ့ စီအိုင်ထုပ်‌ပေးရေးရုံးမှာ ပြုလုပ်လို့ရတယ်လို့ ထိုင်းအစိုးရထုတ်ပြန်ချက်အရ သိရပါတယ်။
 
ထိုင်း အစိုးရ အနေနဲ့ ဇူလိုင် ၇ ရက် ကစပြီး မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံအထောက်အထား (CI) ထုတ်ပေးတဲ့ရုံးတွေကို စတင်ပိတ်သိမ်းလိုက်ပေမယ့် ဆာမုစခွန်ခရိုင် မဟာချိုင်မြို့မှာ ဖွင့်လှစ်ထားတဲ့စီအိုင်ရုံးကိုတော့ဆက်လက်ဖွင့်ထားတယ်လို့သိရပါတယ်။
 
"ထိုင်းဘက်က စီအိုင်စခန်းတွေ နဲ့ ပက်သက်ပြီး ဖွင့် လိုက် ပိတ်လိုက်နဲ့ထုတ်ပြန်ချက် တွေ ခဏခဏ ထုတ်နေတာ စီအိုင် လုပ်ဖို့ ကျန်တဲ့ သူတွေ အနေနဲ့ထိုင်းအစိုးရဘက်က နောက်ထပ် ထုတ်ပြန်ချက်အသစ် မထွက်ခင် မဟာချိုင်ရုံး မှာ သွားလုပ်ထားသင့်တယ် အခု က ဖွင့်တယ်သာ ပြောတာ ဘယ်အချိန်ထိ ဖွင့်မယ်ဆိုတာ ထုတ်ပြန်ချက်ထဲမပါဘူး ဒါကြောင့် လိုအပ်တဲ့သူတွေ မြန်မြန်သာသွားလုပ်ထားသင့်တယ်"လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။
 
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအနေ နဲ့ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောက်ကတ်) ပြုလုပ်ထားပြီး နိုင်ငံကူး လက်မှတ် မရှိသေးပါက CI စာအုပ်ပြုလုပ်ကာ အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းမှသာ ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့်၊ ခရီးသွားခွင့်များ ရရှိနိုင်မှာဖြစ်ကာ အကယ်၍ CI စာအုပ်ပြုလုပ်ခွင့်မရလိုက်ပါက Work Permit သက်တမ်းတိုးရာမှာ အခက်အခဲများ ကြုံရနိုင်တယ်လို့သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026