NEWS

ဧရာဟင်္သာ ကုမ္ပဏီ အပါအဝင် စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီ ၈ ခုကို စစ်ကောင်စီ Blacklist သွင်း

CoverLogo
892 Views

ပြည်ပမှ စားအုန်းဆီတင်သွင်းရာမှာ မသမာမှု ကျူးလွန်ခဲ့သည်ဆိုကာ စီပွား​ရေးမှာထိပ်တန်းလုပ်ငန်းရှင် ဖြစ်တဲ့ ဧရာဟင်္သာ ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၈ ခုကို အမည်ပျက်စာရင်း (Blacklist) သွင်းလိုက်တယ်လို့  စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)က အသိပေးကြေညာလိုက်ပါတယ်။ 

"ခုရက်ပိုင်းစီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းတာစစ်ဆေးတာတွေပြင်းပြင်းထန်လုပ်လာတယ်ပေါ့။ စက်သုံးဆီလည်းစစ်ဆေးနေတယ်ကြားတယ်။ ရွှေရော ငွေရေးကြေးရေးကုမ္ပဏီလုပ်ငန်းရှင်တွေရော ဆန်လုပ်ငန်းရှင်ရော စုံနေပြီ။ ဒီလုပ်ငန်း​တွေကိုအဓိကထားလုပ်နေတယ်ထင်ပါတယ်။ စျေးကျမလားဆိုတာတော့စောင့်ကြည့်ရမှာပေါ့" လို့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ 

စားအုန်းဆီတင်သွင်းရာမှာ မသမာဘူးဆိုတဲ့အကြောင်းပြချက်နဲ့ အမည်ပျက်စာရင်းသွင်းခံရတဲ့ကုမ္ပဏီများမှာ ထိပ်တန်းကုမ္ပဏီဖြစ်တဲ့ Ayeyar Hanthar နဲ့အခြားကုမ္ပဏီတွေဖြစ်တဲ့  Six Winner Brothers, Diamond Dragon, First Top Edible Oil, Thein Than Yadanar, Jewel Arrow, Agri One Trading၊ Grand Unity တို့ကို ဇွန်၂၄ရက်နေ့ကစပြီး အမည်ပျက်စာရင်းအဖြစ်သတ်မှတ်လိုက်ကြောင်း ကြေငြာလိုက်တာပဲဖြစ်ပါတယ်။ 

ထိပ်တန်းကုမ္ပဏီဖြစ်တဲ့ Ayeyar Hanthar ကုမ္ပဏီဟာ ဦးဇော်ဝင်းရှိန်ပိုင်ဆိုင်တာဖြစ်ပြီး  A Bank နှင့် ဧရာဟင်္သာလုပ်ငန်းစု ပိုင်ဆိုင်သူဖြစ်ပြီး ဆက်သွယ်ရေးအော်ပရေတာ အူရီဒူးမြန်မာကို ပြန်လည်ဝယ်ယူထားတဲ့ ထိပ်တန်းကုမ္ပဏီလည်းဖြစ်ပါတယ်။ 

အဆိုပါကုမ္ပဏီ ၈ ခုကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ နည်းဥပဒေသတ်မှတ်ချက်များကို မလိုက်နာခြင်းကြောင့် အမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်တယ်လို့ဆိုထားပြီး DICA ၏ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီများအ​နေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည်၊ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းနှင့်သက်ဆိုင်သော ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများက ချမှတ်ထားသည့် အခြားတည်ဆဲဥပဒေနှင့် နည်းဥပဒေများကို လိုက်နာရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာထည့်သွင်းအသိပေးထားပါသေးတယ်။ 

ကုမ္ပဏီ၈ခုကို အမည်ပျက်စာရင်းသွင်းကြောင်းအသိပေးကြေညာပေမဲ့  မည်သို့မည်ပုံ အရေးယူမည်ကိုတော့  အသေးစိတ်ထည့်သွင်းထုတ်ပြန်ထားခြင်းမရှိပါဘူး။ 

စားအုန်းဆီ အခြေခံလက်ကားဈေးကို ယခုတစ်ပတ်တာ ဇွန်၃၀ရက်အထိ တစ်ပိဿာလျှင်၅၄၀၀ကျပ်ဖြစ်တယ်လို့  သတ်မှတ်ထားပေမဲ့  ပြင်ပပေါက်ဈေးတွင် တစ်ပိဿာလျှင် ကျပ် ၁၂,၀၀၀ အထိ မြင့်တက်နေ​ပြီး စားဆီဝယ်ယူရရှားပါးနေတယ်လို့သိရပါတယ်။


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026