NEWS

Chi Mei အထည်ချုပ်စက်ရုံ အချိန်ပို ခွင့်ပြုချက်မဲ့ ခိုင်းစေ နေ

CoverLogo
483 Views
 
Chi Mei အထည်ချုပ်စက်ရုံက အချိန်အောလင်းကို ခွင့်ပြုချက်မရှိဘဲ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ဆေးမှုတွေကိုပါ လိမ်လည်ဖြေကြားဖို့ သင်ကြားပေးနေတယ်လို့ ပြောပါတယ်။
 
“ညက (ဇူလိုင် ၂၃) အောလင်းဆင်းတော့ စက်ရုံမှူးက လိုက်ကာတွေ ချပြီး၊ အလုပ်လုပ်ခိုင်းတယ် ။ အလုပ်သမားရုံးက လာစစ်ရင် သိမှာဆိုးလို့ ပြောတယ်။ အလုပ်သမားရုံးက စစ်ဆေးရေးတွေလာ စစ်တော့လည်း အချိန်ပို OTမခေါ်ပါဘူးလို့ မန်နေဂျာက ညာပြောခိုင်းပါတယ်။ ဒီည(ဇူလိုင် ၂၄ ရက်) မှာလည်း အောလင်းနဲ့ အောနိုက် တစ်ခုခုခေါ်မယ်လိုပြောတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အခု ဇူလိုင်လထဲမှာ အောလင်း (မနက် ၄ နာရီ) နဲ့ အောနိုက်( ည ၁၂ နာရီ) အထိ လုပ်ကိုင်ပေးနေရတဲ့ အပြင် တနင်္ဂနွေနေ့တွေမှာပါ အချိန်ပို ဆင်းခိုင်းခဲ့တယ်လို့ ပြောပါတယ်။ အော်လင်း အချိန်ပိုတွေကို ပိတ်ရက်ရှေ့က ရက်တွင်မှာ လုပ်ကိုင်ပေးရပြီး စက်ချုပ် အလုပ်သမားတစ်ဝက်လောက်က အောင်လင်း လုပ်ကိုင်ပေးရတယ်လို့ ပြောပါတယ်။
 
“ အချိန်ပိုကို နေ့လယ် ထမင်းစားချိန်ပြီးကတည်နားချိန်မပေးဘဲ ည ၆ ခွဲအထိ ဆက်တိုက် လုပ်ခိုင်းတာ၊ ညဘက် အချိန်ပို ဆက်ဆင်းရရင် နာရီဝက် နားချိန်ပေးတယ်။ ညစာစားဖို့ က စက်ရုံအပြင်မှာ ဝယ်စားရတာ။ ဆိုင်မှာက စက်ရုံက ရှိသမျှအားလုံး ဝယ်ရတာဆိုတော့ နာရီဝက်နဲ့ထမင်းစားလိုအချိန်မလောက်ဘူး။ Other Section (စက်ချုပ် မဟုတ်တဲ့ ဌာန)တွေကို OT တွေခေါ်ပါတယ်။ မနက် လေးနာရီပြန်တာလည်း၊ တစ်ချိုရက်တွေ ဖယ်ရီကား စီစဥ်မပေးဘူး။ ” လို့ ပြောပါတယ်။
 
စက်ရုံမှူးမှာ အမျိုးသားတဦးဖြစ်ပြီး အလွန်အကျွံခိုင်းစေတာကြောင့် လုပ်ငန်းခွင်အတွင်းမှာပဲ ကျန်းမာရေး ချို့ယွင်းတာတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူ တွေက အတင်းအကျပ် အချိန်ပိုကို ဖိအားပေး ခိုင်းစေနေတယ်လို့ ပြောပါတယ်။
 
“ စူပါလီတာတွေကလည်း မဆင်းတဲ့သူဆိုရင် မကြည်ဘူး၊ အလုပ်ကို ဖိခိုင်းတယ် ။ အော်ဒါအရေးကြီးဆိုပြီး ဆင်းခိုင်းပါတယ်။ စက်လိုင်းက မိန်းကလေး တစ်ယောက်ဆို မူးလဲ ခဲ့တာ။ ဒါလည်း မပြန်ခိုင်းဘူး အလုပ်ကို ဆက်လုပ်ခိုင်းတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေ လိုအပ်တဲ့ အခက်အခဲတွေကို ပြောဆိုဖို့ အလုပ်သမားသမဂ္ဂနဲ့ WCC လို အဖွဲ့အစည်းတွေ မရှိဘူးလို့လည်း ပြောပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်အတွင်း လိုအပ်တဲ့ ဆေးဝါးတချို့ အသုံးပြုဖို့ တောင်းတိုင်း မရတာများတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံမှာက လိုချင်တဲ့ဆေး အသုံးလို လို့ သွားတောင်ရင် မရှိတာများတယ်။ ဆေးပေးတဲ့ ဆရာမကလည်း စစ်ဆေးရေးတွေ လာဖိုရှိတယ်ဆိုရင် ဌာနတိုင်းမှာ ဆေးပုံးထားတယ်။ စစ်ဆေးရေးတွေလာမှ အဲ့ပုံးထဲကို ဆေးအစုံထည့်တယ်။ စစ်ဆေးရေးတွေပြန်သွားရင် ဆေးတွေကို အကုန်ပြန်သိမ်းတယ်” လို့ ပြောပါတယ်။
 
CHI MEI Garment စက်ရုံ က ရန်ကုန်မြို၊ ရွှေပြည်သာမြိုနယ်၊ ရွှေပြည်သာစက်မှုဇုန် ၊၁၄ လမ်းဆုံအနီးမှာ လုပ်ငန်း လုပ်ကိုင်နေပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး လုပ်သား၉၀၀ ဝန်းကျင်လုပ်ကိုင်နေတယ်လို သိထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026