NEWS

၉ လအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၅၀၀၀ ကျော် ဖမ်းဆီးခံရ

CoverLogo
460 Views

၂၀၂၄ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သား ၅၂၆၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ FE5 တနင်္သာရီ အဖွဲ့ရဲ့ စစ်တမ်းအရ သိရပါတယ်။

ပဋိပက္ခများနှင့် လူမှုစီးပွားဘဝများကို သုတေသနပြုလုပ်နေသော FE5 တနင်္သာရီ အဖွဲ့က
ထိုင်းတော်ဝင်တပ်မတော်၊ တာခ့်ခရိုင် လ၀ကနှင့် ထိုင်းသတင်းမီဒီယာတွေရဲ့ အချက်အလက်နှင့် စာရင်းများကို ကောက်ယူပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလုပ်သားအရေအတွက်စာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

မြေပြင်တွင် ဖမ်းဆီးရတဲ့ မြန်မာအရေအတွက် ပိုမိုများပြားနိုင်တယ်လို့ သိရပါတယ်။ 

မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံးအဖမ်းခံရတဲ့ နေရာတွေကတော့ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီဒေသ၊ တာခ့်ခရိုင် မဲဆောက်၊ ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ်နှင့် အမြန်လမ်းတွေပေါ်မှာ ဖြစ်တယ်လို့ FE5 တနင်္သာရီ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအဖွဲ့က အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမဲ့ ဥပဒေကို ပြဌာန်းလိုက်တာကြောင့် ပြည်တွင်းရှိ လူငယ်အများစုဟာ ထိုင်းနိုင်ငံအတွင်းသို့ တရားဝင် (သို့) တရားမဝင် ဝင်ရောက်မှု များပြားလာခဲ့ပါတယ်။

ထိုင်းသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်ရာတွင် ပွဲစားကို ဘတ် ၂၀၀၀၀ မှ ဘတ် ၅၀၀၀၀ (ကျပ် ၂၈ သိန်းမှ ၇၀ သိန်း) အထိ ပေါက်ဈေးရှိနေပါတယ်။

 


Related posts

Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025
Cover
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
Oct 01, 2025