NEWS

CDM ဝန်ထမ်းတွေအလုပ်ခန့်ထားလို့ဟုဆိုကာ ရန်ကုန်နဲ့မန္တလေးက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း၁၆ ခု ပိတ်ရန် စစ်ကောင်စီ ညွှန်ကြားချက်ထုတ်

CoverLogo
142 Views
 
စစ်ကောင်စီအနေနဲ့ ရန်ကုန်နဲ့မန္တလေးမြို့တွေက ပုဂ္ဂလိကဆေးရုံ၊ဆေးခန်း ၁၆ ခုကို ပိတ်ရန်ညွှန်ကြားချက်ထုတ်ထားကြောင်း သိရပါတယ်။
အဆိုပါ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း၁၆ခုကို CDM ဝန်ထမ်းတွေ အလုပ်ခန့်ထားတာနဲ့ တရားဝင်ကျန်းမာရေး ထောက်ခံချက်မရှိတဲ့ဆေးဝါးတွေသုံးစွဲလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ မတ်လ ၁ ရက်နေ့မတိုင်မီ ပိတ်ထားကြဖို့ အသိပေးထားတယ်လို့ဆိုပါတယ်။
"“လိုင်စင် သက်တမ်းတိုးကာလမို့ စိစစ်ချိန် ခေတ္တ ပိတ်ရမှာပါ။ အခု ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့ကနေစပြီး ပိတ်သိမ်းရမှာပါ၊ လက်ရှိတော့ ဆေးရုံဆေးခန်းတွေက ဆက်လက်ဖွင့်လှစ်နေတုန်းပါ။"လို့ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းအသိုင်းအဝိုင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေကို စစ်ကောင်စီရဲ့ဝန်ကြီးဌာနအနေနဲ့ ယာယီ ပိတ်ဖို့ရော ရာသက်ပန်ပိတ်ဖို့ပါအကြောင်းကြားမှုတွေရှိနေတယ်လို့သိရပါတယ်။
မတ်လ ၁ ရက်နေ့နောက်ဆုံးထားကာပိတ်သိမ်းဖို့ညွှန်ကြားထားတဲ့ ရန်ကုန်ကဆေးရုံ၊ ဆေးခန်း၉ခုရှိနေရာ ၎င်းတို့ထဲမှာ ဂရန်းဟံသာဆေးရုံကို ၁နှစ်၊ ဆာကူရာဆေးရုံကို၆လ၊ OSCဆေးရုံကို၁နှစ်၊ သမိုင်းဆေးရုံကို၃လ၊ ကောင်းဆေးရုံကို၃လ၊ ကောင်းစုအောင်ဆေးရုံကို၂နှစ်နဲ့ ကျန်းမာသုခဆေးခန်း၊ ချမ်းမြေ့ဆေးခန်း၊ မြတ်တော်ဝင်ဆေးခန်းစတဲ့ ဆေးခန်း၃ခုကိုအပြီးပိတ်ဖို့ညွှန်ကြားထားတယ်လို့ဆိုပါတယ်။
ဒါ့အပြင် မန္တလေးမြို့ပေါ်ရှိ နာမည်ကြီး ဆေးရုံ ၇ခုဖြစ်တဲ့ချမ်းအေးသာစံမြို့နယ်က ပန်းလှိုင်ဆေးရုံ၊ မြတ်ချယ်ရီ၊ မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက်နဲ့ ပြည်ကြီးတံခွန်မြို့နယ်က လန်ဒန်၊ ဇီဝကအပြင် ပုသိမ်ကြီးမြို့နယ်က ငြိမ်းချမ်း စတဲ့ ဆေးရုံတွေကိုတော့၃လပိတ်ထားဖို့ညွှန်ကြားထားကြောင်းသိရပါတယ်။
ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ လုပ်ထုံးလုပ်နည်း/ဥပဒေများနဲ့အညီ စိစစ်ကြပ်မတ်လျက်ရှိပြီး ဆေးပညာ ကျင့်ဝတ်မလိုက်နာမှုများ၊ ထုတ်ပြန်ထားတဲ့ စည်းကမ်းများမလိုက်နာမှုများနဲ့ပတ်သက်ပြီး အခါအားလျော်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့အညီ ဆောင်ရွက်နေတဲ့ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကိုလည်း လုပ်ငန်းလိုင်စင်များထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးနေကြောင်း ကိုလည်း စစ်ကောင်စီခန့်ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက‌ ဖေဖော်ဝါရီလ၁၂ရက်မှာကျန်းမာရေးဝန်ထမ်းတွေနဲ့တွေ့ဆုံရာမှာ ပြောထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလကလည်း CDM ဆရာဝန်တွေကို လက်ခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ ငါးရုံဖြစ်တဲ့ နန်းတော်ဆေးရုံ၊ မြို့တော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ စိန်ပန်းဆေးရုံ၊ ထက်နေလင်းဆေးရုံတို့ကို ငါးလကြာ ပိတ်သိမ်းခဲ့ပြီး ညှိနှိုင်းပြီး ပြေလည်မှုရမှသာ ပြန်လည် ဖွင့်ခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ‌ တော့ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၂၇ ရပ်ကွက်၊ ဆရာစံလမ်းမှာ ဖွင့်လှစ်ထားတဲ့ ပင်လုံ ပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီ က ဖေဖော်ဝါရီလနဲ့ မတ်လမှာ နှစ်လ ယာယီ ပိတ်သိမ်းခိုင်းခဲ့သေးသလို ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်က အောင်ရတနာ ပုဂ္ဂလိကဆေးရုံကို မေလ ၁ ရက်နေ့ကစပြီး အချိန်နှစ်လကြာ ယာယီ ပိတ်သိမ်းခိုင်းထားမှု တွေလည်းရှိခဲ့ကြောင်းသိရှိရပါတယ်။
 

 


Related posts

Cover
၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက်  အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြု
Mar 27, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို ရဲတပ်ဖွဲ့ စစ်ဆေး စက်ရုံမှူးရှေ့မှာ  စစ်မေးခဲ့
Mar 27, 2025
Cover
မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွား
Mar 26, 2025
Cover
အမျိုးသမီးအလုပ်သမားတွေ လုံခြည်လှန်ပြီး ဓမ္မတာလာ  မလာစစ်ဆေးခံခဲ့ရတဲ့အပေါ် အရေးယူပေးစေလို
Mar 26, 2025
Cover
စင်ကာပူနိုင်ငံအတွက် အလုပ်ခေါ်စာတင်ပြခွင့် အေဂျင်စီ တစ်ခုလျင်  တစ်လကို  လုပ်သား ၅ဦးတိတိ ခွင့်ပြု
Mar 25, 2025
Cover
၂ လအတွင်း စပါးတင်းပေါင်းသိန်း ၁၅၀ နှင့်ဧည့်မထ ဆန်အိတ်(၄)သိန်းထိ ဆန်စပါးအသင်းချုပ် ဝယ်ယူမည်ဟုဆို
Mar 23, 2025
Cover
ငွေကြေးမသမာမှုနှင့် စစ်မှုထမ်းစုဆောင်းခဲ့ဟု ဒု စစ်ခေါင်းဆောင် ဝန်ခံ
Mar 22, 2025
Cover
လုပ်ငန်းခွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် မကျော်ရေး ပြုလုပ်ရန် တိုက်တွန်း
Mar 12, 2025