NEWS

အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ပတ်ပို့စ် အသိမ်းခံရပြီး ​လေဆိပ်မှ လှည့်ပြန်ရ

CoverLogo
1.3K Views

အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းဟာ မန္တလေးလေဆိပ်မှ ထိုင်းနိုင်ငံသို့ထွက်ခွာရန် ကြိုတင်အကြောင်းကြားခြင်းမရှိလို့ဟုဆိုကာ ပတ်စ်ပို့သိမ်းခံရပြီး လေဆိပ်မှလှည့်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။ 

"ဖမ်းခံရတယ်တော့မကြားမိဘူး။ ပတ်စပို့သိမ်းခံရတယ်ကြားတာ။ သူတို့ကပြည်ပထွက်ရင်ကြိုတင်ခွင့်ပြုချက်ယူရတယ်။ နောက်ပြီးသူက Black List လုပ်ခံထားရတာဆိုတော့ ဒီအတိုင်းထွက်လို့မရဘူး။ လုပ်ငန်းရှင်အားလုံးက ခွင့်ပြုချက်ယူပြီးမှထွက်ရမယ်လို့ပြောထားတာ နည်းနည်းတော့ကြာနေပြီ" လို့ ရွှေကုန်သည်များနဲ့နီးစပ်သူက ဆိုပါတယ်။ 

မြန်မာနိုင်ငံမှထင်ရှားကျော်ကြားတဲ့ နာမည်ကြီးလုပ်ငန်းရှင်တွေ၊  ကုန်သည်ကြီးတွေ၊  ဘဏ်လုပ်ငန်းရှင်တွေနဲ့  ရွှေဆိုင်ပိုင်ရှင် အပါအဝင် ရွှေကုန်သည်တွေ၊  စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးဟာ အကြောင်းအမျိုးမျိုးကြောင့်  ပြည်ပသို့ ထွက်ခွာလိုပါက ထွက်ခွာလိုသည့် အကြောင်းအရာကို စစ်ကောင်စီထံမှ ကြိုတင်ခွင့်ပြုချက် တောင်းခံပြီးမှထွက်ခွာဖို့ စစ်ကောင်စီကစည်းကမ်းသတ်မှတ်ထားရာ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ပြည်ပထွက်ခွာရန် ကြိုးပမ်းတဲ့ အောင်သမာဓိရွှေဆိုင်ပိုင်ရှင်ကို လေဆိပ်မှာပင် ပတ်စ်ပို့သိမ်းကာ အိမ်ပြန်ခိုင်းခဲ့တာလို့ သိရပါတယ်။ 

"အဲဒီ ညွှန်ကြားချက်က အာဏာသိမ်းပြီးကတည်းက ရှိနေတာ။ သူကခွင့်ပြုချက်မတင်ဘဲသွားလို့ မန္တလေးလေဆိပ်မှာ ကောက်မခံရတာ။ ခုတော့ပြန်လွှတ်ပေးလိုက်ပြီ။ မနေ့ကဖြစ်တာပါ။  ဟိုလိုကြီးမဖမ်းပါဘူး" လို့ ပြည်ထဲရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ 

စီးပွားရေးအသင်းအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အစည်းအဝေး၊ မီတင်၊ စီးပွားရေးကိစ္စ၊  ဖိုရမ်၊ ဆေးစစ်၊ဘုရားဖူး ၊ အလည် စသဖြင့်ပြည်ပထွက်ခွာလိုသူတွေဟာ ကြိုတင်ခွင့်ပြုချက် ယူရမယ်လို့ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက စည်းကမ်းထုတ်ပြန်ထားတာဖြစ်ပေမဲ့ ယခုနှစ်၂၀၂၄မှသာ တင်းတင်းကြပ်ကြပ်ဆောင်ရွက်လာတာဖြစ်ပြီး အသိမပေးဘဲ ထွက်ခွာသူကို စုံစမ်းစစ်ဆေးမှုတွေပါ ပြုလုပ်လာတာလို့ ပြည်ထဲရေး သတင်းရင်းမြစ်ကဆိုပါတယ်။ 

နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်ဖြစ်သော အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းကို  နိုဝင် ဘာလ ၃ ရက်နေ့ နံနက်က  မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့်  MAI အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၊ လေယာဉ်အမှတ် XY-ALP(E-190)၊ ခရီးစဉ်အမှတ် 8M-337 ဖြင့် ထိုင်းနိုင်ငံ၊ သု၀ဏ္ဏဘူမိလေဆိပ်သို့ သွားရောက်ရန် ကြိုးစားစဥ် စစ်ကောင်စီက နိုင်ငံကူးလက်မှတ် သိမ်းဆည်းပြီး ခေါ်ယူစစ်ဆေးကာ  နေအိမ်သို့ ပြန်ခိုင်းခဲ့တာလို့ သိရပါတယ်။ 

ယခုနှစ် ဇွန်လ ၂ ရက်က အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း အပါအဝင်  ရွှေဆိုင်ပိုင်ရှင်နှင့် ရွှေကုန်သည် ၁၀ ဦးကို ရွှေစျေးနှုန်း မတည်မငြိမ်ဖြစ်အောင် ကစားသည်ဟုဆိုကာ Black List သွင်းထားပြီး ရွှေကုန်သည်နှင့်ဝယ်ရောင်း ၂၁ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026