NEWS

CI စာအုပ် သက်တမ်းတိုး လုပ်ငန်းစဉ် ဇန်နဝါရီ ၁၆ ရက် အထိ ရက်ထပ်တိုး ဆောင်ရွက်ပေးမည်ဟု ကြေညာ

CoverLogo
430 Views
 
ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁၆ရက်အထိ ထပ်မံရက်တိုးဆောင်ရွက်ပေးသွားမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန က ဇန်နဝါရီ ၃ ရက်မှာ အသိပေးကြေညာပါတယ်။
 
မူလ က ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၃၁ရက်မှာ CIထုတ်ပေးတဲ့ စခန်းတွေ ပိတ်သိမ်းဖို့ သတ်မှတ်ခဲ့ပေမယ့် 7-Eleven ဆိုင် တွေမှာ ငွေပေးသွင်းပြီးသူ တွေ ကျန်ရှိနေတဲ့အတွက် ထိုင်းနိုင်ငံ က မြန်မာအလုပ်သမားတွေ အလုပ် အကိုင်အခွင့်အလမ်း များ နစ်နာဆုံးရှုံးမှုမရှိ စေဖို့ လုပ်ငန်းဆောင်ရွက်တဲ့ ကာလကို နောက်ဆုံးအကြိမ်အဖြစ်ရက် တိုးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
 
ဒါကြောင့် ထိုင်းရောက် မြန်မာအလုပ်သမား တွေ အနေနဲ့ သတ်မှတ်ကာလအမီ CI စာအုပ် သက်တမ်းတိုး ကို အမြန်ဆုံးသွားရောက်ဆောင်ရွက်ဖို့ အသိပေးထားပါတယ်။
 
အခုလို CIစာအုပ် သက်တမ်းကုန်တော့မယ်သူတွေ အတွက်မြန်မာသံရုံးဘက်မှ CIစခန်းတွေ ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးနေသလို CIစာအုပ် အသစ် ပြုလုပ်ရမယ့် သူတွေ အတွက်လည်း အမြန်ဆုံး ဆောင်ရွက်ပေးဖို့မြန်မာလုပ်သားတွေက တောင်းဆိုနေကျပါတယ်။
 
"CIသက်တမ်းတိုး တွေ အတွက် ရက်ထပ်တိုးပေးတော့ တိုးဖို့ ကျန်တဲ့သူတွေ အဆင်ပြေသွားတာပေါ့ မြန်မာသံရုံးအနေနဲ့ CIသက်တမ်းတိုးတွေ လုပ်ပေးသလို CIအသစ် ပြုလုပ်ရမယ့် သူတွေအတွက်လည်း အမြန်ဆုံးဖွင့်ပေးစေချင်တယ် ထိုင်းမှာ က ဘတ် တစ်ခု ထဲနဲ့ နေရတာ အဆင်မပြေဘူး ဒါကြောင့် အမြန်ဖွင့်ပေးပါလို့ တောင်းဆိုချင်ပါတယ်လို့" ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးရေးစခန်း ၄ ခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့ တွေ နဲ့ Mobile Unit ၁ ခုကို ကရာဘီမြို့မှာ ဖွင့်လှစ်ဆောင်ရွက်ပေး‌နေကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026