NEWS

၃ ရက်အတွင်း မြန်မာလုပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရ

CoverLogo
551 Views

မြန်မာပြည်တွင်း ပဋိပက္ခများနှင့် စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူများပြားလာရာ ယခု ၃ ရက်အတွင်း  တရားမဝင် မြန်မာလုပ်သား ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ 

"ခုရက်ပိုင်းနှစ်ရက်သုံးရက်အတွင်း တစ်ရာကျော်လောက်ရှိမယ်။ ဖမ်းဆီးရမှုတွေတွေ့ရင် ကိုယ့်နိုင်ငံသားတွေချည်းပဲ။ မပါရင်တောင် ထက်ဝက်လောက်က မြန်မာတွေပဲ" လို့ ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးကဆိုပါတယ်။ 

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ဇွန် ၁၈ ရက်က ပတ္တရားမြို့ Nongprue ခရိုင်ခွဲ၊ ဘန္လမူး (Banglamung) ရှိ တိုက်ခန်းတခန်းကို ထိုင်းအာဏာပိုင်များ ဝင်ရောက် စီးနင်းရာတိုက်ခန်းအတွင်းနေထိုင်သည့် နိုင်ငံခြားသား ၅၇ ဦးအနက် ၃၂ ဦးမှာ အထောက်အထား အပြည့်အစုံရှိပြီး၊ မြန်မာ နိုင်ငံသား၂၅ ဦးမှာ အထောက်အထားမရှိဘဲ တရားမဝင်နေထိုင်သူများဖြစ်သောကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဇွန် ၁၈ ရက်တွင်လည်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၅၆ ဦးကို စံခလဘူရီ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သလို ဇွန် ၁၇ ရက်ညပိုင်းကလည်း ထိုင်းနိုင်ငံ ရတ်ချမနူမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာလုပ်သား ၁၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။ 

ဒါ့​အပြင် ဇွန်၁၉ရက်ကမနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ တရားမဝင် သုံးဘီးဆိုင်ကယ်မောင်းမှုနဲ့ မြန်မာ နိုင်ငံသား ၅ ဦးကို ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတဲ့ သုံးဘီးဆိုင်ကယ်(စမ်လော့)မောင်းနှင်နေကြောင်း တိုင်ကြားချက်အရ ဖမ်းဆီးခဲ့ပြီး တာ့က်ခရိုင်လူဝင်မှုကြီးကြပ် ရေးဌာနက တရားလိုပြုလုပ်ပြီး မဲဆောက်ရဲစခန်းမှာ တရားမဝင် အလုပ်လုပ် ကိုင်မှုနဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်တွေမှာ ထိုင်းအစိုးရရဲ့ တရားမဝင် နိုင်ငံခြားသားလုပ်သားပပျောက်ရေး ရက် (၁၂၀) စီမံချက်အရ ထိုင်းနိုင်ငံတစ်ဝှမ်းရှိ စက်ရုံ၊ အလုပ်များနဲ့ လုပ်ငန်းခွင်အသီးသီးကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ နေထိုင်ခွင့် အထောက်အထားမရှိတဲ့ လုပ်သားတွေကို ဖမ်းဆီးမှုတွေကို ပြင်းပြင်းထန်ထန်ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026