NEWS

CI စာအုပ် သက်တမ်းတိုး လုပ်ငန်းစဉ် အတွက် ဒီဇင်ဘာ ၂၁ ရက်အထိ ရက်တိုးလုပ်ဆောင်ပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာ

CoverLogo
574 Views
 
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI ) သက်တမ်းတိုး လုပ်ငန်းစဉ် တွေ ကို လာမယ့် ဒီဇင်ဘာ ၂၁ရက်အထိရက်တိုးဆောင်ရွက်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
 
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ အလုပ်သမားဝန်ကြီးဌာနနှစ်ခု ပူးပေါင်းပြီး CI စာအုပ် ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ဩဂုတ်လ ၆ရက်မှ နိုဝင်ဘာ၆ ရက်အထိ လုပ်ဆောင်ပေးဖို့ မူလက သတ်မှတ်ထားခဲ့ရာ CIစာအုပ်လဲလှယ်မယ့် မြန်မာအလုပ်သမားတွေ အတွက် အချိန်မလုံလောက်တာကြောင့် ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၂၁ရက်အထိ ရက်ထပ်တိုးပေးတာဖြစ်တယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံ ရှိ မြန်မာအလုပ်သမားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် ထုတ်ပေးရေး စခန်းတွေ ကို ၂၀၂၅ခုနှစ် ဩဂုတ်လ ၆ရက်ကစပြီး စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်နဲ့ဆူရတ်ဌာနီပြည်နယ်တွေမှာ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ရာ ထိုင်နိုင်ငံတောင်ပိုင်းမှ မြန်မာ အလုပ်သမားတွေ အဆင်ပြေစေဖို့ ကရာဘီ တွင် CI စာအုပ် ထုတ်ပေးတဲ့ Mobile Unit တစ်ခုကို အောက်တိုဘာ ၁၀ရက်နေ့က ထပ်မံ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။
 
ဒါကြောင့် CI စခန်း လေးခု နဲ့ Mobile Unit တစ်ခုတို့ကို ဒီဇင်ဘာ ၂၁ရက်အထိ ဖွင့်လှစ် ဆောင်ရွက်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။
 
CI စာအုပ် ပြုလုပ်ရာမှာ ကုန်ကျစရိတ်ကို ဘတ်၂၆၇၀ သာ ကျသင့်မယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပေမယ့် မြေပြင်မှာတော့ သတ်မှတ်ဈေးထက် များစွာကုန်ကျနေတယ်လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေထံမှသိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026