NEWS

၃ ရက်အတွင်း အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀ ကျော်အဖမ်းခံရ

CoverLogo
378 Views
 
အောက်တိုဘာလထဲမှာ ၃ ရက်အတွင်း ထိုင်းနိုင်ငံ ထဲ ကို အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လို့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀ ကျော်ရှိတယ်လို့ထိုင်းသတင်းဌာန တွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
 
အောက်တိုဘာ ၁ ရက် နံနက်အစော ပိုင်းမှာ ကန်ချနဘူရီ ပြည်နယ် စန်ခလာဘူရီမြို့နယ် ယာဉ်တစ်စီးပေါ်မှာ အထောက်အထားမရှိတဲ့ မြန်မာလုပ်သား ၉ ဦးနဲ့ ယာဉ်မောင်း မြန်မာနိုင်ငံသားအမျိုးသမီး တစ်ဦးတို့ ကို ဖမ်းမိခဲ့တယ်လို့ သတင်းတွေအရသိရပါတယ်။
 
အောက်တိုဘာ၂ရက် နေ့ မနက်အစောပိုင်းမှာလည်း ကန်ချနဘူရီခရိုင် စန်ခလာဘူရီ မှာ မြန်မာလုပ်သားအမျိုးသမီး ၁၄ ဦးကို အာဏာပိုင်တွေက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
၎င်းအမျိုးသမီး လုပ်သားတွေဟာ ချွန်ပူရီ မှာ အလုပ်သွားလုပ်ဖို့ မြန်မာဘက်ခြမ်း ဘုရားသုံးဆူဘက်မှ ထိုင်းနိုင်ငံသို့ သဘာ၀ လမ်းကြောင်းကနေ နယ်စပ်ဖြတ်ကျော်ခဲ့ကာ ပို့ဆောင်ပေးတဲ့ ပွဲစားကို တစ်ဦးလျှင် ဘတ်၁၂၀၀၀ စီပေးခဲ့ရတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အောက်တိုဘာ ၂ရက် ည၉နာရီခွဲခန့်မှာလည်း ကျန်ချဘူရီပြည်နယ် ဆိုင်းယိုခ့် မြို့နယ် မှာ ကား ၄ စီးနဲ့ တင်ဆောင်လာတဲ့ မြန်မာလုပ်သား ၄၂ ဦး ကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာဖေါ်ပြထားပါတယ်။
 
အဖမ်းခံရတဲ့ မြန်မာလုပ်သားတွေဟာ စာမွတ်စာခွန်ရှိ စက်ရုံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတာဖြစ်ပြီး ပို့ဆောင်ပေးသူကို ပွဲစားခ ဘတ် ၁၂၀၀၀ ပေးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုကိုဖြေဆိုထားပါတယ်။
 
"လက်ရှိကာလဟာ ထိုင်းနိုင်ငံ အတွင်း အထောက်အထားမရှိတဲ့ လုပ်သားသစ်တွေ ကို ဘတ်(ပန်းရောင်ကတ်)ရိုက်ပေးဖို့ အစီစဉ်ရှိတဲ့ အတွက် နယ်စပ်ဖြတ်ကျော် လာရောက်သူတွေ များနေတာ ဖြစ်တယ်"လို့ မြန်မာအလုပ်သမားအရေးကူညီပေးသူတွေကပြောပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်းမှာ ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်လို့ အဖမ်းခံရတဲ့ မြန်မာလုပ်သား ၉၀၀ ခန့်ရှိပြီးစက်တင်ဘာလ မှာတော့ ၁၀၀၀ ကျော် ရှိကြောင်းသိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026