NEWS

CI စာအုပ် သက်တမ်းတိုး ထုတ်ပေးရေး အတွက် ဒီဇင်ဘာ ၃၁ရက်အထိ ရက်ထပ်တိုး

CoverLogo
535 Views
 
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် သက်တမ်းတိုး ထုတ်ပေးရေး လုပ်ငန်းစဉ် ကို ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်ပေးမယ်လို့စစ်ကော်မရှင်လက်အောက်ခံ ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက ဒီကနေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။
 
CIစာအုပ် ထုတ်ပေးတဲ့ စခန်းတွေ ကို ဒီဇင်ဘာလ ၂၁ ရက်မှာ ပိတ်သိမ်းဖို့ ကနဦး ကြေညာထားပေမယ့် 7-Eleven စတိုးဆိုင်တွေမှာ ငွေပေးသွင်းသူများ ကျန်ရှိနေတာကြောင့် မြန်မာအလုပ်သမား နစ်နာမှုမရှိစေဖို့ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်တိုးဖွင့်လှစ်မယ်လို့ အသိပေးထားပါတယ်။
 
ဒါကြောင့် ချင်းမိုင်၊ စမွတ်စခွန်၊ စမွတ်ပရကန်နှင့် စူရတ်ဌာနီခရိုင် မှာ ဖွင့်လှစ်ထားတဲ့ CIစခန်း၄ခု နဲ့ ကရာဘီခရိုင်က မိုဘိုင်းစခန်းတစ်ခု တို့မှာ CIစာအုပ်သက်တမ်းတိုး လုပ်ငန်းစဉ်တွေ ကို ဒီဇင်ဘာ ၃၁ရက်အထိ လုပ်ကိုင်နိုင်တယ်လို့ သိရပါတယ်။
 
CI စာအုပ် သက်တမ်းတိုးဖို့ ကျန်ရှိနေသေးတဲ့ မြန်မာလုပ်သားတွေ အနေနဲ့ သတ်မှတ်ကာလ အမှီ အမြန်ဆုံးသွားရောက် လျှောက်ထားဖို့ အသိပေးနှိုးဆော် ထားပါတယ်။
 
CIစာအုပ် ပြုလုပ်ရာမှာ ကုန်ကျစရိတ်ကို ဘတ်၂၆၇၀ သာ ကျသင့်မယ်လို့ ကြေညာထားပေမယ့် အမှန် တကယ်လုပ်ဆောင်ချိန်မှာ သတ်မှတ်ဈေးထက် များစွာ ပေးချေရတယ်လို့ မြန်မာလုပ်သားတွေက ပြောကြားမှုတွေရှိပေမယ့် မြန်မာသံရုံးဘက်မှ စိစစ်အရေးယူတာမျိုးတော့ မရှိခဲ့ဘူး လို့ သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026