NEWS

အေဂျင်စီ တခုလျင် တစ်လကို အလုပ်သမား အယောက် ၅၀ သာ အလုပ်ခေါ်စာတင်ပြခွင့်ပြုမည်ဟု စစ်ကောင်စီကန့်သတ်

CoverLogo
575 Views
ထိုင်းနိုင်ငံ ကို MOU စနစ်နဲ့ သွားရောက် ဖို့ အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ဘက်မှ အလုပ်သမားဝန်ကြီးဌာနကို အလုပ်ခေါ်စာ တင်ပြ ရာ တွင် အေဂျင်စီ တစ်ခု ကို တစ်လ လျင် အလုပ်သမား ၅၀ ဦး သာ ခွင့်ပြုတော့မယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက မတ်လ၂၂ရက်မှာ နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
 
ထုတ်ပြန်ကြောညာချက်တွင် ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားစေလွှတ်နိုင်ရေးနဲ့ ပတ်သက်ပြီး လိုင်စင်ရအေဂျင်စီဆောက်ရွက်ရမယ့် လုပ်ငန်းအစီစဉ်တွေ ပါဝင်ပြီး အဓိက အနေဖြင့် အလုပ်ခေါ်စာ တင်ပြခွင့်ကို အေဂျင်စီ တစ်ခုလျှင် တစ်လ ကို လုပ်သားအယောက် ၅၀ အတွက်သာ တင်ပြခွင့်ပေးတော့မယ်လို့ဆိုပါတယ်။
 
ဒါ့အပြင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၃၀ရက် မတိုင်မီ က စာချုပ်ချုပ်ဆိုထားတဲ့ အလုပ်ခေါ်စာ တွေမှာ လူဦးရေ ၅၀ ဦးထက် ပိုပါက ၎င်း Demand Letter တွေ ကို ၅၀ ဦးဖြင့် ပြန်လည် ပြင်ဆင်ပြီး မတ်လ၂၅ရက် ကစပြီး ပြင်ဆင်တင်ပြရမှာ ဖြစ်ကာ အေဂျင်စီ တစ်ခုကို တစ်လ တစ်ကြိမ်သာ တင်ပြရမယ်လို့ ပါရှိပါတယ်။
 
ထိုင်းနိုင်ငံ အတွက် Demand Letter အသစ် တင်ပြတာကိုတော့ ၂၀၂၅ခုနှစ် မေလ ၂ရက်က စပြီး လက်ခံဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။
 
"အခုထုတ်ပြန်ချက် က ထိုင်းအတွက် လုပ်သားပို့မယ့် အေဂျင်စီက တစ်ဘက်နိုင်ငံစက်ရုံက လုပ်သား ၁၀၀ ခေါ်မယ်ဆိုရင် ၅၀ စီ နှစ်ခါ ခွဲပြီး တစ်လ မှ တစ်ကြိမ် တင်ပြခွင့်ရမယ် အဲ့တော့ အေဂျင်စီ အနေနဲ့ အလုပ်ခေါ်စာတွေ အများကြီးရှိလည်း သူတို့ သတ်မှတ်ထား တဲ့နှုန်းနဲ့ပဲ ခွင့်ပြုမယ် လုပ်သားဦးရေ ကို ကန့်သတ်လိုက်တဲ့သဘော အခုက ဆိုးတာက တစ်လပိုင်း ၃၀ရက်မတိုင်မီက စာချုပ်ချုပ်ထားတာတွေ ပါ ကန့်သက်တဲ့ ထဲ ပါနေတယ် တစ်ချို့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေက မရှင်းလင်းဘူး အရင်ကဆို MOEAA အသင်း ကနေတစ်ဆင့်စာထုတ်တာ များတယ် အခုက နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ကြေညာတော့အေဂျင်စီတွေ အနေနဲ့ မရှင်းလင်းလို့ မေးဖို့တောင် ခက်နေတယ်" လို့လိုင်စင်ရအေဂျင်စီမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ မလေးရှားနဲ့ အခြားနိုင်ငံ အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် တွေကိုတော့ မြန်မာ့အလင်းနဲ့ကြေးမုံတို့မှာ ဆက်လက်ဖေါ်ပြပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026