NEWS

၂ နှစ် နီးပါး လုပ်အားခမပေးဘဲ ခိုင်းစေခဲ့တဲ့  ထိုင်းဆောက်လုပ်ရေးသူဌေးကို အလုပ်သမားတွေ အမှုဖွင့်တိုင်ကြား

CoverLogo
496 Views

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ ချာချင်‌ဆောင်ရှိ ဆောက်လုပ်ရေးဆိုက်တခုမှာ  မြန်မာရွှေ့ပြောင်း လုပ်သားတွေ ကို ၂နှစ်နီးပါး ထိုင်းသူဌေးက လုပ်အားခမပေးဘဲ ခိုင်းစေမှု ဖြစ်ပေါ်ခဲ့တယ်လို့ WAG အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ ထံ မှ သိရပါတယ်။ 

 

မြန်မာရွှေ့ပြောင်း အလုပ်သမား ၆ ဦးမှာ ၎င်း ဆောက်လုပ်ရေးဆိုက် အတွင်း အလုပ်လုပ်နေတာ  နှစ်နှစ်နီးပါးရှိပြီ ဖြစ်ပေမယ့် သူဌေးဖြစ်သူက အလုပ်သမား တွေရဲ့ လုပ်အားခ တွေ ကို  မရှင်းပေးဘဲ ချေးငွေသာ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

 

ဒါ့အပြင် အလုပ်သမားတွေရဲ့ စာရွက်စာတမ်း တွေကိုပါ သူဌေးဆိုသူက  သိမ်းဆည်းထားခဲ့တဲ့ အတွက်အခြားနေရာ ကို အလုပ်ပြောင်းလို့ မရဘဲ အခက်ခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

 

ဒါကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ WAG အလုပ်သမားကူညီစောင့်ရှောက်ရေး အဖွဲ့ ထံ အကူညီလာရောက် တောင်းခံခဲ့တယ်လို့ သိရပါတယ်။ 

 

အခုလို အလုပ်သမားတွေရဲ့ အကူညီတောင်းခံမှုကြောင့်  WAG အလုပ်သမားကူညီစောင့်ရှောက်ရေး အဖွဲ့အနေနဲ့ ဖေဖေါ်ဝါရီ ၂၅ရက်နေ့က အလုပ်သမားတွေနဲ့ အတူ နယ်မြေခံ မြို့နယ် ဆဝါဒီကန်ရုံး ကို သွားရောက် ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းမှ သူဌေး ကိုတိုင်ကြားခဲ့တယ်လို့ သိရပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026