NEWS

၂၀၂၅ ခုနှစ်အတွင်း မလေးရှားမှာ အထောက်အထားမဲ့ မြန်မာ ၁ သောင်း နီးပါး အဖမ်းခံရ

CoverLogo
393 Views
 
၂၀၂၅ခုနှစ် အတွင်း မလေးရှား နိုင်ငံတဝန်းမှာ အထောက်အထားမရှိတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ ကို စီမံချက် တွေ နဲ့ ဖမ်းဆီးမှု များ ပြုလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံသား ၁၀,၀၀၀ နီးပါး အဖမ်းခံရတဲ့အထဲမှာပါဝင် တယ်လို့ မလေးရှား နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ရဲ့ ဒီဇင်ဘာ၂၇ရက် နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
မလေးရှားလူဝင်မှုကြီးကြပ်ရေးရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၂၄ရက်ထိနိုင်ငံခြားသား ၂၃၅၃၄၃ ဦး ကို စစ်ဆေးမေးမြန်းခဲ့ ပြီးအထောက်အထားမရှိတဲ့ နိုင်ငံခြားသား ၉၀၀၀၀ ကျော်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
အဖမ်းခံရတဲ့ နိုင်ငံခြားသားတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံသား ၁၅၃၈၅ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၁၁၀၅ ဦး၊ မြန်မာ ၉၇၈၉ဦး၊ဖိလစ်ပိုင် ၄၃၆၅ဦး၊ပါကစ္စတန် ၂၄၉၇၂ ဦး၊အိန္ဒိယ ၁၆၃၀ ဦး၊ထိုင်း ၁၄၉၃ ဦး၊တရုတ် ၁၀၃၈ ဦး၊ဗီယက်နမ် ၉၀၉ဦး၊နီပေါ ၇၆၉ ဦးနှင့်တခြားနိုင်ငံခြားသားများလည်းပါဝင်တယ်လို့ ဖေါ်ပြထားပါတယ်။
 
ဒါ့အပြင် အဖမ်းခံရသူတွေထဲမှာ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကတ်ကိုင်ဆောင်ထားတဲ့ ၅၂၉၄ ဦး လည်း ပါဝင်တယ်လို့ ဖေါ်ပြထားပါတယ်
 
"အခုနှစ်ကတော့ အဖမ်းဆီး အကြမ်းဆုံး နှစ်လို့ ပြောရမယ် အသိတွေထဲ အဖမ်းခံရတဲ့ သူတွေလည်း များတယ် ကျွန်တော်ဆို အလုပ်လုပ်နေတဲ့ဆိုင်ထဲ ဝင်ဖမ်းချိန် မှာ ကံကောင်းလို့ လွတ်လာတာ ဒါပေမယ့် စိတ်ချ လက်ချနဲ့ အိပ်ရေး၀၀ အိပ်ရတာ ရှားတယ်လမ်းသွားရင်လည်း ကျီးကန်းမျက်စိ လို လိုက်ကြည့်နေရတာ ကိုယ့်နိုင်ငံ မှာ အခြေနေ မကောင်းလို့သာ နေနေရတာ ဒီမှာက အဖမ်းဆီး တွေများတော့ အလုပ်လည်း သေချာ မလုပ်နိုင်ဘူး မြန်မာနိုင်ငံ ဒီနေ့ အေးချမ်းရင် ဒီနေ့ ပြန်မယ် အထောက်အထားမရှိတဲ့ ဘ၀ နဲ့ အလုပ်မလုပ်ချင်တော့ဘူး"မလေးရောက် မြန်မာလုပ်သား တစ်ဦးကပြောပါတယ်။
 
မလေးရှား အာဏာပိုင်တွေ အနေနဲ့ အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သားတွေကို ဖမ်းဆီးသလို ၎င်း လုပ်သားတွေကို အလုပ်ခန့်ထားပြီး ကာကွယ်ပေးတဲ့ အလုပ်ရှင်တွေကို လည်း ဖမ်းဆီးရာ မလေးရှားနိုင်ငံသား အလုပ်ရှင် ၂၀၁၂ဦး၊ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၄ဦး၊အင်ဒိုနီးရှား နိုင်ငံသား ၂၁ဦး နဲ့ ပါကစ္စတန်၊တရုတ်၊ထိုင်းနဲ့ မြန်မာနိုင်ငံသား အလုပ်ရှင်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026