NEWS

CI စာအုပ် သက်တမ်းတိုး လုပ်ငန်းစဉ် အတွက် ဒီဇင်ဘာ ၂၁ ရက်အထိ ရက်တိုးလုပ်ဆောင်ပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာ

CoverLogo
139 Views
 
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI ) သက်တမ်းတိုး လုပ်ငန်းစဉ် တွေ ကို လာမယ့် ဒီဇင်ဘာ ၂၁ရက်အထိရက်တိုးဆောင်ရွက်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
 
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ အလုပ်သမားဝန်ကြီးဌာနနှစ်ခု ပူးပေါင်းပြီး CI စာအုပ် ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ဩဂုတ်လ ၆ရက်မှ နိုဝင်ဘာ၆ ရက်အထိ လုပ်ဆောင်ပေးဖို့ မူလက သတ်မှတ်ထားခဲ့ရာ CIစာအုပ်လဲလှယ်မယ့် မြန်မာအလုပ်သမားတွေ အတွက် အချိန်မလုံလောက်တာကြောင့် ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၂၁ရက်အထိ ရက်ထပ်တိုးပေးတာဖြစ်တယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံ ရှိ မြန်မာအလုပ်သမားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် ထုတ်ပေးရေး စခန်းတွေ ကို ၂၀၂၅ခုနှစ် ဩဂုတ်လ ၆ရက်ကစပြီး စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်နဲ့ဆူရတ်ဌာနီပြည်နယ်တွေမှာ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ရာ ထိုင်နိုင်ငံတောင်ပိုင်းမှ မြန်မာ အလုပ်သမားတွေ အဆင်ပြေစေဖို့ ကရာဘီ တွင် CI စာအုပ် ထုတ်ပေးတဲ့ Mobile Unit တစ်ခုကို အောက်တိုဘာ ၁၀ရက်နေ့က ထပ်မံ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။
 
ဒါကြောင့် CI စခန်း လေးခု နဲ့ Mobile Unit တစ်ခုတို့ကို ဒီဇင်ဘာ ၂၁ရက်အထိ ဖွင့်လှစ် ဆောင်ရွက်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။
 
CI စာအုပ် ပြုလုပ်ရာမှာ ကုန်ကျစရိတ်ကို ဘတ်၂၆၇၀ သာ ကျသင့်မယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပေမယ့် မြေပြင်မှာတော့ သတ်မှတ်ဈေးထက် များစွာကုန်ကျနေတယ်လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေထံမှသိရပါတယ်။
 

Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025