NEWS

၉ လအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၅၀၀၀ ကျော် ဖမ်းဆီးခံရ

CoverLogo
676 Views

၂၀၂၄ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သား ၅၂၆၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ FE5 တနင်္သာရီ အဖွဲ့ရဲ့ စစ်တမ်းအရ သိရပါတယ်။

ပဋိပက္ခများနှင့် လူမှုစီးပွားဘဝများကို သုတေသနပြုလုပ်နေသော FE5 တနင်္သာရီ အဖွဲ့က
ထိုင်းတော်ဝင်တပ်မတော်၊ တာခ့်ခရိုင် လ၀ကနှင့် ထိုင်းသတင်းမီဒီယာတွေရဲ့ အချက်အလက်နှင့် စာရင်းများကို ကောက်ယူပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလုပ်သားအရေအတွက်စာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

မြေပြင်တွင် ဖမ်းဆီးရတဲ့ မြန်မာအရေအတွက် ပိုမိုများပြားနိုင်တယ်လို့ သိရပါတယ်။ 

မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံးအဖမ်းခံရတဲ့ နေရာတွေကတော့ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီဒေသ၊ တာခ့်ခရိုင် မဲဆောက်၊ ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ်နှင့် အမြန်လမ်းတွေပေါ်မှာ ဖြစ်တယ်လို့ FE5 တနင်္သာရီ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအဖွဲ့က အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမဲ့ ဥပဒေကို ပြဌာန်းလိုက်တာကြောင့် ပြည်တွင်းရှိ လူငယ်အများစုဟာ ထိုင်းနိုင်ငံအတွင်းသို့ တရားဝင် (သို့) တရားမဝင် ဝင်ရောက်မှု များပြားလာခဲ့ပါတယ်။

ထိုင်းသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်ရာတွင် ပွဲစားကို ဘတ် ၂၀၀၀၀ မှ ဘတ် ၅၀၀၀၀ (ကျပ် ၂၈ သိန်းမှ ၇၀ သိန်း) အထိ ပေါက်ဈေးရှိနေပါတယ်။

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026