NEWS

တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေ မိသားစုထံလွှဲငွေ ပြန်ပို့ဖို့ စစ်ကောင်စီ ဖိအားပေး

CoverLogo
516 Views
 
တောင်ကိုရီးယား နိုင်ငံ မှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ မိမိတို့ ရရှိတဲ့ လုပ်ခလစာ ကိုသတ်မှတ်ထားတဲ့ လမ်းကြောင်းကတစ်ဆင့် မိသားစုထံ ငွေလွှဲပေးပို့ ဖို့ စစ်ကောင်စီ လက်အောက်ခံ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက သတိပေးကြေညာထားပါတယ်။
မြန်မာအလုပ်သမားတစ်ဦးလျှင်ရရှိတဲ့ လုပ်ခလစာရဲ့ အနည်းဆုံး ၂၅ရာခိုင်နှုန်း ကို စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တရားဝင် လမ်းကြောင်းကနေ ငွေလွှဲပေးဖို့ အသိပေးထားပါတယ်။
"သူတို့ လိုချင်တာကျတော့ အသဲသန် တောင်းနေကျတာ ဒီဘက်မှာ အလုပ်သမားတွေ တစ်ခုခု ဖြစ်လို့ ဖြေရှင်းပေးမှု မရှိဘူး အစိုးရအေဂျင်စီ ဖြစ်ပြီး ဒါကြောင့်လည်း တောင်ကိုရီးယားရောက်မြန်မာအလုပ်သမား အများစုက မိသားစုလွှဲငွေ ကိစ္စ ကို သူတို့ လွှဲခိုင်းသလို လွှဲသူနည်းတယ် အနေမကြာသေးတဲ့ သူတွေလောက်ပဲ အခြေနေကြည့်ပြီး လွှဲကြတာ""လို့ တောင်ကိုရီးယားရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။
ပြည်ပနိုင်ငံတွေ ကိုတရားဝင် သွားရောက်အလုပ် လုပ်ကိုင်သူတွေရဲ့ လုပ်ခလစာ ကို အနည်းဆုံး ၂၅ရာခိုင်နှုန်း အား မိသားစုထံ သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေ ငွေလွှဲပေးဖို့ စစ် ကောင်စီအလုပ်သမားဝန်ကြီးဌာနက အလုပ်သမားတွေနဲ့ ပုဂ္ဂလိကအေဂျင်စီ တွေကို အသိပေး ထုတ်ပြန်ထားပြီး မိမိစေလွှတ်ထားတဲ့ လုပ်သားရဲ့ ငွေလွှဲထားကြောင်း အထောက်အထား လစဉ်မပြနိုင်တဲ့ အေဂျင်စီ တွေ ကို ဒဏ်ကြေးအပါအဝင် အခြားအရေးယူတာတွေပြုလုပ်လျက်ရှိပါတယ်။
ဒါ့အပြင် မိမိတို့၏ လုပ်ခလစာများကို တရားဝင်ဘဏ်လမ်းကြောင်းမှတဆင့် တနှစ်အတွင်း ဒေါ်လာ ၅ သောင်းနှင့်အထက် မိသားစုထံ လွှဲပြောင်းပေးမည်ဆိုပါက အထူးအစီအစဉ်အဖြစ် လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းနှင့်ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ် မော်တော်ဆိုင်ကယ် တစ်နှစ်လျင် တစ်စီးနှုန်း ဝယ်ယူတင်သွင်းခွင့် ပါပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း မက်လုံးပေးထုတ်ပြန်ထားပါတယ်။
တောင်ကိုရီးယားနိုင်ငံ ကို EPS စနစ်ဖြင့် လုပ်သားစေလွှတ် မှု ကို အစိုးရပြည်ပအလုပ်ကိုင်အေဂျင်စီ တစ်ခုထဲကသာ စေလွှတ်တာဖြစ်ကာ လက်ရှိမှာတော့ တောင်ကိုရီးယားရောက် မြန်မာလုပ်သား ၇၀,၀၀၀ နီးပါး ခန့်ရှိတယ်လို့ သိရပါတယ်။

Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026