NEWS

အေဂျင်စီလိုင်စင် ရယူထားပြီး တရားမဝင် လုပ်သားစေလွှတ်မှုကြောင့် နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်နေ

CoverLogo
479 Views

ပြည်ပလုပ်သားစေလွှတ်နိုင်ရနိ အတွက် အလုပ်သမား ဝန်ကြီးဌာန ကနေ လိုင်စင် ရယူထားပြီး အလုပ်သမားတွေ ကို တရားမဝင်နည်းလမ်းတွေ နဲ့ လုပ်သားစေလွှတ်တဲ့ အေဂျင်စီ အချို့ရှိတယ်လို့ အလုပ်သမားတွေ ထံ က သိရပါတယ်။

အလုပ်သမားတွေ အနေနဲ့ ပြည်ပ ကို တရားဝင် အလုပ်သွားရောက် လုပ်ကိုင်ဖို့ အတွက် လိုင်စင်ရအေဂျင်စီ မှာ အလုပ်အပ်ပေမယ့် တရားမဝင် နည်းလမ်းနဲ့ ပို့ဆောင်ခံရတဲ့ အတွက် တစ်ဖက် နိုင်ငံမှာ အလုပ်မရဘဲ အခက်ခဲ ဖြစစ်နေတယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ က လိုင်စင်ရှိတဲ့ အေဂျင်စီ ဆိုပြီး  မလေးကို တရားဝင် အလုပ် သွား လုပ်ချင်လို့ ပြီးခဲ့တဲ့၂၀၂၃၊ ၈လပိုင်းကတည်းကအလုပ်အပ်ထားတာ ကျွန်တော်တို့စာအုပ်အပ်တုန်းက PJ စာအုပ် အဲ့ဒါကို လေယာဉ် တက်ခါနီးမှ စာအုပ်တွေ ပြန်ရလို့ကြည့်တော့ PV စာအုပ်တွေ ပြောင်းပလိုက်တယ် ကျွန်တော်တို့ကိုလည်း ဘာမှ ပြောတာမျိုးမရှိဘူး မလေး ကို ရောက်ဖို့ ထိုင်းကို လေယာဉ်စီး ထိုင်းကနေမှ လှေစီးပြီး ခိုးလမ်းကနေ မလေးကို ဝင်ရတယ် ဟိုရောက်တော့လည်း အလုပ်မရတဲ့ အပြင် တိုက်ခန်းတစ်ခုထဲ ထည့်ထားပြီး ဒီဘက်ကပို့တဲ့အေဂျင်စီ က ငွေအကျေမပေးလို့ ဆိုပြီး တစ်ယောက်ကိုကျပ် သိန်း ၄၀ ပေးခိုင်းတယ် မပေးရင် စာအုပ်လည်းမပေးဘူး အပြင်လည်းမထွက်ရဘူးဆိုပြီး အမျိုးမျိုးပြောတောင်းတော့ ကျွန်တော်တို့၁၀ယောက်အဖွဲ့က ကျပ်သိန်း၄၀၀ပေးလိုက်ရတယ်""လို့ ကိုယ်တွေ့ကြုံရတဲ့ အလုပ်သမားတစ်ဦးကပြောပါတယ်။
 
အခုလို လိုင်စင်ရ အေဂျင်စီ မှ တရားမဝင် လုပ်သား ပို့ဆောင်ကာ အလုပ်သမားတွေ ထံ က လိမ်လည် ငွေကြေးယူတာတွေကို သက်ဆိုင်ရာဌာန တိုင်ကြားတာတွေရှိပေမယ့် အခု ထိ အရေးယူတာမျိုးတွေ မရှိသေးဘူးလို့ သိရပါတယ်။

"မလေးရောက်ပြီး အလုပ်လည်းမရှိ ဒီဘက်မှာက အဖမ်းစီးတွေများတော့ တချို့သူတွေက မိသားစု တွေ ပြန်ခေါ်လို့ ပြန်သွားတာတွေရှိတယ် တစ်ချို့ကလည်း မလေးရှား ပိတ်ထားတာသိနေတော့ တရားမဝင် မသွားချင်လို့
အေဂျင်စီ ကို သွင်းထားတဲ့ ပိုက်ဆံ တွေ ပြန်တောင်းကျတယ် ဒါပေမယ့် အေဂျင်စီက ဟိုနေ့ပေးမယ်ဒီနေ့ပေးမယ်နဲ့  အခုထိ ငွေသွင်းထားတဲ့ တစ်ဝက်တောင်ပြန်ရတဲ့သူမရှိဘူး""လို့ ကိုယ်တွေ့ကြုံရတဲ့အလုပ်သမားကပြောပါတယ်။

မလေးရှား နိုင်ငံ အနေနဲ့ မေလ ကုန် ကနေ စတင်ပြီး နိုင်ငံခြားသားလုပ်သား ဝင်ရောက်ခွင့် ကို ယာယီ ပိတ်ထားကာ လက်ရှိအခြေနေ ထိ  ဖွင့်မယ့်ရက်ကို ကြေညာသေးတာမရှိသေးဘူးလို့ သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026