NEWS

၄၈ ရက်အတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ (၁၃)ခုတိုးလာ

CoverLogo
1K Views

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအကျိုးဆောင် လိုင်စင်ရအေဂျင်စီ အရေအတွက်ဟာ သိသိသာသာ တိုးလာပြီး safe migration က ထုတ်ပြန်တဲ့စာရင်းအရ (၄၈)ရက်တာကာလအတွင်း အေဂျင်စီအရေအတွက် (၁၃)ခု တိုးလာတယ်လို့ သိရပါတယ်။ 

Safe Migration က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့အထိ တရားဝင် လိုင်စင်ရအေဂျင်စီ အရေအတွက်ဟာ (၄၅၅) ခုရှိခဲ့ပြီး ဩဂုတ်လ (၃၁) ရက်နေ့ ထုတ်ပြန်တဲ့စာရင်းမှာတော့ (၄၆၈) ခုအထိ တိုးလာတာပဲ ဖြစ်ပါတယ်။

“အခုက ပွဲစားတွေကအစ လိုင်စင်လျှောက်ကြတယ်လေ။ ကလေးတွေဆီက ပိုက်ဆံတွေအရင်လိမ်တောင်းတယ်။ ပြီးရင် အဲဒီပိုက်ဆံကို အာမခံကြေးပြလိုက်တယ်လေ။ သူတို့က ဘာမှမစိုက်ရဘူး။ အခုဆို စစ်တပ်နဲ့ ဆက်နွယ်တဲ့သူတွေကော၊ ဌာနဆိုင်ရာ အငြိမ်းစားတွေကော လိုင်စင်တွေယူနေကြတာပဲ။ ပြောရရင် ဒီလုပ်ငန်းက တကယ်ကို ဖရိုဖရဲ ဖြစ်နေပြီ”လို့ လိုင်စင်ရ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းက လူငယ်အများစုဟာ ပြည်ပမှာ သွားရောက်လုပ်ကိုင်လိုစိတ် များနေတာဖြစ်ပြီးတော့ ဝန်ဆောင်ခ ပိုမိုပေးချေရတာနဲ့ ငွေကြေးလိမ်လည်ခံရတာတွေ နေ့စဉ်ရှိနေတယ်လို့ ပြည်ပအလုပ်သမား အရင်းအမြစ်စင်တာ (ပဲခူး)ကနေ စုံစမ်းသိရှိရပါတယ်။

“ဒီမှာ ရတဲ့လစာက ကုန်ဈေးနှုန်းနဲ့ ဘယ်လိုမှအဆင်မပြေဘူး။ အဲဒါကြောင့် ထိုင်းဘက်ဖြစ်ဖြစ်၊ မလေးပဲ ဖြစ်ဖြစ် ထွက်ချင်တာ။ အခုစုံစမ်းကြည့်တော့ ပြည်ပမှာ အလုပ်လုပ်ဖို့ ပေးရမယ့် ပိုက်ဆံကိုက မနည်းမနော ဖြစ်နေတာ။ အလုပ်လုပ်ဖို့က ကိုယ့်ဘက်က အရင်ပုံပေးရမယ့် အခြေအနေကြီး ဖြစ်နေတာ”လို့ ပြည်ပမှာ သွားရောက်လုပ်ကိုင်လိုသူတစ်ဦးက ပြောပါတယ်။

လိုင်စင်ရ ပြည်ပအလုပ်အကိုင် အကျိုးဆောင်အရေအတွက်ဟာ ၂၀၁၉ ခုနှစ်က နှစ်ရာကျော်သာ ရှိခဲ့တာ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လေးရာကျော်အထိ တိုးလာတာ ဖြစ်ပါတယ်။ လိုင်စင်တွေကို အလွယ်တကူ ထုတ်ပေးနေပေမယ့် စည်းကမ်းကြပ်မတ်မှုအပိုင်းမှာတော့ အားနည်းမှုတွေ ရှိလာတယ်လို့လည်း ပြည်ပလုပ်သားအရေး ကူညီဆောင်ရွက်သူတွေက ဝေဖန်နေကြပါတယ်။

ဓါတ်ပုံ-ပုံဟောင်း


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026