NEWS

၂ ရက်အတွင်း ထိုင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော် အဖမ်းခံရ

CoverLogo
263 Views
 
ဇန်နဝါရီ၁၃ရက်နဲ့၁၄ရက်အတွင်း ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာတဲ့ အထောင်အထားမဲ့ မြန်မာလုပ်သား ၁၀၀ကျော် အဖမ်းခံရကြောင်း ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
 
ဇန်နဝါရီ ၁၃ရက် မနက်ပိုင်းတွင် ကန်ချနပူရီ နယ်စပ် မှာ အလုံပိတ်ကားနဲ့ ပြည့်ကြပ်စွာ တင်ဆောင်လာတဲ့ မြန်မာလုပ်သား ၅၁ဦး ကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးဖမ်းဆီးခဲ့သလို ၎င်းရက်မွန်းလွဲပိုင်းမှာ တာ့ခရိုင် မဲဆောက်မြို့ အတွင်း က နေအိမ်တစ်ခုမှာ ခိုအောင်းနေတဲ့ မြန်မာလုပ်သား ၂၀ဦးကို လည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
ဇန်နဝါရီ ၁၄ရက်မှာ ညပိုင်း မှာ လည်း တာ့ခရိုင် မိူင်းတာ့ခ်မြို့နယ် အနီး ကား၂စီးဖြင့် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့မြန်မာလုပ်သား၂၃ဦးကို ထိုင်းအာဏာပိုင်တွေဖမ်းဆီးခဲ့သလို ထိုင်း-ကမ္ဘောဒီးယား နယ်စပ် တွင် ကမ္ဘောဒီးယား ကို အလုပ်သွားလုပ်ဖို့ နယ်စပ်ဖြတ်ကျော် လာတဲ့ မြန်မာလုပ်သား ၂ဦးနဲ့ ထိုင်း-မြန်မာ နယ်စပ်ကနေ အယုဒ္ဓယ သွား မယ့် မြန်မာလုပ်သား၇ဦး ကို အဝေးပြေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
ယခု၂၀၂၆ခုနှစ် နှစ်အစ မှာ ပင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံသို့ နယ်စပ်တွေကနေ တရားမဝင် ဝင်ရောက် လာတဲ့နိုင်ငံခြားသား လုပ်သားတွေကို တင်းကြပ်စွာ စစ်ဆေးဖမ်းဆီးရန်ညွှန်ကြားထားသလို လုပ်ငန်းခွင်အတွင်း က အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုလည်း စစ်ဆေးမှု အရှိန်မြှင့်တင်ဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026